Myat groupသို့အရောက်
နောင်မို့ခန့်နဲ့တကွရုံး၀န်ထမ်းအားလုံးတစ်ယောက်မှမကျန်သူ့အားထွက်ကြိုနေသည်ကိုတွေ့ရသည်။ဖေဖေ့လက်ထက်ထဲကလူအိုကြီးတွေလည်းပါတာပေါ့။ကုမ္ပဏီထဲသို့ခြေအချ"မင်္ဂလာပါ CEO ရှင့်/ခင်ဗျ နွေးထွေးစွာကြိုဆိုပါတယ်" "ကျွန်တော်ကလဲတွေ့ရတာ၀မ်းသာပါတယ် ကျွန်တော့်တို့အလုပ်မှာအလုပ်ကြိုးစားလုပ်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်လည်းအခုလိုကြိုးကြိုးစားစားလုပ်ဖို့မျှော်လင့်ပါတယ် အာလုံးကိုယ့်အလုပ်ကိုယ်ဆက်လုပ်လို့ရပါပြီနောင်မိုခန့်မင်းငါနဲ့လိုက်ခဲ့"
"ဟုတ်ကဲ့ boss"ဟုဆိုကာသူရယ် နောင်မို့ခန့်ရယ် NY ရယ် CEO အခန်းဟုပြင်ဆင်ထားတဲ့ရုံးခန်းထဲသို့၀င်လာခဲ့လိုက်သည်။ရုံးခန်းထဲရောက်တော့"ဟိုနွား မင်းကျောက်ရုပ်အတိုင်းပဲစကားလေးဘာလေးပြောပါအုံးကွ ငါမင်းသူငယ်ချင်းပါကွာ ပြီးတော့ငါ့ကိုအလုပ်ရှင်လိုမဆက်ဆံနဲ့ မင်းကိုမိတ်ဆက်ပေးရမယ် မင်းဘေးကတစ်ယောက်က ငါ့ဟိုမှာနေတုန်းက အတွင်းရေးမှူးပဲ အခုတော့မင်းနဲ့တွဲဖက်လုပ်မှာ သူကဟိုကအလုပ်တွေကိုစီစစ်ရမှာ ပြီးတော့ ငါအပြင်သြားတိုင်းမင်းတို့နှစ်ယောက်အဆင်ပြေပြေနေထားဖို့မျှော်လင့်တယ် သူ့နာမည်က NY ငါတို့ထက်တစ်နှစ်ငယ်တယ်"
"NY အဲ့တာငါပြောတဲ့ နောင်မိုခန့်ပဲ မင်းနဲ့တူတူအလုပ်လုပ်မဲ့သူပဲ သူနဲ့မင်းနဲ့အဆင်ပြေအောင်နေဖို့မျှော်လင့်တယ် မင်းတို့နှစ်ယောက်လုံးသွားလို့ရပြီ ပြီးတော့နှစ်ယောက်လုံးတစ်ခန်းထဲမှာအလုပ်လုပ် နောင်မို့ခန့်မင်းသူ့တွက်နေရာစီစဥ်ပေးလိုက်အုံး NY မင်းကငါနဲ့ခဏနေခဲ့"
NY "ဟုတ်ကဲ့ boss"
နောင်မိုခန့် " အေး ငါသွားပြီ မင်းဘေးကကောင်ကိုပြီးရင် မင်းဘေးကအခန်းကိုလွှတ်လိုက်"
"အေးအေး မင်းသွားတော့ NY ငါမင်းကိုစုံးစမ်းခိုင်းစရာရှိတယ် သူ့နာမည်က မြတ်ဘုန်းနောင် သူ့အကြောင်းကိုလွန်ခဲ့တဲ့15နှစ်ထဲကစသိချင်တယ် အခုထိဘာလုပ်တယ် ဘယ်မှာနေတယ် ကအစ အကုန်သိချင်တယ်ငါ့ကိုမနက်ဖြန်ရအောင်စုံစမ်းပေး ငါမနက်ဖြန်မနက်ဆိုတာနဲ့လိုချင်တယ် ပြီးတော့အဲ့လူနောက်ကိုလူလွှတ်ထား သူ့ရဲ့တစ်နေ့တာကအစငါသိချင်တယ်"
"ဟုတ်ကဲ့ boss ကျွန်တော်အခုပဲစုံစမ်းလိုက်ပါမယ့် လူလည်းလွှတ်ဖို့စီစဥ်လိုက်ပါ့မယ်"
"အေး သွားတော့ ဟိုကောင့်ဆီကိုသွားလိုက် ငါ့သူငယ်ချင်းကကျောက်ရုပ်ဆိုပျမယ့်စိတ်ထားတော့ကောင်းတာမို့ မင်းဘက်ကပဲအဆင်ပြေပြေနေပေးဖို့တောင်းဆိုတယ်ကွာ"
"ဟုတ်ကဲ့ပါboss ဒါဆိုကျွန်တော့ကိုခွင့်ပြုပါအုံး"
"အေး ဟိုကောင့်ဆီရောက်ရင် ငါ့အတွက် ကော်ဖီတစ်ခွက်လောက်ေဖျာ်ခဲ့ပေးဖို့ပြောခဲ့အုံး"
"ဟုတ်ကဲ့boss" ဟုဆိုကာအခန်းထဲကထွက်လာပြီး ဟိုလူဂွစာ လူ့ကျောက်ရုပ်ဆီသာထွက်လာခဲ့လိုက်သည်။အခန်းထဲရောက်တော့"ဟိုလူ ခင်ဗျားကို boss က ကော်ဖီလာပို့ပေးအုံးတဲ့ ပြောလိုက်တယ်"ဟုပြောကာသူ့တွက်ပြင်ပေးထားတယ် ခုံရှေ့၀င်ထိုင်ပြီး boss ခိုင်းထားတဲ့အလုပ်ကိုလုပ်ဖို့ပြင်လိုက်တော့သည်။အလုပ်လုပ်မလို့ပြင်ရုံရှိသေးရှေ့ကလူ့ဂွစာပြောတဲ့စကားကြောင့်သူ့မျက်ခုံးပင့်သွားရသည်။
နောင်မိုခန့် "ဟှောင့် ငါမင်းထက်ကြီးတယ်ကွ ခင်ဗျားတဲ့ယဥ်ကျေးမှုမရှိလိုက်တာ အကြီးကိုအကြီးမှန်းမသိ ငမြတ်တစ်ကောင်ဘယ်လိုလူကိုတပည့်ခန့်ထားလဲမသိဘူး"
NY. "ဟေ့လူ ခဗျားကဘလိုင်းကြီးပါလားဗျ တစ်နှစ်လောက်ကွာတာကို အသက်သုံးဆယ်လောက်ကွာတဲ့လေသံနဲ့ပြောနေတာ boss ကသာ ခင်ဗျားကိုသာဘာကြည့်ခန့်ထားလဲမသိတာ ဆက်ဆံရေးကလည်းညံ့ရုပ်ကလဲသေတော့မယ့်လူလိုမျက်နှာတည်နဲ့ အပေါက်ကလည်းဆုိး ခင်ဗျားကမှလူ့ဂွစာ ခင်ဗျားလို့ခေါ်တာမကြိုက်ရင် ကိုကိုလို့ပြောင်းခေါ်ပေးမယ်လေ ဒါပေမယ့် ကျုပ်ကိုတော့မောင်လို့ခေါ်ရမှာနော်"ဟုရှေ့ကလူ့ကျောက်ရုပ်ကို အမြင်ကပ်ကပ်ဖြင့်ရွဲ့ကာပြောလိုက်သည်။ထိုလူကမျက်နှာတစ်ခုလုံးနှင့်နားရွက်တွေအထိ နီရဲကာ လက်ညိုးတစ်ထိုးထိုးဖြင့်"မင်း မင်းငါ့ကိုလီးစကားတွေပြောနေတာလား မင်းပါးစပ်သရမ်းလှကြီးလား"ဟုနားရွက်တွေပါးတွေနီကာ အခန်းထဲမှဒေါသတကြီးထွက်သွားလေတော့သည်။ NY ထိုလူ့ဖြစ်သွားတာကိုကြည့်ပြီး သဘောတကျပြုံးလိုက်မိသည်။ဟိုမှာဆို ဂိုဏ်းကညီကိုတွေနဲ့ boss ကလွဲရင် ဘယ်သူ့ကိုမှအလုပ်သဘောထက်ပိုမဆက်ဆံတတ်တဲ့သူက အခု လူ့ကျောက်ရုပ်ကိုစလိုက်သည်လေ။ သူ့ပုံစံကိုကြည့်ပြီး အံ့သြရပါသည်။သူတော့ဒီလူနဲ့ဆက်နေရရင်တော့ အရှုံးပေးရတော့မဲ့ကောင်ဖြစ်တော့မယ်ထင်ပါရဲ့။ NYအတွေးတွေကိုလက်စသတ်ကာ boss ခိုင်းထားတာကိုသာဆက်လုပ်နေလိုက်တော့သည်။ တစ်ဖက်ကနောင်မို့ခန့်ကတော့တစ်လမ်းလုံးကျိန်ဆဲပြီးကော်ဖီဖျော်နေလေရဲ့။
"ခွေး၀ဲစားအစုတ်ပလုတ်ကောင် ဒီနေ့မှမြန်မာပြည်လာလို့ပဲ ပြောရဲဆိုရဲလိုက်တာ ဒီကလူသာဖြစ်ရင် ငါအခြားနိုင်ငံကိုရောင်းစားခံနေရလောက်ပြီ ဟိုနွားအမျိုးသားကလည်း ဘယ်လိုကောင်ကိုတပည့်ခန့်ထားလဲမသိ ငါကရောအဲ့လိုပြောတာကိုသေမလိုရှက်နေရတာလား လီးပဲ" ဟုဆိုကာကော်ဖီခွက်ကိုင်လျက် မြတ်မောင်အခန်းထဲသို့လာ၀င်လာခဲ့လိုက်သည်"ရော့ခွေးသူတောင်းစားလေး မင်းဘယ်လိုကောင်ကိုနိုင်ငံခြားကခေါ်လာတာလဲ လက်ရဲဇက်ရဲနဲ့ မပြောရဲတဲ့စကားမရှိဘူး ငါအဲ့ကောင်နဲ့အတူတူနေရရင် နေ့တိုင်းသွေးတိုးရလို့ မြန်မြန်သေလိမ့်မယ်ကွ"ဟုဒေါသတကြီးအော်ပြောလိုက်သည်။အရင်ကလူ့ကျောက်ရုပ်ဟူသောသူ့ဆောင်ပုဒ်လည်းအဲ့အမျိုးယုတ်ကြောင့်ပျောက်ရကုန်ပြီ။အရှေ့ကနွားကိုကြည့်လိုက်မိသည့်အခါရည်နေတာကိုမြင်သောကြောင့်ဒီနေရာမှတင်သူမူးလဲချင်သွားသည်။ဒီboss ဆိုတဲ့အကောင်ကအလိုက်ကမ်းဆိုးမသိပြောလိုက်တဲ့စကားကြောင့်သူဒီမှာတင်သေလို့ရရင်သေလိုက်ချင်တော့သည်။ "ဘာလဲမင်းတို့ကအချစ်စမ်းနေကြတာလား တစ်ရက်ပဲရှိသေးတယ်လေကွာ ဖြည်းဖြည်းပေါ့ လင်မယားဖြစ်ဖို့စော်သေးတယ်ကွ"ဟုပြောလိုက်သောကြောင့်ရှေ့ကကောင်အားကြည့်ကာ "မင်းကပါလိစကားတွေပြောနေတာလား ခွေးသားရဲ့ boss ဆိုတဲ့ကောင်ရော သူ့တပည့်ဆိုနဲ့အကောင်ရော ကြည့်လိုကိုမရဘူး အကုသိုလ်ကောင်တွေ"ဟုဒေါသတကြီးပြောတော့ရှေ့ကကောင်ကမနာသည့်အလားရီမောနေလေသည်။"အေးအေး မင်းရီနေ ရီရင်းနဲ့အူတက်ပြီးသေသွားအုံးမယ်သိလား မင်းမြတ်မောင်မောင်ဆိုတဲ့ bossစုတ် bossပြတ်ရဲ့"ဟုဆိုကာသူထွက်လာလိုက်တော့သည်။ဒီကောင်နဲ့ဆက်နေရင်သူသွေးတက်ပြီးသေရလိမ့်မည်။ထို့ကြောင့်ရုံးအောက်ထပ်ကကန်တင်းတွင်သာ သံပုရာရည်သွားသောက်ဖို့ဆုံးဖြတ်လိုက်လေတော့သည်။(A/N နောက်တစ်တွဲထည့်ပေးထားတယ်နော်ချစ်တို့ရေ role ခွဲကြပါအုံးဘယ်သူက ဘာဖြစ်မလဲဆိုတာ နောက်တစ်ပိုင်းကြရင် မြတ်မောင်က သူ့ကိုကိုအကြောင်းသိပြီး နတ်ဆိုးတစ်ကောင်လိုပြောင်းလဲတော့မှာမို့စောင့်မျှော်ပေးကြပါအုံးရှင့် တစ်ရက်ထဲသုံးပိုင်း up ထားတာမို့ Monday မှပြန်တွေ့ကြမယ်နော် ပြီးတော့cm တွေကို ထက်ဖတ်ပါတယ်နော် reply ပြန်လို့မရဖြစ်နေ့လို့မပြန်တာပါရှင့် နောက်အပတ်ကစပြီး Monday Wednesday Friday နဲ့ Sunday တစ်ပတ်လေးရက်အပ်ပေးမှာပါနော်💓💓)
ŞİMDİ OKUDUĞUN
ကိုကိုကမောင့်အပိုင်
Kurgu Olmayanဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...