Unicode part-6

16 1 1
                                    

ဒီနေ့ကသူ့ဘ၀အတွက်အပျော်ဆုံးနေ့ဖြစ်နိုင်သလို သူ့ရဲ့၀မ်းအနည်းရဆုံးနေ့လဲဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့မြတ်မောင်ရဲ့ကိုကိုအကြောင်းသိရတော့မယ့်နေ့လေ။ဟိုနှစ်ကောင်ကတော့ရုံးကိုရောက်နေပြီလို့ NY လှမ်းပြောလို့သိပြီးပြီ။သူစုံစမ်းခိုင်းထားတဲ့အချက်အလေတွေပါသိရပြီလို့ပြောလို့သူစိတ်တွေလှုပ်ရှားနေပြီ။သူအခုခံစားနေရတဲ့ခံစားချက်ကလေ ဆယ်တန်းကျောင်းသားလေး အောင်စရင်းထွက်ဖို့ ရင်ခုန်နေရတဲ့အတိုင်းပဲ။သူ့အဖြစ်ကနည်းနည်းတော့ရီရတယ်မလား။ကျုပ်ပြောသားပဲ ကျုပ်ကိုကိုက သူ့အကြောင်းလေးစဥ်းစားရုံနဲ့တောင် ကျုပ်ကိုပြုံးနိုင်တဲ့အထိလုပ်ဆောင်နိုင်တယ်လို။အခုလည်းထပ်ပြုံးနေရပါပြီ။အတွေးတွေလက်စသတ်ပြီးတော့မြတ်မောင်တစ်ယောက်အလုပ်သွားဖို့ဦးတည်ရတော့တယ်။ဟိုနှစ်ကောင်လုံးရုံးရောက်နေတဲ့အတွက်ဒီနေ့တော့သူ့ဘာသာသူပဲကားမောင်းရမဲ့နေပဲပေါ့။အပေါ်ထပ်ကဆင်းလာတော့လဲကားသော့တရမ်းရမ်း လေတချွန်ချွန်နဲ့သူ့ကိုကြီးမေကတောင် ပျော်စရာရှိလို့လားဟု အပြင်ထွက်ပြီးမေးလေသည်။သူလည်းဘာမှမပြောပဲခေါင်းညိတ်ပြီးသာထွက်လာခဲ့တော့သည်။ မြန်မာပြည်ပြန်ရောက်ထဲကကိုယ်တိုင်ကားမမောင်းရသေးလို့လားမသိ ဒီနေ့သူကိုယ်တိုင်မောင်းတဲ့နေ့မှကောင်းကင်ကြီ့ကလည်းလှနေယောင် လမ်းမှာတွေသမျှသက်ရှိသက်မဲ့မှန်သမျှအရာအားလုံးကိုလည်းသူ့စိတ်ထဲကြည်းနူးဖို့ကောင်းနေလေရဲ့။အဲ့လိုနဲ့ရုံးရောက်တော့ ရုံးကလုံးခြုံရေးတစ်ယောက်အား ကားသော့ပေးပြီးကားပါကင်ထိုးခိုင်းလိုက်သည်။ ရုံးထဲ၀င်လာတော့လဲ ၀န်ထမ်းတွေအားလုံးကအလုပ်လုပ်နေရာကနေသူ့ကိုထပြီး အရိုအသေပေးနှုတ်ဆက်ကြတဲ့အခါ သူအပြုံးလေးတစ်ချက်သာပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။ ရုံးကလူတွေကတော့မနေ့ကတော့မျက်နှာတည်ပြီး ကြောက်စရာကောင်းအောင်ဖြစ်နေတဲ့မျက်နှာမှာ အပြုံးလေးတစ်ချက်မြင်လိုက်ရတော့ အကုန်လုံးအ့့ံသြလုံးမဆုံးဖြစ်နေကြသည်။၀န်ထမ်းမလေးတွေကတော့ "ချောလိုက်တာ" "အပြုံးနဲ့တင်သေပြီ" "အနာဂတ်သတို့သားလောင်းလေး" ဆိုသည့်စကားများကိုတစ်ယောက်တစ်ပေါက်ရေရွတ်ကာ အူမြူးနေကြလေသည်။သူတို့ရှတော့မှာကိုမေ့နေသည်အထိကိုပျော်ရွှင်နေကလေသည်။သူတို့မသိသေးတာက သူတို့ boss မှာ သူ့အသဲအသက်ဖြစ်တဲ့ကိုကိုရှိနေတယ်ဆိုတာကိုပင်။
မြတ်မောင်ရုံးခန်းထဲရောက်တော့ နောင်မိုခန့်က၀င်လာလေသည်။
"ဟိုကောင် boss "ဟုခေါ်သံကြောင့်မြတ်မောင်မျက်ခုံးပင့်မိသွားသည်။အစောကြီးပဲရှိသေးတယ်ဒီကောင်ကသူ့ကိုကန့်လန့်တိုက်နေလေပြီ။ မြန်မာပြည်ပြန်ရောက်တဲ့နေ့ထဲက သူ့ကိုဒီကောင် အကန်တွေကြီးသာပြောသည်။ဒီပုံစံအရသူ့ကို NY နဲ့ပေးစားတာကိုမကျေနပ်တာပဲဖြစ်လိမ့်မည်။သူလည်း " ဘာလဲ မင်းကငါ့ကိုမင်း၀န်ထမ်းမှတ်နေလားဟမ် တကယ့်ကောင်ပဲ အလုပ်ပြုတ်ချင်နေတာနဲ့တူတယ်"
"လိစကားတွေပြောမနေနဲ့ မင်းငါ့ကိုအိမ်ပေါ်ကနှင်ချထဲကကျေနပ်တာမဟုတ်ဘူး အလုပ်ပါဖြုတ်ကြည့်မင်းအိမ်ကိုမီးလာရှုိ့မယ် ငါ့ကိုဘာထင်နေလဲ ခုလဲမင်းကိုကော်ဖီသောက်မလားလာမေးတာနွားရဲ့"
"ဟ အဲ့တာလူလိုမေးတော့မင်းကိုမြွေကိုက်မှာစိုးလို့လား အေးသောက်မယ် သောက်နေကြတိုင်းဖျော်လာခဲ့
အော်ဒါနဲ့ မင်းကမြွေကိုက်ခံချင်နေတာမဟုတ်ဘူးမလား NY ကိုက်တာခံချင်နေတာမလား"ဟု စမိလိုက်ရာတွင် သူ့ရုံးခန်းထဲတွင်ဆဲသံများပျံ့နှံသွားသည်။သူထွက်သွားပြီးသိပ်မကြာခင်မှာ NY သူ့ဆီကိုရောက်လာလေသည်။လက်ထဲမှာဖိုင်တစ်ဖိုင်တွေ့တဲ့အတွက်ကိုကို့အကြောင်းဖြစ်မယ်ထင်တယ်။သူတကယ်စိတ်လှုပ်ရှားလို့သေတော့မယ်။သိုပေမယ့်ရင်ထဲမှာကလားဘုရားလှည့်နေသလိုခံစားနေရပေမယ့် မျက်နှာကတော့ထုံးစံအတိုင်းအေးတိအေးစက်သာဖြစ်အောင်ပြင်နေလိုက်သည်။ထို့နောက် NY ကသူ့ရှေ့ရောက်လာပြီး
"Bossစုံစမ်းခိုင်းထားတာသိရပါပြီခင်ဗျ ၁၅နှစ်လုံးတော့မသိရပေမယ့်  သူအသက်၁၉နှစ်ထဲကအကြောင်းကိုသိလာရပါတယ်ဗျ  ၁၅နှစ်လုံးသိအောင်မဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်"
"ရတယ် အခုအကြောင်းပဲပြော မင်းသိလာရတဲ့အကြောင်းပဲပြောလိုက် ငါနဲ့မတွေ့ရတဲ့အတိတ်တွေကကိစ္စမရှိဘူး "
"ဟုတ်ကဲ့ပါ boss  အကိုလေးနာမည်က မြတ်ဘုန်းနောင်ပါ boss အကိုလေးကအခုဆိုအသက်၂၅နှစ်ရှိပါပြီ သူ S group မှာ Director အဖြစ်ဆောင်ရွက်နေပါတယ်boss ပြီးတော့.... "ဟုပြောပြီးရပ်သွားတဲ့ NY ကြောင့်သူနားထောင်နေရာကနေ မော့ကြည့်လိုက်သည်။ NY ပုံစံမှာဆက်ပြောရန်အခက်တွေ့နေတဲ့ပုံပေါ်နေသည်။ ဘာတွေလဲ ဘာအကြောင်းမို့လို့ဆက်မပြောရဲအောင် အခက်တွေ့နေတာလဲ။သူကပဲစိတ်လျော့ပြီး
"ဆက်ပြောလေNY ငါနားထောင်နေတယ် ဘာကိစ္စပဲဖြစ်ဖြစ်မင်းစုံစမ်းထားတဲ့အချက်အလက်တွေအကုန်ပြော"
"ဟုတ်ကဲ့boss ကျနော်ဆက်ပြောပြပါ့မယ် အကိုလေးမှာအိမ်ထောင်ရှိပါတယ် boss သူ့အမျိုးသမီးနဲ့ရတဲ့သမီးလေးတစ်ယောက်လဲရှိပါတယ်  boss။ကလေးမလေးကတော့ အသက်သုံးနှစ်ဖြစ်ပြီး အကိုလေးအမျိုးသမီးကတော့ ၂၇နှစ်ရှိပါပြီ။ အကိုလေးရဲ့အမျိုးသမီးကလည်း အရင်က s groupက၀န်ထမ်းပါပဲခင်ဗျ။ အကိုလေးက ၁၈နှစ်ပြည့်ပြီးထဲက  s group မှာအလုပ်၀င်လုပ်ခဲ့ပါတယ်။ s group က အကိုလေးမိဘတွေရဲ့မိတ်ဆွေလုပ်ငန်းဖြစ်လို့ အသက်၁၈ပြည့်ထဲက၀င်လို့ရခဲ့ပါတယ်။၁၉နှစ်မှာအကိုလေးက ရာထူးတိုးပြီး အကိုလေးမိန်းမနဲ့တွေပြီးချစ်ကြိုက်ခဲ့ပါတယ် ။အကိုလေးအသက်၂၀ရောက်တော့ directorရာထူးရခဲ့ပြီး ဟိုအမျိုးသမီးနဲ့စေ့စပ်ခဲ့ပါတယ်။၂၀ကျော် ၂၁ထဲရောက်တော့  သူ့အမျိုးသမီးနဲ့လက်ထက်ခဲ့ပါတယ်။လက်ထက်ပြီးတစ်နှစ်အကြာမှာ သမီးလေးတစ်ယောက်ရရှိခဲ့ပါတယ်။ ထိုကလေးနာမည်က မေသွန်းနောင်ဖြစ်ပြီး အကိုလေးအမျိုးသမီးနာမည်ကတော့ မေသွန်းလွှာဖြစ်ပါတယ်။ထိုအမျိုးသမီးက ကလေးရပြီးထဲကအလုပ်ထွက်ပြီးအိမ်မှုကိစ္စတွေကိုပဲလုပ်ပါတယ်။အကိုလေးကတော့အခုထိ s group မှာ director အဖြစ်လုပ်နေဆဲပါ။အကိုလေးမိဘတွေကတော့ သူ့သမီးတစ်နှစ်အရြယ်မှာ accident တစ်ခုကြောင့်ဆုံးပါးသွားတယ်လို့သိခဲ့ပါတယ် boss အခုတော့အကိုလေးကသူအမျိုးသမီးရော ကလေးနဲ့ပါ s group နဲ့နီးတဲ့ကွန်ဒိုမှာနေနေတယ်လို့ပြောပါတယ် boss နေ့စဥ်မနက်ဆို အိမ်ကလေ သူ့သမီးလေးကိုမူကြိုပို့ပေးပြီးမှ အလုပ်ကိုဆက်သွားပါတယ် boss "
"မင်းသွားလို့ရပြီ နေ့ခင်းကြရင် သူ့ကို စားသောက်ဆိုင်တစ်ခူမှာကြိုချိန်းထားလိုက် ဒီနေ့ပဲသူ့ကိုသွားတွေ့မယ် ္မင်းသွားတော့" ဟုပြောပြီး NY ထွက်သွားသည်နှင့်သူ့မှာဒေါသထွက်လြန်းလို့ အံ့ကြိတ်ထားရသည်မှာ နဖူးကြောတွေထောင်သည်အထိပင်။လက်သီးကိုတင်းတင်းစုတ်ကာအတွေးထဲမှာတော့....
"ဟက် ကိုကိုက အိမ်ထောင်ရှိတဲ့အပြင် ကလေးပါရှိသေးတယ်တဲ့လား အံ့သြဖို့ကောင်းလိုက်တာ အကြီးဖြစ်ပြီးပေးခဲ့တဲ့ကတိကိုမတည်သေးဘူးပဲ ကိုကိုဘက်ကစပြီးကတိဖြတ်တာမို့လို့ မောင်ဆိုးတော့မှ မောင့်အပြစ်မပြောနဲ့နော်ကိုကို" ဟုတွေးကာ မဲ့ပြုံးပြုံးလိုက်သည်။ ကိုကိုကတော့ သူ့ကိုလူမိုက်ဖြစ်အောင်လုပ်လိုက်ပြီပဲ။ မကြာခင် ကိုကို့ဘ၀တစ်ခုလုံးကိုပြောင်းပြန်လှန်ပေးမှာမို့ မောင့်ကတော့ကိုကို့အမုန်းတွေခံယူရတော့မယ်ထင်ပါရဲ့။

ကိုကိုကမောင့်အပိုင်Where stories live. Discover now