မြတ်ဘုန်းနောင် pov:ကားပေါ်ကဆင်းလာပြီးတဲ့အခါကျနော့်ရဲ့ကမ္ဘာကအမှောင်ကျလို့နေသည်။လူတွေပြောပြောနေကြစကားဆိုရင်တော့ နွေခေါင်ခေါင်မှာမိုးကြိုးပစ်ချခံရတယ်ဆိုသလိုပေါ့ဗျာ။ မနက်ကမြင်ခဲ့ရတဲ့သမီးလေးမျက်နှာနဲ့ မမျက်နှာကိုမြင်ယောင်ပြီးကျနော့်မှာမျက်ရည်ကျရုံမှလွဲပြီးဘာမှမလုပ်နိုင်တော့ပါ အိမ်ကိုလဲမပြန်ချင်သေးတာနဲ့လက်ထဲမှာပါနဲ့ဖုန်း ကားသော့နဲ့အတူ wallet ကိုပါလက်ထဲပြန်ထည့်ခါကွန်ဒိုရဲ့ကားပါကင်ကိုသာ ထွက်လာခဲ့လိုက်တော့သည်။ ခုနကကောင်ပြောသြားတာတော့သူ့အတွင်းရေးမှူးနဲ့ကားထားခုိင်းလိုက်တယ်ဆိုသောကြောင့်ကားပါကင်မှာကားသြားရှာပြီတစ်နေနေရာမှာသွားထိုင်ဖုိ့သာ စဥ်းစားရတော့့သည်။ ကားတွေ့တော့လည်းဘယ်နေရာသွားမယ်ဟုအတည်တကျမရှိတာနဲ့ကျနော်လဲရောက်တက်ရာရာမောင်းပြီး အင်းယားကန်ဘောင်မှာသာသွားထိုင်နေလိုက်တော့သည်။ မနဲ့အိမ်ထောင်ကျပြီး မရဲ့သမီးလေးမွေးလာထဲကကျနော်က အရက်ကိုရှောင်သည်။ကျနော့်ဟာသမီးလေးရဲ့အဖေအရင်းမဟုတ်ပေမယ့်သမီးအမြင်မှာကျနော်ဟာအဖေမပီသတဲ့လူဟုထင်ခံရမှာကိုအကြောက်ဆုံးပင်။ မရဲ့အားကိုးရတဲ့ယောကျာ်းကောင်းတစ်ယောက်အပြင် သမီးလေးအတွက်ပါ လေးစားအားကိုးရတဲ့ သမီးရဲ့စံပြပုဂ္ဂိုလ်ဖြစ်ချင်ပါသည်။အခုလိုဖြစ်လာတဲ့အခါကျနော်သမီးကို ကျနော်ဘယ်လိုမျက်နှာပြရမလဲတောင်မသိတော့ပါ။ သမီးရဲ့အမြင်မှာကျနော်ဟာ သူတို့သားမိကိုထားပြီး ထွက်သွားတဲ့လူတစ်ယောက်ဆိုတာကိုမမြင်စေချင်ပါ။ကလေးကသိတတ်နားလည်းတဲ့အရွယ်တစ်ဖြည်းဖြည်းရောက်လာပြီမို့ကျနော့ရဲ့အစစအရာရာကိုပြင်ယူနေတဲ့ချိန် ဒီကိစ္စဖြစ်လာတာဟာ ကျနော့်အတွက်အကြီးမားဆုံးတုန်လှုပ်မှုပင်။အခုချိန်မှာ မနဲ့သမီးလေးကိုအားနာပြီး ဟိုကောင်လက်ထဲကရုန်းထွက်နိုင်တဲ့အင်အားမရှိတဲ့ကိုယ့်ကိုကိုယ်လည်းသတ်သာသေလိုက်ချင်ပါသည်။ သမီးလေးနဲ့ခွဲရမဲ့အဖြစ်ကိုကျနော်မရောက်ချင်ပါ။မွေးထဲကသမီးအရင်းလေးလို့ပြုစုယုယလာတဲ့ကလေးနဲ့ကျနော့်အသက်ထက်ချစ်ရတဲ့ကျနော့်ရဲ့ဇနီးသည်ကိုထားပြီးသူ့နောက်လိုက်ဖို့ဆိုတာကကျနော့်အတွက်လုံး၀မဖြစ်နိုင်တဲ့အရာပါ။အဲ့မဖြစ်နိုင်တဲ့အခြေအနေမျိုးကိုရုန်းထွက်နိုင်စွမ်းမရှိနဲ့အခါကျနော်မှာငိုနေရုံကလွဲပြီးဘာမှမတတ်နိုင်ပေ။ ကန်ဘောင်ပေါ်တက်ထိုင်ပြီးသည်နဲ့ကျနော့်လက်ကြားထဲကဆေးလိပ်နဲ့ဘီယာဘူးကိုသာကြည့်နေမိသည်။စိတ်ညစ်စရာရှိရင်တောင်ကျနော်ဟာ ဒီလိုနည်းလမ်းတွေသုံးပြီးစိတ်ထွက်ပေါက်ရှာခဲ့ဖူးသူမဟုတ်ပဲ ယခုအခါဆေးလိပ်နဲ့ဘီယာဘူးကိုလက်ကတောင်ကိုင်ရတဲ့အခြေအနေထိကျနော်ဟာ သရဲဘောကြောင်တဲ့ကောင်ပုံစံဖြစ်နေပြီလေ။ ထိုသားမိနှစ်ယောက်နဲ့နှစ်နဲ့ချီကြာတဲ့သံယောဇဥ်ကိုတစ်ပတ်ဖြင့်အပြီးဖြတ်ခိုင်းပြီးသူ့နောက်ကိုလိုက်ခိုင်းတဲ့မင်းမြတ်မောင်မောင်ရဲ့စိတ်ဓာတ်ဟာအစွမ်းကုန်ပင်ယုတ်မာသည်။ခံစားချက်မရှိတဲ့သူနဲ့တစ်သက်လုံးအတူတူနေသွားရမဲ့အဖြစ်ကိုကျနော်မရောက်လိုပါ။သို့သော်ကျနော်သူ့ကိုမလွန်ဆန်နိုင်ပါ။ကျနော့်အပေါ်တောင်ယုတ်မာနိုင်သည့်ထိုလူနဲ့ ကျနော်မိန်းမနဲ့သမီးကိုလည်းထိခိုက်အောင်မလုပ်နိုင်ပါဘူးလို့ မထင်ပါ။အတ္တကြီးတဲ့လူတွေဟာသူတို့အဖို့မှလွှဲတစ်ပါးသူရဲ့ခံစားချက်ေ၀ဒနာတွေကိုထည့်တွေးကြမဲ့လူမျိုးတွေမဟုတ်နိုင်ပါ။ကျနော်လွန်ဆန်ပြီးကိုယ်လွတ်ရုန်းသွားရင်ကျနော့်မိန်းမနဲ့သမီးလေးကိုကျနော်ကိုယ်တိုင်အန္တရာယ်တွင်းထဲတွန်းပို့လိုက်သလိုဖြစ်သွားနိုင်သည်။ဒါ့ကြောင့်ကျနော်သာထိုပြဿနာကိုခါးစီးပြီးခံတော့မည်။ မ နဲ့သမီးကိုတော့အဆုံးထိကာကွယ်သွားမည်။ကျနော့်အသက်ပေးပြီးကာကွယ်ရမယ်ဆိုရင်တောင်ပေါ့။ ကြည်လင်သာယာနေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးကျနော်ဟာ "ဘာလို့ငါ့ကြမှဒီလိုမျိုးတွေဖြစ်နေရတာလဲ လောကကြီးရာ ရက်စက်လိုက်နးတာကွာ"ဟုရွတ်ဆိုရုံမှအပဘာမှမတတ်နိုင်။လက်ထဲကကျန်နေတဲ့ဘီယာလက်ကျန်ကိုမော့သောက်ကာ လက်ကြားညှပ်ထားတဲ့ဆေးလိပ်ကိုလည်းဟန်ပါပါ တစ်ချက်ရှိုက်လိုက်ပြီးလေထဲသို့အခိုးအငွေ့တွေပြန်လွှတ်ထုတ်လိုက်သည်။ထိုအချိန်မှာပဲဘေးနားကချထားတဲ့ဖုန်းကထမြည်လာပြီးခေါ်ဆိုသူမှာ ကျနော့်ရဲ့အိမ်သူသက်ထား မ ပင်ဖြစ်သည်။ကျနော်လည်းဖုန်းကိုကိုင်လိုက်ပြီး " ဟယ်လို မ ပြောလေဘာဖြစ်လို့လဲ"
"မောင်ပြန်မလာသေးလို့လေအရင်ကဒီလောက်နောက်မကျဘူးလာလို့ အလုပ်မှာအချိန်ပိုဆင်းနေရတာလားလို့ပါ" မပြောမှ ကျနော်လက်ကနာရီကိုငုံ့ကြည့်မိသည် 6နာရီတောင်ကျော်နေပြီပဲ။ ကျနော်လည်းမျက်ရည်တွေသုတ်ပြီးချောင်းတစ်ချက်ဟန့်ကာ "မောင်ပြန်လာနေပါပြီ လမ်းမှာကားပိတ်နေတာနဲ့ကြာနေတာ သမီးလေးနဲ့မအတွက်မောင်ဘာ၀ယ်ခဲ့ရမလဲ မောင်လမ်းကြုံ၀ယ်ခဲ့မယ်လေ"
"မလိုပါဘူးမောင်ရယ် မ ကမောင့်ကိုစိတ်ပူလို့မေးတာပါ မောင်သာမြန်မြန်ပြန်လာခဲ့နော် သမီးကမောင့်ကိုမေးနေပြီ ကားကိုတော့ဂရုစိုက်မောင်းနော်မောင် ဒါဆို မ ဖုန်းချတော့မယ်"
"ဟုတ်ပြီ မ မောင်ဂရုတစိုက်မောင်းပြီးပြန်လာခဲ့ပါ့မယ် ပြန်လာရင် မ တို့ကို၀မ်းသာစရာပြောပြမယ် မောင့်ကိုစောင့်နေနော် " ဟုပြောကာကျနော်လည်းဖုန်းချပြီးပြန်ဖို့ထရသည်။ ဘီယာဘူးခွံကို အမှိုက်ပုံးရှာထည့်ပြီး ရေပြင်ကျယ်ကြီးကို တစ်ချက်ကြည့်ပြီး "ငရဲမကျခင် ဒီတစ်ပတ်အတွင်းတော့ လွတ်လွတ်လပ်လပ်တော့ပျော်နိုင်မယ်မလား" ဟုပြောပြီးလေပူတစ်ချက်မှုတ်ထုတ်ကာ ကားရပ်ထားရာဆီသို့သာပြန်လျှောက်ခဲ့တော့သည်။
ESTÁS LEYENDO
ကိုကိုကမောင့်အပိုင်
No Ficciónဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...