မြတ်ဘုန်းနောင်pov: ဘာလိုလိုနဲ့ဒီနေ့ဆို သူတို့မိသားစုခရီးထွက်လာလိုက်တာအခုဆို 6ရက်မြောက်နေ့ပင်ဒီနေ့ရန်ကုန်ပြန်ပြီး မနက်ဖြန်မှာ မ နဲ့သမီးလေးနဲ့ကိုထားခဲ့ကာဟိုကောင့်နောက်လိုက်ရတော့မည် ကလောရဲ့ဆောင်းရာသီဟာ အလွန်အေးပေမယ့် ကျနော့်မှာတော့အအေးဒဏ်ကိုပါမေ့ပျောက်နေပြီး မ နဲ့ သမီးလေးနဲ့အနားမှာသာ အချိန်ပြည့်နေနေမိသည်။ ဒီကပြန်ရင်သမီးလေးနဲ့မိန်းမနဲ့ကိုနှစ်ယောက်ထဲထားခဲ့ရပြီး 15နှစ်ကြာမှပြန်ပေါ်လာတဲ့လူနောက်လိုက်ကာ ငရဲခန်းထဲရောက်တော့မည်မဟုတ်လား။ သမီးလေးနဲ့အတူစတော်ဘယ်ရီခင်းတွေသွားကာ စတော်ဘယ်ရီသီးတွေလုခူးခဲ့တဲ့အချိန် မ နဲ့သမီးလေးကိုဆိုက်ကယ်ပေါ်တင်ကာ မြို့အနံ့လျှောက်သွားပြီး ပျော်ရွှင်ခဲ့ရတဲ့အချိန်ဟာ ဒီနေ့နောက်ဆုံးပါပဲ နောက်ရက်များမှာတော့ကျနော်ဟာ လောကကြီးမှာ တက်လမ်းပျောက်ဆုံးနေတဲ့လူတစ်ယောက်ဖြစ်တော့မှာအသေအချာပင်။ဘယ်တုန်းကမှကျနော့်ကို အလုပ်မထွက်ဖို့ သူတို့အလုပ်မှာသာလုပ်ဖို့ တဖွဖွပြောနေတဲ့သူဌေးဟာ မနေ့ကပင် ကျနော့်ကိုဖုန်းဆက်ကာ ကုမ္ပဏီမှတရား၀င်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ထုတ်လိုက်ရလို့စိတ်မကောင်းကောင် စသည်အကြောင်းအရာများပြောကြားလာခဲ့သည်။ဒါဟာလည်း မင်းမြတ်မောင်မောင်ဆိုသောကောင်ကြောင့်ဖြစ်မည်ထင်သည်။အလုပ်ထွက်မယ်ပြောရင်တောင်အိမ်ထိလိုက်ပြီးမထွက်ဖို့ခဏခဏပြောတဲ့သူဌေးဟာ ဘာအမှားမှမလုပ်ထားပါဘဲ ကျနော့ကိုအလုပ်ထုတ်သည်ဆိုတာမဖြစ်နိုင်ပါ ဖိအားတစ်ခုခုကြောင့်သာမလွှဲသာမရှောင်သာထုတ်ပစ်လိုက်ရတဲ့အခြေအနေမှန်းကျနော်သေချာပေါက်နားလည်ပါသည်။ မ ကတော့ကျနော်စိတ်မကောင်းဖြစ်အောင် တစ်လျှောက်လုံးအလုပ်လုပ်လာခဲ့သမျှအခုခဏနားတယ်ဟုတွေးထားလိုက်လို့သာပြောရှာလေသည်။ သူမကြည့်ရတာလည်းအတော်လေးကို၀မ်းနည်းနေရှာပုံပင်။ ကျနော်ကိုယ်တိုင်လည်းအတော်ပင်ခံစားခဲ့ရပါသည်။စိတ်ကိုယ်ကြိုတင်ပြင်ဆင်ထားဖို့ကြိုးစားတိုင်းအခါခါပြိုလဲခဲ့ရပြီး ကျလာသောမျက်ရည်များကို မ မြင်တဲ့အခါသူမရဲ့စိတ်မကောင်းပြီးသူမကိုယ်သူမအပြစ်တင်နေတဲ့စကားသံတွေကိုပါကြားရတဲ့အခါ ကျနော့်မှာပိုပြီးပြိုလဲခဲ့ရပါတယ်။မ ရဲ့ရှေ့မှာလည်းခဏခဏမငိုချင်ပါ။ကျနော်ဟာ ကျနော့်မိန်းမအတွက်အားကိုးရတဲ့ယောကျာ်းတစ်ယောက်သာဖြစ်ချင်ပါသည်။အမြဲတမ်းရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးနိိုင်မဲ့လူမျိုးသာဖြစ်ချင်သည်။ကျနော်ပြိုလဲနေတဲ့ပုံကိုထုပ်မပြချင်တော့ပါ။တွေးနေမိရင်းကျလာတဲ့မျက်ရည်တွေကိုလက်ဖြစ်သုတ်ကာ ကလောရဲ့ဆောင်းရာသီမြင်ကွင်းကိုကြည့်နေမိသည်။ထိုအချိန်မှာပဲ မ ကကျနော့အနားရောက်လာကာ " မောင် တွေးပြီး၀မ်းနည်းနေပြန်ပြီလားဟင် မောင်အဲ့လိုတွေးနေတာကမောင့်အတွက်ပိုပင်ပန်းတယ်လေမောင်ရယ် မေအရာအားလုံးနားလည်ပေးပါတယ်သမီးလေးကိုလည်း မေ သေချာပြောပြထားမှာပါ မောင်သာဟိုရောက်ရင်ဂရုစိုက်နော် " လို့ပြောလာတဲ့သူမဟာ အရာရာကိုအကောင်းမြင်တတ်ပြီး အမြဲအေးချမ်းနေပါတယ် သို့သော် သူမရဲ့၀မ်းနည်းမှုကိုလည်းကျနော်မြင်တွေနေရသည်။ ကျနော်မဘက်ကိုလှည့်ထိုင်ပြီး မ ရဲ့လက်ကလေးကိုကိုင်ကာ မ ရဲ့မျက်လုံးတွေကိုကြည့်ရင်း " မေ မောင်မင်းတို့သားအမိနဲ့မခဲွချင်ဘူးမေရယ် မောင်တို့ဒီကနေထွက်ပြေးကြရအောင်လားဟင် မောင့်နောက်ကိုလိုက်ရဲလားမေ "
"အုိ မောင်ရယ် မဖြစ်နိုင်တာတွေလေ မောင်ထွက်ပြေးတော့ရော သူလက်ကမေတို့မိသားစုလွတ်မှာတဲ့လည်း အခုနေနေတာသူစီစဥ်ပေးတဲ့နေရာပဲလေ သေချာပေါက်သူလည်းဒီဒေသကိုရောက်နေမှာ ထွက်ပြေးကြတဲ့အခါ မောင့်ကိုသူတစ်ခုခုမလုပ်နိုင်ဘူးလို့မောင်မပြောနိုင်ဘူးလေ မောင့်ရဲ့အတွေးတွေကမှားနေပါပြီမောင်ရယ်"
"ကျနော်.... ကျနော်တကယ် မခွဲချင်ဘူးမရယ် မ အပေါ့ယောကျာ်းကောင်းတစ်ယောက်ရဲ့တာ၀န်တွေကကျေပွန်ချင်သေးတယ် သမီးလေးတွက်လဲ ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်သေးတယ်။ ကျနော်တစ်ကယ်ခွဲနိုင်မယ်မထင်ဘူး"
"မောင်ရယ်... .......... "ဟုပြောကာသူမဟာကျနော့်ရဲ့ရင်ခွင်ထဲကိုတိုး၀င်လာခဲ့သည်လေ။ ကျနောလည်းတစ်ယုတယဖက်ကာ မျက်ရည်များတိတ်တဆိတ်ကျမိပါသည်။ ထိုအချိန်မှာပဲ၀န်ထမ်းကောင်လေးက " အကိုတို့ခဗျ အခုဆိုအကိုတို့ဘိုကင်တင်ထားတဲ့အချိန်ဟာပြည့်သွားပါပြီး ဆက်နေမယ်ဆိုရင်တော့ reception မှာရက်တိုးလေးလုပ်ပြီး မနေဖြစ်တော့ဘူးဆိုရင်တော့ ခဏနေရင်အခန်းသန့်ရှင်းရေလာလုပ်တော့မှာမို့ ဘယ်လိုလုပ်ချင်လဲမသိဘူးခင်ဗျ"
"ဟုတ်ကဲ့ကျနော်တို့ဒီနေ့ပြန်မှာပါ ၀န်ဆောင်မှုတွေကောင်းခဲ့လို့ကျေးဇူးပါဗျ" ဟုဆိုကာ ပြန်ဖို့လုပ်ရသည် ကိုယ်တိုင်ပဲကားမောင်းလာခဲ့တာမို့လို့ ခုလည်းကျနော်ကိုယ်တိုင်ပဲအပြန်ကိုမောင်းရမည်လေ။အထုတ်တွေကားပေါ်တင်ပြီး မ နဲ့သမီးလေးနဲ့ကိုပြန်ခေါ်ကာ ကားစီအလာ ကားနာကလူစိမ်းတစ်ယောက်ဟာ " မင်္ဂလာပါ အကိုလေးခင်ဗျ ကျနော်က သခင်လေးမင်းမြတ်မောင်မောင်လြတ်လိုက်တာပါ အကိုလေးတို့ရန်ကုန်ပြန်ဖို့အတွက် ကောင်းမောင်းဖို့အတွက်ပါခင်ဗျ " ဟုပြောလာသောလူကိုတစ်ချကာကြည့်ကာ ဒီကောင်ကအရာရာကိုသေချာလုပ်နိုင်တာပဲဟုတွေးမိသွားသည်။ကျတော်လည်းရှေ့ကလူကိုပြောမနေတော့ဘဲ သမီးလေးကိုချီကာကားနောက်ခနကိုသာ မ နဲ့ အတူ၀င်ထိုင်လိုက်သည်။ တစ်ဖြည်းဖြည်းနဲ့ ခရီးလမ်းဟာ မိမိဒေသကိုပြန်ရောက်ဖို့နီ့သထက်နီးလာလေပြီ။ နောက်ဆုံး ရန်ကုန်မြို့ကကြိုဆိုပါ၏ဆိုတဲ့ဆိုင်းပုဒ်ကိုမြင်တဲ့အခါ ဒီရက်ကစပြီး သူဟာ ငရဲခန်းထဲကိုစရောက်တော့မည်ဆိုတာသိလိုက်ခဲ့ရသည်။

YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...