မြတ်ဘုန်းနောင်pov: လမ်းတစ်လျှောက်ကျနော်ဟာကားမောင်းရင်း အိမ်ပြန်ရောက်ရင်ဘယ်အရာဟာသူတို့တွက်အမှတ်တရကောင်းတွေကိုဖြစ်စေနိုင်မလဲဆိုတာကိုတွေးနေမိတယ်။ ကျနော်ဟာ မ နဲ့သမီးလေးကိုထားခဲ့ဖို့ဆိုရင် မ အမြင်မှာကျနော်ကကိုယ်လွှတ်ရုန်းပြီးအိမ်ထောင်ရေးဖောင်ပြန်တဲ့ကောင်လိုမမြင်စေချင်ပါ။မလွဲသာမရှောင်သာလို့ဖြစ်သွားတဲ့အခြေအမျိုးကို မ ကလက်ခံပြီး နားလည်ပေးနိုင်တဲ့ပုံဖြစ်အောင်ကျနော်ကဘယ်ကနေစကားစပြောရမလဲဆိုတာကိုစဥ်းစားရင်းနဲ့မောင်းလာသည်မှာ အခုဆိုအိမ်ယာနားတောင်ရောက်နေပြီပဲ။ လမ်းတစ်လျှောက်ကျနော်ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်မှာဒီတစ်ပတ်တွင်း မ နဲ့သမီးလေးအတွက်သူ့ကိုတစ်သက်လုံးအမှတ်ရစေဖို့အတွက် အမှတ်တရတွေဖန်တီးပေးခဲ့ဖို့ပင်။ ငရဲမကျခင်ဒီတစ်ပတ်မှာကျနော့်ဇနီးရောသမီးနဲ့ပါအစွမ်းကုန်ပျော်ဖို့တွေးလာခဲ့သည်။ကျနော်ထွက်သွားတဲ့အချိန်သမီးလေးရဲ့အမြင်မှာကျနော်ဟာအလုပ်ကြောင့်ပြည်ပကိုခရီးနှင်ခဲ့ရတဲ့လူလို့သာထင်စေခေင်လို့ပင်။ဒါကြောင့် မ နဲ့ သမီးကိုခေါ်ကာ ခရီးသွားဖို့ကိုလမ်းမှာထဲကဆုံးဖြတ်လာပြီးသားပင်။ ကားကိုပါကင်ထိုးပြီးသည်နဲ့ သူ့ဖုန်းကိုအတင်းယူကာ ထည့်ပေးသွားသောမြတ်မောင်၏ဖုန်းကိုဆက်သွယ်ရန်ပြင်ရသည်။ သူ့ကိုအသိပေးပြီးသွားတာဟာ မ ကိုကျနော်ကိုယ်တိုင်နားလည်အောင်ပြောပြပြီး မကိုယ်တိုင် လက်ခံပေးစေချင်ရုံပင်။ ဖုန်းနံပါတ်ရှာသည်နှင့်တန်းပေါ်လာသူဟာ မ ဖုန်းနံပါတ်ပြီးရင်သူ့ဖုန်းအ၀င်ကောလ်များတွက်ထိပ်ဆုံးနေရာယူထားလျက်ပင်။ဖုန်းခေါ်ပြီးမကြာတန်းကိုင်လေတော့ကျနော်ကပဲ" ဟယ်လို မင်းမြတ်မောင်မောင်နဲ့စကားပြောချင်လို့ပါခင်ဗျာ ကျနော့်နာမည် မြတ်ဘုန်းနောင်ပါ "
မြတ်မောင် "ဟယ်လို ကိုကို သေချာဆုံးဖြတ်ပြီးလို့အခုပဲလာပြန်ခေါ်ရမှာလားဟင် "
"မဟုတ်ဘူး ငါမင်းကိုပြောစရာရှိလို့ အသိပေးတဲ့သဘောမျိုးဆိုလည်းဟုတ်တယ်"
"ဆိုပါအုံး ကိုကိုကမောင့်ကိုဘာပြောမှာလဲ"
"ငါ ငါမိသားစုနဲ့မင်းပေးထားတဲ့အချိန်တစ်ပတ်တွင်းနယ်ေ၀းခရီးသွားချင်တာကို မင်းကိုအသိပေးတာပါ"
"ဘယ်ကိုသွားမှာလဲကိုကို မောင် မင်းကိုလိုက်ပို့တုန်းကဘာပြောခဲ့လဲ မင်း ထွက်ပြေးလို့လွတ်မယ်ထင်နေတာလားမောင့်ကိုပြော"
"ဒီမှာမင်းမြတ်မောင်မောင် ငါမင်းကိုရှင်း"ပဲပြောမယ် ငါနောက်ဆုံးအနေနဲ့ငါ့မိန်းမနဲ့သမီးကိုအမှတ်တရတွေနဲ့ငါ့ကိုသေလူလို့မသတ်မှတ်သွားကြအောင် ငါသူတို့နဲ့နောက်ဆုံးပျော်ရွှင်ချင်တယ်ပြီးတော့မင်းဆီလာရမယ့်ကိစ္စကိုလဲ မ ကသဘောထားကြီးစွာ လက်ခံပေးတဲ့အဖြစ်နဲ့ပဲမင်းဆီလာချင်တယ် အဲ့တော့မင်းစိတ်တိုင်းကျမလုပ်ဖို့ငါမင်းကိုတောင်းဆိုနေတာ"
"အိုခေလေ ဒါဆိုလည်း မောင်တို့ပြောထားတဲ့အတိုင်းတနင်္ဂနွေမှာ မောင် မင်းကိုလာခေါ်မယ် အဲ့နေ့မှာမင်းကအရာအားလုံးနဲ့အဆက်အသွယ်ဖြတ်ထားတာကိုပဲလိုချင်တယ် မောင်ဆိုလိုတာ မင်းသဘောပေါက်တယ်မလား"
"အေး ဒါဆိုငါဖုန်းချလိုက်တော့မယ်"ဟုပြောကာဖုန်းချပြီး မနဲ့ သမီးလေးဆီသာလျှောက်လာခဲ့တော့သည်။ အိမ်ထဲသို့ရောက်တော့ သမီးလေးကဆော့နေရာမှ ကျနော်ဆီပြေးလာပြီး "ဖေဖေ ဘာလို့နောက်ကျတာလဲဟင် မီးမီးကစောင့်နေတာကို"
"ဟုတ်ပါ့ဗျာ ဖေဖေ့မင်းသမီးလေးကစောင့်လိုက်ရလို့ဖေဖေကပဲတောင်းပနာပါတယ်ဗျာ တောင်းပန်တဲ့အနေနဲ့ ဖေဖေကမီးမီးကို ခရီးလိုက်ပို့မယ်ဗျာ "
"ဖေဖေတကယ်ပြောနေတာလားဟင် " "မောင် တကယ်ပြောနေတာလား"
"အွန်း မောင်တို့ မိသားစုအပျော်ခရီးထွက်ရောက်အောင် မောင်မင်းတို့ကိုနောက်ဆုံးအနေနဲ့ပျော်အောင်ထားသြားချင်လို့ " "ဟယ် မောင်ရှင်ဘာတွေပြောနေတာလဲ"
"ကဲပါ ခုသမီးလေးအတွက်နဲ့မောင့်အတွက်အ၀တ်စားပြင်ထားလိုက် မ အတွက်ရော မောင်ရေချိုးလိုက်အုံးမယ် တစ်ခုခုစားပြီးသွားကြတာပေါ့"
"ဖေဖေဘယ်ကိုသွားမှာလဲဟင် "ဟုဆိုကာ သမီးလေးက ကျနော့်အင်္ကျီစကိုကိုင်ကာမေးလေသည်။အဲ့တာနဲ့ကျနော်လည်းသမီးလေးနဲ့တန်းတူဖြစ်အောင်ထိုင်ချကာ
"ဖေဖေ့ရဲ့မင်းသမီးလေးကဘယ်ကုိသွားချင်ပါသလဲဗျ" "ဖေဖေ့ကမီးမီးသွားချင်တဲ့နေရာကိုလိုက်ပို့မှာလားဟင်" "ဒါပေါ့ဗျာ ဖေဖေက မင်းသမီးလေးသွားချင်တာကိုလိုက်ပို့မှာပေါ့ " "ရေး...... ဒါမှမီးမီးဖေဖေကွ"ဟုဆိုကာသမီးလေးကတော့အိမ်ထဲတွင်ပတ်ပြေးနေလေတော့သည်။သမီးလေးရဲ့အပျော်ကိုမြင်တော့ကျနော့်မှာပိုပြီး၀မ်းနည်းရပါပြီ။သမီးလေးရှေ့မှာမို့မျက်ရည်မကျအောင်ထိန်းထားရသည်။ မ ကမြင်သွားသည်ထင်ပါရဲ့ ကျနော့လက်ကိုဆွဲကာအခန်းထဲသို့၀င်ပြီး ကုတင်ပေါ်တွင်ထိုင်လျက် "မောင် စိတ်ညစ်စရာရှိလို့လား မေ့ကိုပြောပြလေ မောင်တစ်ယောက်ထဲကြိတ်မခံပါနဲ့နော်"
"မေ မောင်မင်းကိုတောင်းပန်ပါတယ် မောင်မင်းကိုတစ်သက်လုံးစောက်ရှောင့်ပါမယ်လို့ပြောပြီး မောင်ကတိမတည်နိုင်တော့ဘူးထင်တယ်မေ မောင့်ကိုခွင့်လွှတ်ရဲ့လားဟင် "
"မောင်ရယ် ဘာပြဿနာရှိလို့လည်း မေ့ကိုိအကြောင်းစုံပြောပြပါလားဟင် မေစိတ်ပူလာလို့ပါ "
"ကောင်းပြီ မောင် ပြောပြမယ် ဒီလို.................................... time skip "
"မောင်ရယ် မေ့ကြောင့်မောင်အခုရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေပြီ မေတောင်းပန်ပါတယ်နော်"
"မ တောင်းပန်စရာမလိုပါဘူး မောင်ကိုယ်တိုင်ကချစ်လို်ယူခဲ့တာပါ မောင်ဒီဆုံးဖြတ်ချက်ချတယ်ဆိုတာကလဲ မောင် မင်းနဲ့သမီးလေးကိုမဆုံးရှုံးချင်လို့ပါ မေရယ် မောင့်ကိုနားလည်ပေးပါနော် "
"သေချာပေါက်နားလည်ပေးတာပေါ့ရှင့် မောင်က မေ့အတွက်အိမ်ထောင်ဖက်ကောင်းတစ်ယောက်သာမက အစ်ကိုလိုရော အဖေလိုပါအားကိုးရတဲ့ယောကျာ်းပါ ခုလိုဆုံးဖြတ်တာကို မေလက်ခံပေးပါ့မယ် သမီးလေးကိုတော့မေကြည့်ပြောထားပါ့မယ် မောင်သာ အဲ့ရောက်ရင်ပျော်ပျော်နေနော် "ဟုပြောလာတော့ကျနော့်မှာ မကို အားနာလွန်းလို့ မျက်ရည်တွေပါကျလာရပြီး "မောင်တောင်းပန်ပါတယ် မေရယ်"လို့သာပြောကာ မ ရဲ့ရင်ခွင်ထဲကိုင်ကာငိုရိုက်မိသည်။ "မောင် မေတို့သမီးလေးနဲ့ခရီးသွားမယ်ဆို မောင်ငိုပဲငိုနေတော့မှာလားဟင် ဖြစ်လာတာကို ပြောင်းလဲလို့မှမရပဲမောင်ရယ် ငိုမနေပါနဲ့တော့နော် မေတို့ရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သွားနိုင်တဲ့ဒီတစ်ပတ်ကိုသမီးလေးနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရအောင်နော် "ကျနော့်ကိုသာမငိုပါနဲ့ပြောနေတဲ့သူမက သူမရဲ့မျက်နှာမှာလည်းမျက်ရည်တွေနဲ့ဆိုတာကိုသတိမထားမိပေ။ကျနော် မ ပါးပြင်နုနုလေးကိုကိုင်ကာ
"မောင်မင်းကိုအရမ်းချစ်တာနော် မေ မောင့်ကိုမေ့မပစ်ပါနဲ့ " ဟုပြောကာ ရောက်ရှိလာသောကံကြမ္မာကိုသာအပြစ်တင်ရုံသာရှိတော့သည်။

YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...