ကိုကို့ ကိုဘယ်လိုထိန်းချုပ်ရမလဲတွေးရင်ပင် ထမင်းစားလို့ပြီးသွားခဲ့ပြီ။ကိုကို့ကိုကြည့်မိတော့လည်းဘေးခုံကပ်ရပ်မှာထိုင်ပြီးခေါင်းကိုငုံ့ကာထမင်းပန်းကန်ထဲမျက်နှာရောက်မတတ်ရှိလို့နေသည်။ထည့်ပေးထားသောထမင်းအနည်းငယ်မှာလည်းအခုချိန်ပင်တစ်၀က်မျှပင်မရောက်သေး။ပေတေတေလုပ်နေသူတမင်တကာကိုစိုက်၍ကြည့်နေပေးလိုက်သည်။ကြည့်နေမှန်းသိတော့ခေါင်းတစ်ချက်မော့လာကာ ချက်ချင်းပြန်ငုံ့နေကာအရင်ကထက်ပင်ထမင်းပန်းကန်ထဲရောက်မတတ်ပြန်ငုံ့နေပြန်၏။ကြာတော့မြတ်မောင်တစ်ယောက်စိတ်မရှည်တော့တာနဲ့ကိုယ့်ထမင်းစားခြင်းကိုအဆုံးသတ်ပြီးရေယူသောက်ကာ ဘေးကလူသား၏ထမင်းပန်းကန်ကိုဆွဲယူလိုက်မိသည်။ရုတ်တရက်ဆန်လွန်း၍လားမသိ ဘေးကလူသည်လန့်ဖြန့်ကာလူကိုမော့ကြည့်လာသည်။မြတ်မောင်လည်းထိုလူအားစိုက်ကြည့်လျက်ပင် အိမ်တော်ထိန်းအား "ကြီးမေ ကျနော်လုပ်ခိုင်းထားတဲ့နွားနို့ကိုနွေးရုံလေးပြန်နွှေးပြီးယူလာခဲ့ပေးပါအုံး"လို့ပြောလိုက်တာနဲ့ထမင်းစစားထဲကဘေးနားမှာကြည့်ပေးနေတဲ့ကြီးမေကချက်ချင်းလုပ်ပေးလေသည်။ထို့နောက်ဘေးကလူကိုကြည့်ကာ
"ထမင်းကိုဘယ်လိုစားနေတာလဲကိုကို ထမင်းစားပွဲမှာထိုင်နေတာတစ်နာရီနီးပါးရှိနေပြီ ခုထိကိုတစ်၀က်မကျိုးသေးပါလား ဘာလဲနမောင်ကကိုကို့ကိုခြမ်းခြောက်ယုံပဲလို့ကိုကိုထင်နေတာလား"
"မဟုတ်ပါဘူး ငါစားချင်စိတ်မရှိလို့ပါကွာ မင်းလုပ်ရဲတာငါသိပါတယ်"ဟူ၍ပြာပြာသလဲရှင်းပြလာလေသည်ကိုကြည့်တာနဲ့ပင်မြတ်မောင်ကိုအတော်လေးလန့်နေမှန်းသိသာလေသည်။ မြတ်မောင်လည်းမျက်နှာအားခပ်တည်တည်ထားကာ "မနက်ထဲကဆိုးချင်တိုင်းဆိုးနေလို့ခုဖိအစားမစားရသေးဘူးမလား ဘာကိုမစားချင်တာလဲ
မောင့်ကိုဒေါသထွက်အောင်လုပ်နေတာလားကိုကို မောင်ဒေါသထွက်လာရင် ကိုကို့အတွက်ကောင်းတာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုကိုသိလား"
"သိ သိပါတယ် ဟိုဗိုက်ကမစာချင်သလိုဖြစ် ဖြစ်နေတော့လေ"
"တော်တော့ကိုကိုဆက်မပြောနဲ့တော့ မောင်ဒီထက်ပိုပြီးဒေါသထွက်မလာခင်ကိုကိုရပ်လိုက်တော့ ကိုကိုဒီထမင်းအပြင်နောက်တစ်ပန်းကန်ကိုပါထပ်စားရမယ် ဒါကကိုကိုထမင်းစားရင်းအချိန်ဆွဲနေလို့ခံရတဲ့အပြစ်ပဲ မောင်ကိုယ်တိုင်ခွံ့ကျွေးမယ်"
"ဟိုလေ..ကိုယ့်ဘာသာပဲစား ..... "
"စကားတစ်ခွန်းကိုနှစ်ခါထပ်မပြောဘူး ခုချက်ချင်းပဲပါးစပ်ကိုဟလိုက်တော့"ဟုပြောတော့ကြောက်ကြောက်လန့်လန့်ဖြင့်ပါးစပ်လေးကိုဟပေးလာသည်။မြတ်မောင်လည်းကိုကိုကြိုက်တတ်တဲ့ဟင်းတွေကိုထည့်ကာတစ်လုပ်ချင်းသေချာခွံ့ကျွေးလိုက်၏။ဒုတိယမြောက်ပန်းကန်စားနေသည့်အချိန်တွင်
"ဟိုလေ မြတ်မောင် ငါတကယ်ဗိုက်တင်းသြားလို့ မစားလို့မရဘူးလားဟင် "
"ဗိုက်၀တာသေချာလား ကိုကို"
သေ ..သေချာပါတယ် တကယ်ပြောတာပါ" မြတ်မောင်လည်းကိုကို့ထမင်းတော်တော်၀င်သွားသည်မို့ကိုင်ထားသောပန်းကန်ကိုချလိုက်ကာ ကြီးမေပေးထားတဲ့နွားနို့ခွက်ကိုသကြားအနည်းငယ်ထထည့်ကာကိုကို့ရှေ့သို့တိုးပေးလိုက်သော်လည်းနားမလည်သူကအူကြောင်ကြောင်ဖြင့်သူ့အားမော့ကြည့်လေသည်။
"ကြည့်မနေတဲ့ကိုကိုသောက်ဖို့ပေးတာ ကုန်အောင်သောက်"
"ဟို ငါကနွားနို့မကြိုက် .... "
"မကြိုက်လို့မရဘူး ကြုိက်ရမယ်နေ့တိုင်းကိုကိုနွားနို့သောက်ရမယ်"
"ငါတကယ်မကြိုက်လို့ပါကွာ တောင်းပန် ..... "
"ထပ်ပြောရင်တစ်ခွက်ကနေနှစ်ခွက်သောက်ရမယ် ဘယ်လိုလဲသောက်ချင်လား"
"ဒါပဲသောက်လိုက်ပါ့မယ်"ဆိုကာ ခွက်ကိုယူ၍မျက်လုံးစုံမှိတ်ကာသောက်လေတော့သည်။ မြတ်မောင်လည်းနွားနို့ကုန်သွားတော့မှာကိုကို့အားထမင်းစားခန်းထဲမှခေါ်လာကာ ဧည့်ခန်းကနာရီအားတစ်ချက်လှမ်းကြည့်လိုက်သည်။အချိန်ကည 9နာရီနီးပါရှိနေပြီဖြစ်၍ကိုကို့အားဧည့်ခန်းထဲတွင်ရုပ်ရှင်ပြမည့်အစီအစဥ်ကိုဖျက်ကာအိမ်ပေါ်ထပ်ကိုသာခေါ်လာထဲ့လိုက်တော့့သည်။ အခန်းထဲရောက်တော့ "အိပ်တော့ကိုကို မောင်အနားမှာရှိနေမယ်"
" မအိပ်ချင်သေးလို့မအိပ်လို့မရဘူးလားဟင်"
"အဲ့တာဆိုရင်ကိုကိုပင်ပန်းပြီးအိပ်ပျော်သွားအောင်မောင်ကဲဦးဆောင်ပြီးလုပ်ပေးမယ်"ဟုရွဲ့ပြောလိုက်တော့မျက်လုံးပြူးကာစောင်ကိုအတင်းဆွဲယူပြီး "အိပ်ပြှီနော် တကယ်အိပ်ပါ့မယ်"ဟုပြောကာကုတင်းရင်းဘက်တိုးကာကွေးကွေးလေးအိပ်နေတော့သည်။ မြတ်မောင်လည်းအိပ်ချင်ယောင်ဆောင်သူအားတစ်ချက်ကြည့်ကာကုတင်ဘေးကခုံတွင်သာထိုင်၍မနက်ကကုမ္ပဏီကစာရင်းတွေကိုသာပြန်ကြည့်၍လက်မှတ်ထိုးပေးရန်ပြင်ရတော့သည်။ခဏအကြာတွင်ကိုကို့ဆီက အသံတစ်ခုခုကိုတော့ကြည့်လိုက်တော့တကယ်ကိုအိပ်မောကြနေလေပြီ။ မြတ်မောင်လည်းစာရင်းတွေအားပိတ်၍စားပွဲတွင်တင်ထားလိုက်ပြီး ခုတင်၌၀င်လှဲကာ ကလေးကိုကို ကိုဖက်၍တစ်နေ့တာပူပန်မှုတွေအားမျက်လုမှိတ်၍အနားယူစေတော့သည်။

YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...