Unicode part-1

30 2 1
                                    

အိမ်တစ်အိမ်ရှိဧည့်ခန်းထဲတွင် မျက်နှာချင်းဆိုင်တွင်ထိုင်ခုံများတွင်မိသားစုနှစ်စုမျက်နှာချင်းဆိုင်ထိုင်နေလျက်ရှိသည်။ထိုလူများထဲတွင်ခြောက်နှစ်သားကလေးအရွယ်၏စကားတစ်ခွန်းကြောင့်ထိုင်ခုံရှိလူကြီးများအားလုံးကြောင်အသွားလေးတော့သည်။
မြတ်မောင်"ကိုကိုသားကိုလက်ထက် သားကြီးလာရင်ကိုကိုကသားအပိုင်ဖြစ်ရမယ်" ဟူသည့်ထိုစကားကြောင့်ရှေ့ကကောင်ငယ်လေးမှာလည်းကြောင်အသွားရလေတော့သည်။
မြတ်မောင်မိခင်"ဟဲ့သား ဒီကလေးကတော့ စနေပြန်ပါပြီ အဲ့လိုမစရဘူးလေသားငယ်လေးရဲ့ သားကိုကိုကဟိုမှာကြောက်နေပြီ ကိုကို့ကိုကြောက်အောင်မလုပ်ရဘူးကိုကိုကသားနဲ့မဆော့ပေးရင်ဘယ်လိုလုပ်မလဲ နောက်ခါအဲ့လိုမလုပ်ရဘူးနော်"ဟု မြတ်မောင်ကို၀င်ဟန့်လေတော့သည်။ ထို့နောက်မြတ်အောင်၏ဖခင်ကသားဖြစ်သူပြောသည်ကိုသဘောတကျရည်မောပြီး
"ငါ့သားကတော့လုပ်ချလိုက်ပြန်ပြီ အဲ့ကလေးအလည်းအေးသလောက် စကားပြောလိုက်ရင်လည်းအဆန်းတွေကြီးပဲဘယ်သူနဲ့တူမှန်းမသိပါဘူးကွာ"ဟုပြောတော့ရှေ့ကမိသားစုကလည်းရည်သံလေးများထွက်လာလေတော့သည်။သို့ပေမယ့်ကောင်ကလေးကအခုထိမျက်လုံးပြူးဖြင့်ြမတ်မောင်ကိုကြည့်နေသည်။ထိုကောင်ကလေးကတော့မြတ်ဘုန်းနောင်ပင်ဖြစ်သည်။
နောင်နောင်ရှေ့ကကလေးပြောစကားကြားပြီးအံ့သြရသည်မှာခုထက်ထိပင်။ထိုကလေးပြောလိုက်သောစကားကို မိခင်နဲ့ဖခင်ဖြစ်သူကပါရည်မောနေတာတွေ့ရတော့ပိုအံ့သြရသည်။ဒီကလေးခြောက်နှစ်ပဲရှိသေးတယ် ဒီလိုတွေပြောတတ်နေပြီ။အံ့သြလို့ပြီးရုံရှိသေးနောက်စကားတစ်ခွန်းကြောင်နောင်နောင့်မှာမေဝပါလဲချင်သွားလေတော့သည်။
မြတ်မောင်" မေမေ အဲ့ကိုကို့ကိုမေးပေး သားကိုယူမှာလားလို့ သားအပိုင်တစ်သက်လုံးဖြစ်ပေးမှာလားလို့"
နောင်နောင်က"ကိုကိုကယောကျာ်လေးလေ မင်းကလည်းယောကျာ်းလေးလေကွ ကိုကိုတို့ကဘယ်လိုလုပ်ယူလို့ရမှာလဲ ကိုကိုကကြီးလာရင်မိန်းမပဲယူမှာ မင်းကိုယူလို့မရဘူးကွ" ဟုပြန်ပြောလိုက်လေသည်။ထိုကလေးကသူ့စကားကြားပြီး ခုံရှေ့ကစားပွဲကိုလက်ဖြင့်ရိုက်ချကာ မျက်လုံးရဲရဲကြီးများအတွင်းမျက်ရည်၀ဲလျက်"ကိုကိုသားကိုပဲယူရမှာ ကိုကို့ဘယ်သူ့ကိုမှယူလို့မရဘူး သားကြီးလာရင်ကိုကို့ကိုအပိုင်ဖြစ်အောင်လုပ်မှာ ဖေဖေကူပြောအုံး ကို့ကို့ကိုသားအပိုင်လုပ်ခိုင်း"ဟု ရှေ့ကနောင်နောင်ကိုလက်ညိုးထိုးလျက်သူ့ဖေဖေအားလှမ်းပြောလေသည်။ထိုအခါနောင့်နောင့်မေမေက နောင်နောင့်အား "သားရယ် ညီလေးကကလေးပဲရှိသေးတယ်လေ ညီလေးကသားငယ်ခင်လို့အဲ့လိုပြောတာပါကွယ် သားကအကြီးလေ ကလေးကိုလျော့ပေးလိုက်ပါ သူကအဓိပ္ပယ်ကိုမသိပဲပြောလိုက်တာကို သားကညီလေးကိုငိုအောင်မလုပ်ရဘူးလေ လုပ်မယ်လို့ပြောလိုက်ပါကွယ်"ဟု နောင့်နောင့်အားကျောလေးသပ်ပေးလျက်ပြောလာလေသည်။ ရှေ့ကကလေးအမေကပါ"သားရယ်အင်းလို့ဖြေလိုက်ပါဒီကလေးကသူဒါဆိုဒါမှမို့လို့ပါကွယ်"ဟုပြောလာသည်ကြောင့်လူကြီးများအားအားနာသဖြင့်ထိုကလေးအားကြည့်ကာ "ကောင်းပြီး ကိုကိုမင်းအပုိင်လုပ်မယ် ရပြီလား"ဟုပြောလိုက်လေသည်။ဒါတောင်ထိုကလေးကမကျေနပ်နိုင်ဘဲ လက်သန်းသေးသေးလေးအားရှေ့သို့ထုတ်လာပြီးကတိလားတောင်းလေရဲ့။နောင်နောင်လဲ ပြီးပြီးရောဆိုပြီး သူ့လက်သန်းဖြင့်ထိုကလေးလက်အား ချိတ်ကာ အေးကွာဆိုပြီးပြောလိုက်လေသည်။ထို့သို့ပြောလိုက်မှသာထိုကလေးကမျက်ရည်များသုတ်ပြီး ထိုင်ခုံတွင်ပြန်ထိုင်ကာ သူ့ကိုစိုက်ကြည့်လျက် "ကိုကိုကသားအပိုင်"ဟုပါးစပ်လုှပ်ရုံမှပြောပြီး သူ့မေမေဘေးတွင်ပြန်ထိုင်နေသည်။ထို့နောက်လူကြီးတွေကသူတို့စကား၀ိုင်းကိုပြန်ဆက်လျက်ရီရီမောမောဖြင့်ပြောဆိုနေကြပြီး ထိုကလေးပေါက်စနကတော့နောင်နောင့်ကိုသာစိုက်ကြည့်နေလေတော့သည်။ထို့နောက် မေမေတို့နှင့်အိမ်သို့ပြန်လာပြီး နောင်နောင်အခန်းထဲသို့၀င်ကာ ရေချိုးလျက် ဖြစ်လာသမျှကိစ္စကိုမေ့ပြစ်ပြီး ကုတင်ပေါ်သို့သာတက်၍အိပ်စက်လိုက်သည်။နောက်နှစ်ရက်သုံးရက်ကြာတဲ့အခါမှာ ထိုကလေးတို့မိသားစုကနိုင်ငံခြားကိုအပြီးပြောင်းသွားကြောင်း မေမေတို့ကပြောပြလာခဲ့၍နောင်နောင်တစ်ယောက်သိလိုက်ရလေတော့သည်။သူလည်းခဏမျှတွေ့ဖူးသည့်ကလေးမို့အမှတ်တမဲ့သာနေလိုက်လေတော့သည်။

ကိုကိုကမောင့်အပိုင်Where stories live. Discover now