Unicode part 15

18 2 3
                                    

မြတ်မောင် pov: ကားထွက်လာထဲကတစ်လမ်းလုံးမျက်ရည်ကျလာသူကခုကားဘောင်ကိုမှီပြီးခွေခွေလေးအိပ်ပျော်နေရှာသည်။ငိုရတာမောသွားလို့ထင်ပါရဲ့တော်တော်တောင်အိပ်မောကျနေပြီ။ ကိုကို့ကိုအဲ့မိန်းမကဘာတွေနဲ့များဆွဲဆောင်ထားလဲမသိ သူ့ရဲ့သွေးမတော်တဲ့သမီးကိုဒီလောက်ထိချစ်စရာလိုလို့လား။ တကယ်ကိုကို့ရဲ့အတွေးတွေကိုလိုက်လို့ကိုမှီတော့ပေ။ကိုကို့ကတကယ်ရိုက်ပစ်ချင်စရာကောင်းသည်။ငယ်ငယ်ကပေးထားတဲ့ကတိကိုကျမတည်နိုင်ပဲသူများနဲ့မှားထားတဲ့သမီးကိုကျကျွေးမွေးပြုစုထားပြီးသူရဲကောင်းကြီးကို၀င်လုပ်ခဲ့တာပင်။ ခုလည်းမြင်ခဲ့ရတဲ့မြင်ကွင်းက ကိုယ်ကပဲ သူတို့ကြလူဆိုး၀င်လုပ်နေတဲ့ပုံစံ။ အဲ့လိုထင်နေလည်းကျျုပ်ကတော့ဂရုမစိုက်ပါပေ။ကိုယ်ပိုင်တဲ့အရာကိုကိုယ်ပြန်သိမ်းတာကိုလူတွေကအရမ်းပုံကြီးချဲ့လွန်းသည်။အိပ်နေတဲ့တစ်ယောက်ကလည်းဘာထူးလို့လဲ မျက်ရည်ခံထိုးပြနေတာ။ ဒီလိုနဲ့သူတို့ကားလေးဟာ မြတ်မောင်ရဲ့အိမ်ကို၀င်ရောက်လာခဲ့ပြီလေ။ အိပ်နေတဲ့သူကိုမနိုးစေချင်သည့်အတွက် ကိုယ်တိုင်သာပွေ့ချီပြီးအခန်းထဲသို့သာခေါ်လာလိုက်တော့သည်။ အခန်းထဲရောက်တာနဲ့အိပ်ယာပေါ်သာတင်ထားကာ ရေချိုးခန်းသို့၀င်ပြီးစိတ်ရှင်းသွားအောင်ခေါင်းပါတစ်ခါတည့်လျှော်လိုက်သည်။ရေချိုးပြီးထွက်လာတာတောင်အိပ်နေသူကမနိုးသေးတာကြောင့် အောက်ထပ်ကိုသာဆင်းလာလိုက်သည်။အောက်ထပ်ရောက်တော့ ကားပေါ်တင်လာတဲ့ကိုကို့ရဲ့အ၀တ်ထုတ်က ဧည့်ခန်းထဲမှာဖြစ်သည်။ကြည့်ရတာ ကားကိုဂိုဒေါ်ထဲသွားထည့်တဲ့အလုပ်သမားက ကားထဲကပစ္စည်းယူလာခဲ့သည်ထင်၏။ ဟိုအိမ်မှာကိုကို့အသုံးအဆောင်တွေမကျန်ခဲ့ချင်လို့သာ သယ်လာတာ ကိုကို့ကိုတစ်ထည်မှပေးသုံးမည်မဟုတ်ပေ။အကုန်လုံးကိုအသစ်ပြန်၀င်ပေးမည်။အဲ့မိန်းမနဲ့ပတ်သတ်ခဲ့ပြီးတဲ့ကာလအတွင်းအသုံးပြုခဲ့တဲ့အသုံးအဆောင်တွေကိုတောင်ကိုကို့အားမသုံးစေချင်။ ဧည့်ခန်းထဲ၀င်ထိုင်ကာဖုန်းကိုထုတ်ပြီးနောင်မိုခန့်ဖုနနံပါတ်ကိုကောက်ခေါ်တော့ ဟိုဘက်တစ်ကောင့်သားကဖုနကိုင်ပြီးသူ့အသံဆိုးကြီးနဲ့စတင်ကာအော်တော့သည်။
"ဘာလို့ဒီချိန်ကြံိးဖုန်းဆက်တာလဲ ခွေးသားရဲ့ မင်းအလုပ်မလာတော့မင်းအလုပ်တွေငါလုပ်နေရပြီကွ သူဌေးဖြစ်ပြီး လာလိုက်မလာလိုက်နဲ့မင်းခွက်ဆွဲတောင်းစားရမဲ့သူတောင်းစားဖြစ်တော့မှာကွ"
"မင်းကလည်းကွာ ဒီရက်ပိုင့်အတွင်းတော့သည်းခံလိုက်ပါ ခုလည်းလုပ်ပေးလက်စနဲ့ ငါ့ကို shopping centre တစ်ခုက brand တွေရောင်းတဲ့ဆိုင်ကနေ လူငယ်ဆန်ဆန်ယောကျာ်းလေး၀တ်တွေ၀ယ်ပြီးမင်းနဲ့ NJ နဲ့ငါ့အိမ်ကိုလာပို့စမ်းပါကွာ ဆိုဒ်က S နော်ငါ့ကောင်"
"L.. ပဲ တစ်လောကလုံးမင်းစောက်လုပ်ပဲလုပ်ပေးနေရတယ် သူဌေးမို့လို့သည်းခံနေတာ ခဏနေကြရင်ငါလာပို့မယ် ဒါပဲမလား" ဟုဆိုကာဖုန်းကိုအရင်ချသြားသည်။သူကသူဌေးလားကျနော်ကသူဌေးလားတောင်မသိတော့။အဲ့ကောင်ရဲ့ပါးစပ်ဆိုးမှုကတော့ထုံးစံအတိုင်းပါပဲ။ပါးစပ်ကသာတစ်ချိန်မှမနားပဲပေါက်ပေါက်ဖောက်နေတာ အကူညီတောင်းသမျှကိစ္စတိုင်းအဆင်ပြေတိကျအောင်မညီးမညူလုပ်ပေးတတ်သည့်ကောင်ပင်။စိတ်ရှင်းလေးကောင်းပြီးပါးစပ်ဆိုးတဲ့နွားကို NJ ကနောက်ပိုင်းကျရင်သူ့ဘာသာထိန်းသွားမည်ဆိုတော့သိပ်ပြီးစိတ်မပူပါ။ထိုကောင့်ကိုသူ့တပည့်နဲ့ကလွှဲပြီးတစ်ခြားသူဖြင့်လည်းသဘောမတူနိုင်သလိုစိတ်လည်းမချနိုင်ပါ။nj ဆိုတာက နှစ်တွေအကြာကြီးအနီးကပ်နေလာတဲ့ကောင်မို့သူ့အကျင့်စရိုက်ကိုကောင်းကောင်းသိသည့်အတွက် ထိုအရိုင်းအစိုင်းကိုဘေးကထိန်းပေးနိုင်မည်ဟုအတိအကျယုံကြည်သည်။njကလည်းစရောက်ထဲက သူနဲ့ပတ်သတ်ရင် မသိစိတ်ကဆက်ဆက်ထိမခံဖြစ်နေတာကိုသူကသတိမထားမိပေမယ့် ဘေးကကျနော်ကတော့ကောင်းကောင်းကြီးကိုသတိထားမိလေသည်။ ထို်ကြောင့်နှစ်ယောက်တည်းလွပ်လပ်အောင်အပြင်မှာပေးနေလိုက်ခြင်း။ ကျနော်လည်းအိမ်တော်ထိန်းလာချပေးတဲ့ကော်ဖီကိုသောက်ကာ Laptop ကိုဖွင့်ခါ ဟိုဘက်မှာလွှဲထားခဲ့သည့်အလုပ်ကိုသာပြန်စစ်ဆေးနေလိုက်သည်။ မကြာပါဘူး အိမ်ထဲကို လှည်းမောင်းသလို ဒုန်းစိုင်း၀င်လာတဲ့နောင်မိုခန့်ရဲ့ကားကိုတွေ့ရတော့သည်။ကားပေါ်ကဆင်းထဲကပွစိပွစိနဲ့၀င်လာကာမှာထားတဲ့ပစ္စည်းတွေကို NJ နဲ့တစ်ယောက်တစ်၀က်ခွဲသည်ပြီး ဧည့်ခန်းထဲထားကဒေါသတကြီးနဲ့တန်းပြန်သွားသည်။ ထိုင်ပြီး ကော်ဖီသောက်သွားအုံးဆိုတာတောင် ဖင်တောင်မချပဲအထုပ်သာထားခဲ့ပြီးပြန်သွားသည်။ မသွားခင်လည်း
"ကုမ္ပဏီမှာ ရှယ်ယာရှင်ညစာစားပွဲရှိသေးတယ် မင်းမရှိတော့ငါပဲတက်ရမှာပေါ့ ပထွေးလေးရဲ့လို့" ပြောခါထွက်သွားသည်။ NJ ကတော့ဘာမှ၀င်မပြောပဲဦးညွှတ်ကာသူ့ဒေါသအိနောက်ကလိုက်သွားသည်မကြာခင်ပင်းခြံထဲမှာထွက်သွားသံကိုကြားလိုက်ရသည်။သူလည်းအထုပ်တွေကိုယူကာ အခန်းထဲသို့ပြန်လာပြီး အ၀တ်အစားများကို ကိုကို့အတွက်ကြိုပြင်ထားသောဗီဒိုထဲတွင်ထည့်ပေးထားလိုက်သည်။ အကုန်ပြီးတော့ရေချိုးခန်းထဲခဏ၀င်ကလက်ဆေးပြီးပြန်ထွကာလာတော့ကုတင်ပေါ်မှာနိုးနေပြီ။ သူလည်း "ညနေစောင်းနေပြီးရေချိုးတော့လေ ဗီဒိုထဲမှာအ၀တ်တွေရှိတယ်ယူ၀တ်လိုက်နော် ကိုကို့အတွက်သီးသန့်လုပ်ပေးထားတာ မောင်အောက်ကနေစောင့်နေမယ် " ဟုပြောတော့ခေါင်းတစ်ချက်ငြိမ့်ကာ ၀တ်ထားသေးအ၀တ်အစားများအားချွတ်ပြီး ခါးမှာသပတ်တစ်ထည်ပတ်လျက်ရေချိုးခန်းဖဲသို့၀င်သွားသည်။ သူလည်းကိုကို့ရဲ့အင်္ကျီနဲ့ဘောင်းဘီကိုယူကာ အောက်ထပ်သို့ပြန်ဆင်းလာပြီးဆောင်နေကျမီးခြစ်ကိုထုတ်လျက် အိတ်ထဲမှာအ၀တ်အစားများကိုကာ အိမ်ရှေ့သို့ယူလာပြီး ခြံစောင့်အားဓာတ်ဆီသွား၀ယ်ခိုင်းကာစောင့်နေလိုက်သည်။ ဖုန်းအသစ်လည်း၀ယ်ပေးထားသည့်အတွက် ကိုကို့ဖုန်းရောအ၀တ်အစား အသုံးအဆောင်တွေကိုပါ ပုံထားလိုက်သည်။ ခြံစောင့်ပေးလာတဲ့ ဓာတ်ဆီဖူးကိုအဖုံးဖွင့်ကာ အရှေ့ကအပုံပေါ်လောင်းချလိုက်ပြီး မီးခြစ်ခြစ်ကာ မီးရှို့ရန်ပြင်နေစဥ်မှာပဲ ကိုကိုက အပေါ်ထပ်က ဘောင်းဘီတိုနဲ့ တီရှပ်လက်တိုကို၀တ်ပြီးလှေကာေးပေါ်မှ ၀ုန်းဒိုင်းကြဲဆင်းလာကာ သူ့အနားရောက်လာပြီး "မင်းငါ့အ၀တ်အစားတွေကိုဘာလုပ်မို့လဲ အဲ့လောက်ဖိတော့မလုပ်ပါနဲ့ကွာ ငါ့ဖုန်းနဲ့ ဓာတ်ပုံလေးတော့သိမထားခွင့်ပေးပါကွာ"ဟုဆိုကာ လက်ကိုအားကိုးတကြီးသနားချင်အောင် ပြောဆိုသည်။ "ကိုကိုရယ် အဲ့လိုအမှတ်တရတွေမကျန်စေချင်လို့မီးရှို်ဖို့လေ မောင်ဖုန်းပြန်၀ယ်ပေးမှာပါ ဒါတွေတော့ကိုကိုသုံးစရာမလိုဘူး မောင်ပြောတာရှင်းလား ကိုကိုဆွဲထားတဲ့လက်ကိုဖယ်လိုက်တော့လို့ပြောတော့ကိုကိုကပို၍ လက်ထဲကမီးခြစ်ကိုအတင်းလုလာသည်။ ကျနော်လည်းအနားမှာရှိတဲ့အလုပ်သမားကိုမီးခြစ်ပစ်ပေးပြီး ကိုကို့လက်နှစ်ဖက်ကိုချုပ်ကာ အလုပ်သမားအား "မင်းအဲ့အပုံကိုမီးရှို့လိုက်တော့"ဟုအမိန့်ပေးလိုက်သည်။ကျနော့စကားအဆုံး အလုပ်သမားကလည်း မီးညိှလိုက်သည်။ဓာတ်ဆီလောင်းထားတဲ့အရှိန်ကြောင့်အသုံးအဆောင်နှင့်အ၀တ်အစားများသည်တစ်ဟုန်း"တောက်လောင်သွားလေပြီ။ကုိကိုသည် ထိုမီးပုံကိုကြည့်ကာ ကျမ်းပြင်ပေါ်သို့ပြုတ်ကျရင်း မျက်ရည်များစီးကျလျက် "မြတ်မောင် မင်းအတ္တအရမ်းကြီးလွန်းနေပြီ" ဟုဆိုကာ ထိုမီးပုံကိုသာ မျက်ရည်များဖြင်းထိုင်ကြည့်နေသည်။ကျနော်လည်း ကိုကိုမျက်ရည်ကျတာကိုမမြင်ချင်လို့ ခဏလွှတ်ထားရန်အတွက် အိမ်ထဲသို့၀င်လာပြီးဧည့်ခန်းထဲသို့သာထွက်လာလိုက်တော့သည်။

ကိုကိုကမောင့်အပိုင်Место, где живут истории. Откройте их для себя