မြတ်မောင်တစ်ယောက်အိမ်ကိုပြန်ရောက်တဲ့အခါမှာ သီချင်းလေးတညည်းည်းနဲ့လုပ်နေလေရဲ့။အကြောင်းမှာတော့သူ့ကိုကိုကိုမနက်ဖြန်တွေ့ရတော့မယ်လေ။အဲ့တော့သူအရမ်းပျော်နေရတယ်။ခင်ဗျားတို့လည်းခံစားဖူးမှာပါ မချစ်တတ်တဲ့လူရယ်လို့တော့မရှိပါဘူး မချစ်ဖူးသေးတဲ့လူပဲရှိတာ အဲ့တာကလည်းလူနည်းစုပါ။ အရွယ်ရောက်ပြီးသားလူတွေမှာအချစ်နဲ့ကင်းကွာနေတယ်လို့မရှိပါဘူး။ ဘုန်းကြီးတွေ သီလရှင်တွေကတော့ချွင်းချက်ပေါ့ဗျာ။ကျုပ်ကိုကို့ကိုသိပ်ချစ်တယ် ကိုကို့ကိုမတွေ့ရတာ ၁၅နှစ်ကျော်ကြာနေတာတောင်ကိုကို့ကိုတစ်ရက်မှမမေ့ခဲ့ဘူး ငယ်ငယ်ထဲကမှတ်မိတဲ့ကိုကို့ပုံလေးကိုပဲကြည့်ပြီးစိတ်ကူးယဥ်ခဲ့ရတာ အခုထိဘယ်လုိပုဟစံမှန်းလဲမသိသေးပါဘူးဗျာ။ဒါတောင်ရင်ဘက်ထဲကကောင်ကကျုပ်ပါးစပ်ကကိုကိုဆိုတဲ့နာမ်စားထွက်လိိုင်တာနဲ့ရင်တွေခုန်လာပါရော။နှုတ်ခမ်းတွေကလည်းသူ့အလိုလိုကိုကော့ညွှတ်တက်လာရော။ဒါကတော့ကိုကို့အကြောင်းတွေးတိုင်းဖြစ်နေကြပေါ့ဗျာ။ ကျနော့်ရဲ့အားနည်းချက်လို့လဲပြောရမယ်ထင်ပါရဲ့။ကိုကိုသာကျနော့်ကိုမြင်ရင်ဖြစ်လာမဲ့ရုပ် သူပေးခဲ့တဲ့ကတိကိုသာတည်ရမယ်မှန်းသိသွားရင်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုကျနော်အရမ်းစိတ်၀င်စားနေပြီ။ငယ်ငယ်တုန်းကလိုမျိုးကြောက်သွားမလား ဒါမှမဟုတ် သူ့ကိုမုန်းတီးသွားမလား သူ့ထက်ချစ်ရမဲ့သူကစောပြီးရောက်လာမလားဆိုတာကိုတော်တော်သိချင်နေပြီလေ။ခုတော့ကိုကို့အကြောင်းကိုခေါင်းထဲကခဏထုတ်ပြီး ရေချိုးထမင်းစားရအုံးမယ်။ပြီးရင်ဟိုမတည့်အတူနေနှစ်ကောင်ကိုလည်းအဆင်ပြေအောင်လှုပ်ပေးရအုံးမှာ။ကျနော့ရဲ့သူငယ်ချင်းအရင်းကို တပည့်ဖြစ်သူကသဘောကျနေမှန်း ကျုပ်သိတာပေါ့။သူ့မျက်လုံးတွေထဲမှာ နောင်မိုခန့်ကိုမြတ်နိုးနေတဲ့အကြည့်တွေတစ်ခြားသူနဲ့စကားပြောနေတဲ့ချိန်ကြရင်ဒေါသတွေကိုထိန့းချုပ်ထားရတဲ့အတိုင်းဖြစ်နေတာကိုကျနော်သိပြီးပြီ။ NY ကတကယ်ကိုကျနော့သူငယ်ချင်းကိုသဘောကျနေတာ။ကောင်းပါတယ်လေ NY. ကအလုပ်လုပ်တဲ့နေရာမှစေ့စပ်သေချာပြီးတော့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာနဲ့ရောတတ်တဲ့သူမဟုတ်လို့ပြီးတော့ကျနော့်သူငယ်ချင်းကိုလည်းတစ်ကယ်ချစ်မှာပါ အဲ့ကောင်ကဟိုမှာကတည်းကခြေရှုပ်တဲ့သူမှမဟုတ်ပဲ။မိဘတွေက အမေကမြန်မာ အဖေက နိုင်ငံခြားသားဖြစ်တဲ့အတွက် သူ့အဖေကသူ့တို့သားအမိကိုထားခဲ့တာလေ NY. သိတတ်တဲ့အရွယ် ၁၁နှစ်လောက်ကြတော့ သူ့အမေကဆုံးသွားခဲ့တယ်။အဲ့တာနဲ့ဖေဖေတို့ကပဲမွေးစားလိုက်တယ်ဆိုပါတော့။သူကကျနော့ညီလေးလိုပဲ။အရိပ်အကဲနားလည်ပြီးသိတတ်တဲ့ကောင်လေးတစ်ယောက်။ခုတော့သူအချစ်နဲ့ထိတွေ့သွားပြီဆိုတော့ သူ့ဘ၀အဆင်ပြေအောင်နောက်ကပံ့ပိုးဖို့ပဲကျန်တော့တာပေါ့။ကဲပါလေသူတို့ကိုတစ်အိမ်ထဲထားပြီး နီးစပ်အောင်လုပ်ပေးရမှာပေါ့ ဒီbossက။မြတ်မောင်အတွေးတွေလက်စသတ်ပြီးအပေါ်ထပ်ကဆင်းလာခဲ့တယ်။အောက်ရောက်တော့ဟိုမတည့်အတူနေနှစ်ကောင်ကကိုက်ကြပြန်ပြီထင်ပါရဲ့ ဆိုဖာရဲ့ဟိုဘက်စွန်း ဒီဘက်စွန်းမှာထိုင်နေကြလေရဲ့။ဒီကောင်တွေညားပြီးရင်ဘယ်လိုလုပ်ကြမလဲမသိဘူး အခုတောင်အမြဲကိုက်နေတာ။
"မင်းတို့ဘာတွေဖြစ်ထားကြပြန်ပြီလဲ ဟှောင့်မိုမိုကောင်မင်းကရော ငါဒီနေ့မှပြန်လာတာပါကွာ မင်းကအဆင်ပြေအောင်မနေဘူးလား"
"လိလား ငါ့ကိုလာမပြောနဲ့ မင်းရဲ့အစုတ်ပလုတ်တပည့်စုတ်ကိုပြောလေခွေး၀ဲစားရဲ့ ငါ့အဖေကြနေတာပဲ လိုက်ပြောနေတာ ငါ့ဖေတောင်ငါ့ကိုအဲ့လိုမပြောခဲ့ဘူး ခွေးကောင်"ဟုမိုခန့်တစ်ယောက်ပွစိပွစိလုပ်နေလေသည်။
"ခင်ဗျားအဲ့မှာရွဲ့စောင်းပြောမနေနဲ့ လာတုန်းကကြားတဲ့သတင်းကဘာတဲ့ လူ့ကျောက်ရုပ်ဆိုပဲ ဟိုမိန်းကလေးနဲ့ကြတော့ရီနေလိုက်တာ မိုးမမြင်လေမမြင် ပါးစပ်ကနားရွက်တပ်ချိတ်ပြီး သွားတွေပါကျွတ်ထွက်လာမဲ့အတိုင်းပဲ ခင်ဗျားအနေအထိုင်ဆင်ခြင် ကျုပ်ထပ်မပြောဘူး"
"ဒီကောင်ပြောလေဆိုးလေပါလား ငါထထိုးလိုက်ရ မင်းကောင်မင်းပြောအုံး ခွေး၀ဲစားမြတ်မောင်ရဲ့ အဲ့မှာသေမလိုပဲထိုင်ရီမနေနဲ့"
"အေးပါကွာ မရီတော့ပါဘူး မင်းတို့အချစ်စမ်းနေတာကြည့်လို့ကောင်လို့ပါကွာ ဟား"...."
"မင်း ...... ဘယ်လိုကျက်သရေတုံးကောင်တွေနဲ့လာတိုးနေလဲမသိဘူး အကုသိုလ်ပဲ ဟှောင့်မြတ်မောင် ငါ့လက်သီးကလူမရေွးဘူးနော် boss ဆိုပြီးလည်းမညှာဘူး"
"အေးပါကွာ စတာပါဟ မင်းတို့ကိုပြောစရာရှိလို့ငါဆင်းလာတာ"
"ပြောဘာကိစ္စလဲ" "ဟုတ်ကဲ့ boss"
"မင်းတို့သိတယ်မလား နောက်မကြာခင်ရက်အတွင်း ကိုကိုငါ့အိမ်ရောက်လာတော့မှာ အဲ့တာငါနဲ့ကိုကိုနှစ်ယောက်ပဲနေချင်တယ် မင်းတို့နှစ်ကောင်တစ်ခြားမှာနေဖို့ပြင်ထား"
"ဘာ..... မင်းပြန်ပြောလိုက်စမ်းမြတ်မောင်စုတ် ငါကအိမ်ပေါ်ကဆင်းပေးရမှာ မင်းကိုကိုလာမှာမို့လို့ဟုတ်လား တကယ့်လင်တရူးပဲ ငိုးမသားလေ ငါ့ကိုတောင်နှင်ချနေပြီ ဖေဖေရေလာကြည့်ပါအုံး ဒီခွေးကောင်ကသားကိုအိမ်ပေါ်ကနှင်ချနေပြီဗျ"
"ဟိတ်လူနားငြီးတယ် ခင်ဗျားအော်မနေနဲ့ boss ပြောတာမပြီးသေးဘူး လူမှုရေးမသိတတ်ဘူး လူကြည့်တော့အသက်၂၀ကျော်နေပြီ ဦးနှောက်ကသူငယ်တန်းဦးနှောက်နဲ့"
"တော်ကြာပါတော့ကွာ ငါဆက်ပြောလို့ရပြီလား မင်းတို့ပြီးမှကိုက် အလုပ်နဲ့နီးတဲ့ ကွန်ဒိုမှာမင်းတို့နေဖို့စီစဥ်ပေးထားတယ်အဲ့မှာအကုန်အဆင်သင့်ရှိတယ် မင်းတို့နေရုံပဲ"
"အော် ရပါတယ်အဲ့တာဆိုလည်း ငါတစ်ယောက်တည်းလဲအရင်ကနေနေကြပဲကိစ္စမရှိပါဘူး"
"ဟှောင့်မင်းကို တစ်ယောက်တည်းနေရမယ်လို့ငါပြောလိုက်လို့လား"
"အဲ့တာဆိုမင်းကငါ့ကိုဘယ်သူနဲ့ထားမှာလဲ ငါ့မှာမိန်းမမရှိဘူးနော် ပြီးတော့ကောင်မလေးကိုတောင်လိုက်နေတုန်း မင်းချိတ်ပေးတာနဲ့မယူနိုင်ဘူး"
"ဒီကောင်ကအတော်စကားများတဲ့သာလိကာပဲ လူ့ကျောက်ရုပ်လို့နာမည်ပေးမိတာငါမှားပြီ မင်းကိုမိန်းမလည်းမချိတ်ပေးပါဘူးကွာ"ဟုပြောလိုက်လေသည်။
သူနဲ့မိုမိုစုတနဲ့စကားပြောနေတာကို NY ကတော့၀င်ပြောချင်းမရှိပဲငြိမ်ပြီးသာနားထောင်နေလေသည်။သူလည်းအိပ်ချင်နေပြီမို့ လိုရင်းသာပြောခဲ့ပြီးအပေါ်သာတက်ခဲ့လိုက်သည်။ဒါပေမယ့်သူလှေကားနားရောက်ခါနီး နောင်မို့ခန့်ဆဲရေးအသံကြောင့်မျက်ခုံးပင့်မိသွားသည်။ငါပြောခဲ့တာဆဲစရာပါလို့လားလို့တောင်စဥ်းစားမိသွားသည်။မြတ်မောင်ပြောလိုက်တာက
"မင််းကိုလည်းတစ်ယောက်ထဲမနေခိုင်းပါဘူး ငါ့ညီတပည့် NY နဲ့တစ်အိမ်ထဲနေခိုင်းမှာ နောက်လည်းတူတူနေရမှာပဲလေ ကြိုကျင့်သားရအောင်လုပ်ထား" ဆိုသောစကားကြောင့်ငြိမ်နေတဲ့NY ပါ "ဗျာ "ဟုတပြီးမျက်လုံးပြူးသွားတာတွေ့လိုက်ရသေးသည်။ဘေးနားကတကောင့်သားကိုတော့ သူ့ကိုမိုးမွန်နေအောင်ဆဲနေတော့သည်။

YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...