မြတ်မောင်အိမ်ရှေ့တွင်ကိုကို့ကိုထားခဲ့ပြီး ဧည့်ခန်းထဲကိုသာလာထိုင်လိုက်တော့သည်။ ကိုကိုရဲ့မျက်ရည်တွေကိုမမြင်ချင်တာကြောင့်လဲပါတာပေါ့။ခုံတစ်ခုံမှာ၀င်ထိုင်ရင်းတီဗီကိုသာကြည့်နေလိုက်တော့သည်။15မိနစ်လောက်ကြာသိအထိကိုကိုဟာအိမ်ထဲကို၀င်မလာပါ။နာရီကြည့်တော့လည်းညစာစားရမဲ့အချိန်ကိုရောက်နေပြီလေ။ထို့ကြောင့်ထမင်းစားခန်းထဲကိုလှမ်းကြည့်လိုက်တော့ အိမ်အကူမလေးကသူတို့ထမင်းစားဖို့ပြင်ဆင်နေသည်ကိုတွေ့ရသည်။ထိုကလေးမအားလှမ်းခေါ်ကာ
"ဟိတ်လာအုန်း "သူခေါ်တော့အဲ့ကလေးမကအူတူတူမျက်နှာနဲ့မော့ကြည့်လာသည်။ပြီးမှ "ကျွန်မကိုခေါ်တာလားသခင်လေး "ဟုပြန်ဖြေလာသည်။အိမ်တော်ထိန်းကြီးလည်းဘယ်လိုအူကြောင်ကြားတွေကိုခန့်ထားလဲမသိသူကိုယ်တိုင်ကလည်းအိမ်ကိစ္စမှန်သမျှအိမ်တော်ထိန်းနဲ့သာလွှဲထားတော့ ဘာမှ၀င်မစွပ်ဖက်ဖြစ်ပါ။
"နင်ပဲရှိတာလေ နင့်ကိုခေါ်တာပေါ့ သွား အိမ်ရှေ့မှာငိုနေတဲ့နင့်အကိုလေးကိုထမင်းစားဖို့သွားခေါ်လာခဲ့"လေသံမာမာနဲ့ပြောလိုက်တော့မှ ကြောက်ကြောက်နဲ့
"ဟုတ် ဟုတ်ကဲ့ အကိုလေး "လို့ပြောကာပြေးထွက်သွားသည်။အစထဲကစိတ်ရဲ့အခြေအနေကမကောင်းပါဘူးဆိုသူ့ကြောင်ထပ်ပြီးဒေါသထွက်ရပြန်ပြီ။သူလည်းတီဗီကိုသာအကြည့်ပြန်ပို့ထားလိုက်သည်။ မကြာဘူး ခုံနားသို့ပြန်ရောက်လာကာ "သခင်လေးရှင့် အကိုလေးက အစားချင်သေးပါဘူးလို့ပြောလိုက်ပါတယ်ရှင့် "
"သူပြောတိုင်းနင်ကပြန်လာစရာလား ရအောင်ခေါ်လာလေ သွား သွားပြန်ခေါ် ထမင်းစားကိုစားရမယ်လို့"
"ဟုတ်ကဲ့သခင်လေး" အိမ်အကူမလေးမှာလည်းသခင်လေးနဲ့အကိုလေးရဲ့ကြားဗျာများနေရလေပြီ။ သူလည်းမထူးတာမို့အကိုလေးဆီသာပြန်လာကာ "အကိုလေးရှင့် သခင်လေးကလေ ထမင်းစားကိုစားရမယ် အထဲကို၀င်လာခဲ့ပါတဲ့ရှင့် "လို့သူမပြောလိုက်တော့အကိုလေးကမော့ကြည့်လာသည်။ငိုထားလို့ထင်တယ်မျက်နှာတစ်ခုလုံးရဲပြီးမျက်လုံးသားတွေကအစနီရဲနေသည်။ "ငါမစားဘူးလို့ပြန်ပြောလိုက်ပါကလေးမ ငါခဏနေမှအထဲ၀င်ခဲ့မယ် မင်းတို့သခင်လေးကိုသွားပြောလိုက် "ဟုပြောကာရှေ့ပြန်လှည့်သွားသည်။ဒီနှစ်ယောက်ကြားစိတ်ညစ်ပါတယ်။ တစ်ယောက်ကလည်းအတင်းခေါ်ခိုင်းနောက်တစ်ယောက်ကျတော့လည်းဘယ်လိုခေါ်ခေါ်မလိုက်နဲ့သူကြားထဲကအသက်ထွက်တော့မည်။မထူးတာမို့သူလည်းသခင်လေးဆီသာပြန်ပြေးရတော့သည်။ "သခင်လေး အကိုလေးကလေး ထမလာဘူးလို့ပြောတယ်ရှင့် ဘယ်လိုခေါ်ခေါ်ကိုမရတာပါသခင်လေးရယ်"
မြတ်မောင် pov: မြတ်ဘုန်းနောင်ဟာအရမ်းဆိုးလွန်းပါသည်။သူ့ကိုတမင်သက်သက်ကိုစိန်ခေါ်နေတာပင်။သူ့ဒေါသထွက်ရင်ဘယ်လိုဆိုတာကိုမသိသေးပုံ။ဒီနေ့တော့မြတ်ဘုန်းနောင်ရဲ့ဂျစ်တစ်တစ်အချိုးတွေကိုသူကိုယ်တိုင်ပြောင်းပေးပြီး သူဘာကောင်လဲဆိုတာပါသိအောင်တစ်ခါထဲလုပ်ပေးမည်။ဘေးနားမှာကုပ်ကုပ်လေးရပ်နေတဲ့အိမ်အကူမလေးအားကြည့်ကာ "မင်းသွားတော့ မီးဖိုချောင်ထဲမှာရှိတဲ့အလုပ်သမားတွေပါခေါ်ပြီး အလုပ်သမားအိမ်ရာမှာသွားနေကြ ငါမခေါ်မချင်းပြန်မလာနဲ့ ပြီးရင်အိမ်ထိန်းကိုငါ့ဆီလွှတ်လိုက် "
လို့ပြောလိုက်တော့"ဟုတ်ကဲ့သခင်လေးရှင့်"ဟုပြောကာမီဖိုးချောင်ကိုလစ်ကနဲပြေးထွက်သွားတော့သည်။ထိုကောင်မလေးထွက်သွားပြီးမကြာမှီ အိမ်ထိန်းကသူ့အနားရောက်လာကာ "သခင်လေးခေါ်တယ်ဆိုလို့ ကြီးမေဘာလုပ်ပေးရမလဲ " "ကြီးမေကလည်းသခင်လေးလို့မခေါ်ပါနဲ့ဆိုဗျာ" "အေးပါကွယ် ဒီကအမယ်အိုကြီးကမေ့မေ့နေလို့ ပြောသား ကြီးမေဘာလုပ်ပေးရမလဲ"ဒီနေ့ကြီးမေရဲ့အလုပ်သမားတွေရော ကြီးမေပါ အိမ်တော်ထဲမှာမနေပဲ အလုပ်သမားအိမ်ရာမှာအိပ်လို့ရနိုင်မလား ကျွန်နော်အိမ်ရှေ့ကလူနဲ့ရှင်းစရာတွေရှိေသးလို့"
"ရပါတယ်သားရယ် ဒါပေမယ့်လေ" "ဒါပေမယ့်ဘာဖြစ်လဲဆက်ပြောလေကြီးမေ " "ဟို ကြီးမေပြောချင်တာကလေကြီးမေလည်းအဲ့ကလေးကိုငယ်ငယ်ထဲကတွေ့ဖူးပါတယ် ကလေးလေးကအေးတဲ့ပုံလေးပါကွယ် အရမ်းကြီးတော့ အားငယ်အောင်မလုပ်နဲ့လိုပြောချင်လို့ပါကွယ် " "ကြီးမေ ကျွန်တော်နဲ့သူနဲ့ကိစ္စကို ကျနော်ကပိုသိတာမို့ကြီးမေသူ့ဘက်ကလိုက်မကာပေးပါနဲ့ ကြီးမေနားလို့ရပြီ" "အေးပါကွယ်အေးပါ" ဟုပြောကာကြီးမေကထွက်သွားသည်။ သူအိမ်ရှေ့ဘက်ကိုလျှောက်လာပြီး အ၀င်ပေါက်မှာထိုင်ငိုနေတဲ့လူကို ခပ်စူးစူးစိုက်ကြည့်နေလိုက်သည်။ ထိုလူကတော့သူ့ကိုကျောပေးထားတာကြောင့်သိမှာမဟုတ် သူလည်းအတန်ကြာကြည့်ပြီးမှ "မြတ်ဘုန်းနောင်အိမ်ထဲကို၀င်ပြီးထမင်းစားမယ်ထာတော့ "လို့ပြောတာတောင်ရှေ့ကလူက လှုပ်တောင်မလှုပ်။ မြတ်ဘုန်းနောင်ကသူ့ရဲ့ဒေါသတွေကိုတမင်သက်သက်ကိုစွနေတာပဲ။ သူနားအနောက်ကခေါ်နေရကနေ သူ့အနားသို့လျှောက်သွားကွာ လက်မောင်းကိုအတင်းအကြပ်ဆွဲကာထစေတော့ သူ့ကိုကြည့်တဲ့အကြည့်ကိုရိုက်ပစ်ချင်စရာ။ သူလည်း ကိုကို့မျက်လုံးကိုသေချာကြည့်လျက် "ခင်ဗျားရဲ့အချိုးတွေကို ဒီနေ့တစ်ခါထဲအကုန်အပိုးကျိုးအောင်ကျုပ်ပြင်ပေးမှာမို့ ခင်ဗျားနဲ့ကျူပ်နဲ့ဒီနေ့အတွေ့ပဲ" ဟုပြောပြီး ဧည့်ခန်းထဲသို့အတင်းအကြပ်ကိုလက်မောင်းရင်းကနေဆွဲခေါ်လာခဲ့လိုက်သည်။
VOCÊ ESTÁ LENDO
ကိုကိုကမောင့်အပိုင်
Não Ficçãoဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...