နောင်မိုခန့်တစ်ကောင် အခန်းထဲကဒေါသတကြီးထွက်သွားတာကိုရီပြီးသာကြည့်နေလိုက်သည်။ပထမတစ်ရက်ပဲရှိသေးတယ် လူ့ကျောက်ရုပ်ရဲ့ဒေါသတကြီးရန်လာရှာတာကိုခံလိုက်ရပြီ ဟိုကောင်ကလည်းဂုိဏ်းမှာဆိုလူသတ်တော့မဲ့အမူအရာနဲ့သာအမြဲတမ်းနေပြီး ဒီကောင့်ကိုကြမှဘယ်လိုတွေစလိုက်လဲမသိဘူး လူကျောက်ရုပ်တောင်ဒေါသထွက်တတ်နေပြီ။မြင်ယောင်နေပါတယ်မကြာပါဘူးအဲ့ကောင်နှစ်ကောင်ညားတော့မှာ။ညားတော့လည်းဘယ်တတ်နိုင်မလဲ နောက်ကောင်လုံးကို boss တစ်ယောက်အနေနဲ့သူက ဂုဏ်ပြုပေးရုံပေါ့။သူ့အတွက်မြန်မာပြည်ပြန်လာတာကမှန်သွားပြီနဲ့တူပါတယ် ပြန်ရောက်တာတစ်ရက်ပဲရှိသေးတယ်အပြုံးတွေနဲ့ဖြစ်နေရပြီ။သူ့ကိုကိုနဲ့သာဆိုသူအမြဲတမ်းပြုံးနေရမှာ။"မောင်ကိုကိုနဲ့တွေ့ရဖို့တစ်နာရီလေးတောင်မစောင့်နိုင်တော့ဘူး ကိုကိုရာ" ဟုအပြုံးလေးဖြင့်ပြောလိုက်လေတော့သည်။အတွေးတွေကိုလက်စသတ်ကာ NY ဆီဖုန်းဆက်ပြီး အလုပ်ပြန်ဖို့ပြောရမည်။"NY အခုအိမ်ပြန်မယ် မင်းရော မင်းအချစ်တော်လေးပါတစ်ခါထဲပြန်လိုက်ခဲ့ရမယ် ဒီနေ့၀န်ထမ်းတွေကိုရုံးစောဆင်းခိုင်းလိုက်မနက်ဖန်ကျရင် ဌာနတိုင်းကိုငါလိုက်စစ်မယ်လို့အသိပေးထားလိုက်"
NY. "ဟုတ်ကဲ့ပါ boss ကျွန်တော်အခုပဲကြေညာပြီးတော့ လူ့ဂွစာကိုလိုက်ရှာပြီးခေါ်လာခဲ့ပါမယ်"
"အေးပါကွာ အေးပါ အခြေအနေကောင်းပြီဆိုပြော ငါတောင်းပေးမယ်"
"အာ boss ကလည်းဗျာ ဘာတွေပြောနေမှန်းမသိ"ဟုဆိုကာအမြဲသူ့ဖုန်းချတဲ့ထိကိုင်ထားတဲ့ကောင်ကဒီနေ့သူ့အပြောကိုမစောင့်တော့ဘဲဖုန်းကိုအရင်ချသွားလေသည်။အဲ့ကောင်ခုလောက်ဆိုရှက်ပြီး နောင်မိုခန့်ကိုသွားရှာနေလောက်ပါပြီ။သူလည့်၀တ်ထားတဲ့ suit ကိုအနည်းငယ်ပြင်ပြီး မနက်ဖြန်ကိုကိုနဲ့တွေ့ရဖို့ဒီနေ့သူအားတွေရှိနေရမယ်လေ။အဲ့တော့အိမ်စောစောပြန်ပြီးအနားယူရမည်။ကိုကိုကသူ့ကိုမြင်ရင်ဘယ်လိုပုံစံမျိုးနဲ့တုံ့ပြန်မလဲသူအရမ်းသိချင်နေပြီ။ကိုကိုကရောသူ့လိုပဲတစ်ယောက်တည်းနေပြီးကတိတည်နေရဲ့လားဆိုတာလည်းသူသိချင်နေပြီ။ဖြစ်နိုင်ရင်အခုပဲသွားတွေ့လိုက်ချင်သည်လေ။ဒါပေမယ့်ကိုကို့အကြောင်းစုံစမ်းပြီးမှကိုကို့ကိုတွေတာပိုပြီးကောင်းမယ်လို့သူထင်သည်။ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ပါလေ တစ်ချိန်ချိန်ကြရင်ကိုကိုကသူ့အပုိင်ပဲဖြစ်မှာပဲ။တွေးနေတာထက်လက်တွေ့ကြရင်ကိုကို့ကိုစိတ်ချမ်းသာအောင်ထားနိုင်ရမည်ကအရေးကြီးသည်။ကိုကိုကသူ့ကိုချစ်ရမည်။သူရုံးကပြန်လာရင်အမောပြေထွက်ကြိုပေးရမည်။အ၀တ်အစားအသင့်ပြင်ပေးထားရမည်။သူကြိုက်တတ်တဲ့ကော်ဖီလေးဖျော်ပြီးလာပို့ပေးရမည်။စိတ်ပင်ပန်းလာတဲ့အခါသူ့ကုိ ကိုကိုကရင်ခွင်ထဲထည့်ပေးထားရမည်။ဒါတွေလုပ်ပေးမယ့်ကိုကို့ပုံစံကိုသူအရမ်းမြင်ချင်နေပြီ။ကိုကို့ကိုလည်းအရမ်းကိုပဲပွေ့ဖက်ချင်ပြီ။နမ်းရိှုက်ချင်နေပြီ။ကိုကို့ကိုလိုလေစိတ်မရှိအောင်သူထားချင်နေပြီလေ။ကိုကို့ကသူ့အတွေးတွေအကုန်လုံးကိုစိုးမိုးထားတာကဲ။၁၅နှစ်လောက်ကွာေ၀းလာခဲ့တာတောင်နေ့တိုင်းကိုကိုကသူ့အတွေးထဲမှာအမြဲရှိနေသည်လေ။သူများတွျအမြင်မှာတော့ဒါကိုရူးမိုက်မှုလို့ထင်နိုင်ပေမယ့်သူ့အတွက်ကတော့ ရူးမိုက်မှုဆိုရင်တောင်ပျော်ရွှင်စရာရူးမိုက်မှုတစ်ခုပဲဖြစ်လိ်မ့်မည်။အဲ့လောက်ထိ သူသည်ကိုကို့ကိုမြတ်နိုးရပါသည်။

YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...