တစ်ဖက်မှာတော့မြတ်ဘုန်းနောင်တစ်ယောက် သူ့မိသားစုနဲ့ပျော်ရွှင်နေလေရဲ့။ကျနော့်မှာ အရမ်းချစ်ရတဲ့မနဲ့ ကျနော်နဲ့သွေးသားမတော်တဲ့သမီးချောလေးတစ်ယောက်ရှိပါတယ်။ဘာလို့လဲဆိုတော့ကျနော်တို့ယူခါနီးအချိန်မှာမကမကောင်းတဲ့ကောင်တစ်ကောင်ရဲ့ယုတ်မာမှုကြောင့်အခုသမီးလေးကရရှိသွားရတယ်။မကျနော့်ကိုပြောပြခဲ့တဲ့အချိန်မှာကျနော်တော်တော်လေးစိတ်ထိခိုက်ခဲ့တယ်။ဒါပေမယ့်ယူဖို့အထိစီစဥ်ထားတဲ့မိန်းကလေးမို့ဖြစ်တာမို့သူလည်းစေ့စပ်ပွဲကိုလုပ်ပြီးမရဲ့အရှက်နဲ့ဂုဏ်သိက္ခာအတွက်ရော မ ကိုချစ်တဲ့စိတ်နဲ့ပါကျနော်အမြန်ဆုံးမကိုလက်ထပ်ခဲ့ပြီးသမီးလေးကျနော်တို့ကောင်းကောင်းမွန်မွန်မွေးဖွားနိုင်ခဲ့တယ်။ အဲ့အရာတွေကြောင့် မ ကကျနော့်ကိုအရမ်းအားနာနေခဲ့တာပေါ့။ကျနော့်ဖေဖေနဲ့မေမေကတော့ သမီးလေး၁နှစ်လောက်ထဲကဆုံးပါးသြားကြပါပြီ။ ကျနော်မနဲ့ဘယ်လိုစသိလဲဆိုတော့ မရဲ့မောင်အရင်းကျနော့်ယောက်ဖနဲ့ကျနော်နဲ့က အလုပ်စ၀င်ထဲကတူတူ၀င်ကြတာဆိုတော့ အကြားကြီးရင်းနှီးခဲ့ကြတယ်။ တစ်နေ့သူကသူ့အိမ်မှာကျနော့်ကိုထမင်းစားဖိတ်လို့သွားရင်းကနေ သူ့အမနဲ့တွေခဲ့တာပေါ့ဗျာ။ သူတို့မောင်နှမနှစ်ယောက်ကတော့ မိဘနှစ်ပါးလုံးကိုဆုံးရှုံးထားရတဲ့သူတွေပေါ့။အဲ့ကနေစပြီး ကျနော်သူမကိုသဘောကျခဲ့တယ်။နောက်ပိုင်းမှာတစ်ဖြေးဖြေးနဲ့ပိုပိုပြီးရင်းနှီးလာကြတယ်။ကျနော်1၉နှစ်ပြည့်တဲ့ချိန်မှာသူမကိုဖွင့်ပြောခဲ့တယ္ သူမကလည်းရှက်ရှက်နဲ့ကျနော့်အချစ်ကိုခေါင်းငြိမ့်လက်ခံခဲ့တယ် ကျနော် အသက်20အရောက် director ရာထူးရတဲ့အချိန်မှာ မေမေတို့နဲ့ပေးတွေပေးပြီးလူကြီးဆုံရာနဲ့သူကို့စေ့စပ်ခဲ့တယ်။ စေ့စပ်ပြီး လေးလအကြာမှာကျနော်တို့လက်ထပ်ဖြစ်ခဲ့ကြတယ်ဗျ။သမီးလေးရထဲကကျနော်ကသူမကိုအလုပ်ကထွက်စေပြီး အိမ်ရှင်မလုပ်ဖို့သာပြောခဲ့တယ်။ သူမကအလုပ်လုပ်နေစဥ်ကတည်းကအိမ်ရှင်မကောင်းတစ်ယောက်ပါ။ကျနော်ကသာ သူမကိုအိမ်မှာနားနားနေနေနေစေချင်တဲ့စိတ်ကြောင့်အလုပ်နားခိုင်းခဲ့တယ်။သူမကတော့အိမ်မှာပဲနေဆိုတဲ့အကြောင်းကြချက်မှာ မနေနိုင်ပဲအလုပ်လုပ်ဖို့သာကျနော့ကိုခဏခဏပြောတယ်။ကျနော်ယူထားတဲ့မိန်းမနဲ့ကလေးတွက် ကျနော့်မှာတာ၀န်အပြည့်အ၀ရှိတယ်။သူမကိုရော သမီးလေးကိုရော လိုလေစိတ်မရှိအောင်ကျနော်ထားပေးနိုင်အောင်ကြိုးစားတယ်ဒါပေမယ့်သူမကအဲ့တာကိုပဲအားနာနေတာပေါ့။တစ်အိမ်လုံးတွက်ကျနော်တစ်ယောက်ထဲရုန်းနေရတယ်လို့သူမစိတ်ကနေကျနော့်ကိုအရမ်းအားနာနေတာ။သမီးလေးသိတတ်တဲ့အရွယ်ရောက်ထဲက အလုပ်ပြန်လုပ်မယ်လို့ပြောထဲက သူမနဲ့ကျနော်စကားခဏခဏများရတယ်။အခုလည်းသူမကမျက်နှာမကောင်းဖြစ်နေပြန်ပြီလေ။အဲ့တာနဲ့ကျနော်လည်း " မ ဘာဖြစ်နေတာလဲမျက်နှာကမလန်းပါလားကွာ မ ဘာအလိုမကျဖြစ်နေတာလဲ မောင့်ကိုပြောလေ" အဲ့လိုပြောတော့သူမက
"မောင်ရယ် သမီးလေးကလည်းခုဆိုလေးနှစ်ထဲရောက်နေပြီလေ အရာရာကိုအနည်းနဲ့အများတော့သိတတ်နေပါပြီ ပြီးတော့မောင်တစ်ယောက်ထဲ အိမ်စား၀တ်နေရေးအတွက်ရော မနဲ့သမီးလေးကိုလည်းလိုလေစိတ်မရှိအောင်ဖြည့်စည်းပေးနေရတဲ့တာ၀န်ကနည်းတာမှမဟုတ်တာ အဲ့တာကြောင့် မ အလုပ်ပြန်လုပ်ချင်တယ်မောင် မကိုခွင့်ပြုပေးဖို့တောင်းဆိုချင်တယ်"ဟုဆိုကာလက်မောင်းအား အားကိုတကြီးလာကိုင်လေသည်။ကျနော်မှာကြားကြားချင်းဒေါသအရမ်းထွက်ရတယ်။ဒီကိစ္စကြောင့့်သူမနဲ့ကျနော်ပြဿနာခဏခဏတက်ရမှန်းသိရက်နဲ့ဒီစကားကိုခဏခဏသူမပြောလာသည်လေ။
ကျနော်လည်းလက်ကိုရုန်းထွက်ကာသူမအားဒေါသတကြီးကြည့်ပြီး " မ ကိုမောင်ပြောပြီးပြီပဲ။မောင်ကယောကျာ်း မောင့်ယူထားတဲ့မိန်းမနဲ့ကလေးအတွက်
မောင့်မှာတာ၀န်အပြည့်ရှိတယ် မောင်ကဒီအိမ်ကအိမ်ထောင်ဦးစီးပါကွ တစ်အိမ်လုံးအတွက်တော့မောင်ရှာကျွေးနိုင်ပါရဲ့လို့ခဏခဏပြောတဲ့စကားကို မ ကဘယ်တော့မှအလေးမထားဘူး။အဲ့စကားကိုထပ်မပြောတာကောင်းမယ် ကျနော်ဒီကိစ္စနဲ့ပတ်သတ်ပြီး မ ကိုစိတ်ထပ်မဆိုးချင်ဘူး တစ်သက်လုံးခွင့်မပြုမှာမို့လို့ ကျနော့်ကိုထပ်ခါထပ်ခါမတောင်းဆိုနဲ့ ကျနော်ရုံးရောက်မှတစ်ခုခုစားမှာမို့လို့ မ ကိိုယ်တိုင်ပဲ သမီးလေးကိုဒီနေ့တော့ကျောင်းလိုက်ပို့လိုက်ပါ ကျနော်သွားပြီ" ဟုဆိုကာသူမမျက်စိရှေ့ကနေသာထွက်လာလိုက်တော့သည်။မကြိုက်မှန်းသိရက်နဲ့ဒီစကားကိုခဏခဏပြောတဲ့သူမကိုတကယ်ပင်စိတ်ဆိုးမိပါသည်။မိုးလင်းထဲကမကြည်တဲ့စိတ်ကအခုတော့ပိုလို့တောင်ဆိုးသြားလေပြီ။ကျနော်ဘာမှဆက်မပြောချင်တာမို့ကားသာမောင်း၍ရုံးကိုသာလာခဲ့လိုက်တော့သည်။ရုံးရောက်တော့ ကျနော့်လက်အောက်ငယ်သားများကနှုတ်ဆက်လာ၍ပြန်လည်ပြုံးပြကာထွက်လာလိုက်တော့သည်။ရုံးခန်းထဲရောက်တာနဲ့နတ်ကတိုင်ကအနည်းလျော့ကာမျက်လုံးခဏမှိတ်ထားမိသည်။မကြာပါဘူးဖုန်း၀င်လာတာနဲ့ ရှုပ်ထွေးနေတဲ့စိတ်ကိုခဏဘေးဖယ်ထားပြီး ဖုန်းအားကောက်ကိုင်၍ "ဟယ်လုိ s group က director မြတ်ဘုန်းနောင်ပြောနေပါတယ်ခင်ဗျ"တစ်ဖက်က
"ဒီနေ့နေ့ခင်းကျနော်တို့် ကိုမြတ်ဘုန်းနောင်နဲ့ appointment လေးယူချင်လို်ပါခင်ဗျ"
"အော် ဘယ်သူလဲအရင်ပြောပေးလို့ရမလားခင်ဗျ ကျနော့နေ့လည်စာစားချိန်တော့အားပါတယ်'
ကျနော်က Myat groupရဲ့ personal assistant ပါခင်ဗျ ကျနော်တို့boss ကအကို့ကိုတွေ့ဖို့ပြောခိုင်းထားလို့ပါ အားရင်အကုိနဲ့တွေ့ချင်လို့ပါ"
"အဲ့တာဆိုလည်း နေ့ခင်း11နာရီလောက်အားပါတယ်ဗျ ဆိုင်တစ်ဆိုင်ဆိုင်ကိုပဲချိန်းလိုက်ပါ"
"ဟုတ်ကဲ့ပါခင်ဗျ ကျနော်တို့ ဆိုင်လိပ်စာကိုခဏနေရင်ပို့ပေးလိုက်ပါ့မယ် မအားတဲ့ကြားကအခုလိုလက်ခံပေးလို့ကျေးဇူးတင်ပါတယာဗျ"
"ရပါတယ် အဲ့ကိစ္စအတွက်ပဲဆိုဖုန်းချလိုက်တော့မယ်ဗျ ကျနော်လုပ်စရာလေးတွေရှိနေသေးလို့"
"ဟုတ်ကဲ့ပါခင်ဗျ' ဟုဆိုလာတာနဲ့ဖုန်းကိုအရင်ချလိုက်ပြီး လုပ်စရာရှိတာများကိုသာဆက်လုပ်နေလိုက်သည်။
Time skipနေ့ခင်း11နာရီရောက်တော့ ကျနော့်ကိုချိန်းထားတဲ့နေရာကိုရောက်လာခဲ့တယ်။ဆိုင်ထဲ၀င်၀င်ခြင်းမှာပဲ ဆိုင်ကန်ထမ်းလေးတစ်ယောက်ကအပြေးလာကာ
"အကိုက မြတ်ဘုန်းနောင်လားဗျ "ဟုဆိုလာတော့
"ဟုတ်တယ် မြတ်ဘုန်းနောင်ဆိုတာအကိုပါ"
"အဲ့တာဆိုကျနော့်နောက်ကိုလိုက်ခဲ့ပေးပါဗျ "
"ကောင်းပါပြီ"ဟုပြန်ပြောကာ ၀န်ထမ်းလေးခေါ်ရာနောက်သာလိုက်သြားမိတော့သည်။ အခန်းတစ်ခန်းရှေ့ရောက်တော့ထိုန်ထမ်းလေးကနောက်သို့လှည်လာကာ
"ဒီအခန်းပါဗျာ အထဲမှာ ဧည့်သည်တစ်ယောက်ရှိပါတယ် "
"ကျေးဇူးနော်ကောင်လေး "လို့ပြောကာသူ၀င်လာလိိက်သည်။သူ၀င်လာတဲ့အသံကြားတော့ထိုင်နေတဲ့ကောင်းလေးတစ်ယောက်ကိုတွေ့ရသည်။ခေါင်းငုံ့ထားသလိုဖြစ်နေတာမို့လိုသူလည်း၀ိုင်းရှိရာကိုသာဆက်လျှောက်သွားလိုက်သည်။ CEO ဆိုလို်အသက်ကြီးမယ်ထင်နေတာ ဒီကောင်လေးပုံကြည့်ရတာလူငယ်ပုံပဲလို့တော့တွေ့မိလိုက်သေး။ သူလည်းရောက်ကြောင်းအသိပေးကာထိုင်ခုံတစ်ခုတွင်၀င်ထိုင်လိုက်သည်။ သူ၀င်ထိုင်လိုက်သည်နှင့်အရှေ့ကလူသားကမော့ကြည့်လာလေသည်။မော့ကြည့်လာတော့မြင်လိုက်ရတဲ့ထိုလူ့မျက်နှာကြောင့်သူကြောင်အသွားစွာ ပါးစပ်အဟောင်းသားနဲ့မျက်တောင်မခတ်တန်းကြည့်နေမိလေသည်။
![](https://img.wattpad.com/cover/335358880-288-k225825.jpg)
YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...