Arc[3.5]

1.3K 128 0
                                    

[Unicode]

Dario တစ်ယောက် baby ကိုစခန်းကနေရာတွေလိုက်ပြနေတုန်း စခန်းကို မနေ့ကမှရောက်တဲ့သူတစ်ယောက် လမ်းပျောက်နေလို့ထင်တယ် ကိုယ့်ကိုလာမေးတော့ ကိုယ်လဲလမ်းကိုညွှန်ပြလိုက်တော့ ကျေးဇူးတင်ကာထွက်သွားတော့သည်။ ကိုယ်လဲ ထိုသူထွက်သွားတာနဲ့ baby ကိုကြည့်လိုက်တော့ ကိုယ်နဲ့ခပ်လှမ်းလှမ်းမှာပဲ့ တစ်ခြားယောက်ျားလေးတစ်ယောက်ရဲ့ လက်က baby ခါကိုကိုင်ထားပြီး baby ကိုကြည့်နေတာတွေ့လိုက်သည်။

ကိုယ်လဲ baby အနားအမြန်သွားကာ baby ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တော့ baby ကကိုယ့်ကိုကြည့်လာလေသည်။ ကိုယ်လဲ baby ကိုရင်ခွင်ထဲမြှပန်ထုတ်ကာ ထိခိုက်မှုရှိမရှိစစ်ဆေးပြီး baby ကိုမေးတော့ အရှေ့မှာရပ်နေတဲ့ကောင်လေးက ကယ်လိုက်ကြောင်း baby ကပြောလာသည်။

ကိုယ်လဲ အဲတော့မှထိုကောင်လေးကိုသတိရကာ ကြည့်လိုက်တော့ ကိုယ့်သူငယ်ချင်း  Vera ဖြစ်နေတာကိုတွေ့လိုက်ရတော့သည်။ ကိုယ်လဲ စမ်းသပ်ခန်းထဲမဟုတ်ပဲ အပြင်မှာတွေ့လိုက်ရတဲ့သူငယ်ချင်းကြောင့် မေးလိုက်တော့ဖြေဆေးအတွက် လိုအပ်တာထွက်ရှာရန်ထွက်လာကြောင်းသိလိုက်ရသည်။

တစ်ဆက်တည်းမှာပဲ့ Vers ရဲ့ baby အပေါ်ကြည့်တဲ့အကြည့်တွေက ကိုယ်လိုပဲ့ဖြစ်ကြောင်းသိလိုက်ရတော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဒေါသကိုမနည်းထိန်းလိုက်ရသည်။ ကိုယ့်ရဲ့ကြမ်းတမ်းတဲ့ပုံစံကို baby အားမမြင်စေချင်၍လဲပါသည်။

Vera ထွက်သွားတာနဲ့ ကိုယ်လဲ baby ကိုစခန်းကကျန်တဲ့နေရာတြွေပကာအဆောင်ပြန်အနားယူစေတော့သည်။ ကိုယ်ကတော့  Vera ပြောခဲ့တဲ့ ' ပြန်လာရင်တော့ ငါ့တို့ကြား၁ခုခုကိုဖြေရှင်းရလိမ့်မယ်ထင်တယ် ပြန်လာမှပဲ့ဖြေရှင်းကြတာပေါ့ ' ဆိုတဲ့စကားကိုသာကြားရောင်နေမိတော့သည်။

ကိုယ်လဲအဲဒီအတွေးကိုခနထုတ်ကာ စခန်းရဲ့ လေ့ကျင့်ရေးကွင်းထဲသို့လာပြီး ကိုယ်လို 'တိုက်ခိုက်သူ' တွေကိုလေ့ကျင့်ပေးနေတော့သည်။ ကိုယ့်အတွက်ကတော့ ဒီလိုတိုက်ခိုက်မှုတွေကို ၄နှစ်သားအရွယ်ကတည်းကထိတွေ့ခဲ့ရတော့ ထွေထွေထူးထူးလေ့ကျင့်နေစရာမလိုပေ။

A System For Lazy PeopleWhere stories live. Discover now