မြတ်မောင်တစ်ယောက်ကိုကို့ကိုမျက်ရည်တွေနဲ့တွေ့ရတာရင်နာလှသည်။တစ်ပါးသူအတွက်သူ့ကိုဒူးထောက်ခဲ့တဲ့သူ သူမကြိုက်တဲ့မျက်ရည်တွေကိုကျလာစေနိုင်တဲ့အထိသူမအပေါ်ချစ်တဲ့အချစ်တွေကိုကျနော်စိတ်နာသည်။အရိုးရှင်းဆုံးပြောပြရမယာဆိုရင် ကိုကို့ကိုစိတ်နာသည်ပေါ့ ဒါပေမယ့် သူ့ကိုယ်သူထက် ကိုကို့ကိုပိုချစ်မိတဲ့သူကကိုယ်တိုင်ဖြစ်နေတာကိုလဲမုန်းတယ်
မျက်ရည်တွေကျေနေဆဲဖြစ်တဲ့ကိုကို့ကိုသူဘယ်လိုမှဆက်မကြည်နိုင်တော့ပေ။အဲ့တာကြောင့်ထရပ်ပြီးကိုကိို့ကိုကျောပေးလိုက်ကာသူလည်းကျချင်နေတဲ့မျက်ရည်ကိုလက်နဲ့မသိမသာပုတ်ထုတ်လိုက်ပြီး
"တစ်ပတ်ပဲကိုကို တစ်ပတ်ဆိုတဲ့အချိန်ဟာအရာအားလုံးကိုအဆက်အသွယ်ဖြတ်ဖို့လုံလောက်တဲ့အချိန်ပဲ"လို့ပြောတော့ကိုကိုကဘာမှတော့ပြန်မပြောပါ။ရိှုက်ရှိုက်ပြီးသာငိုနေသေသည်။သူလည်းပြန်ပြောမှာမဟုတ်မှန်းသိတာကြောင့်သူပြောစရာရှိသာကိုသာဆက်၍ပြောရန်ပြင်လိုက်သည်။ "အဲ့တစ်ပတ်အတွင်းမှာ မောင် ကိုကို့ကိုလာမတွေ့ဘူး အဆက်အသွယ်လည်းမလုပ်ဘူး မင်းမိသားစုတွေနဲ့ပျော်ဖို့ပေးထားတဲ့အချိန်မှာအပြည့်အ၀ပျော်ထားပါ မောင် မင်းကိုနောက်အပတ် Sunday မှာလာခေါ်မယ် အားလုံးကိုအဆက်အသွယ်ဖြတ်ပြီးတာကိုပဲလိုချင်တယ် မောင်မင်းကိုအချိန်ပေးတယ်ဆိုတာအဆက်သွယ်ဖြတ်ဖို့နဲ့မင်းမိသားစုကိုခဏပျော်အောင်ထားပေးဖို့ပဲ ထွက်ပြေးဖို့မဟုတ်တာကြောင့် မောင်မင်းကိုထွက်ပြေးလို့မိရင် မင်း မောင့်အဆိုးမဆိုနဲ့ ကဲအခုထတော့ မင်းထမင်းနည်းနည်းစားလိုက် အလုပ်ကိုမောင်တစ်ပတ်ခွင့်ယူဖို့ပြောပေးထားတာမို့ ဒီတစ်ပတ်အတွင်းမှာစိတ်ပျော်စရာကိစ္စတွေပဲလုပ်ပြီးမောင့်ဆီလာဖို့ပြင်ထား"ဟူပြောကာ လက်ကိုအသာဆွဲထူလိုက်တော့ပါလာလေသည်။မလှုပ်မရပ်အတိုင်းကိုပါလာသည်။မျက်နှာပေါ်ကမျက်ရည်တွေကိုတစ်ရှူးနဲ့သုတ်ပေးပြီး
ခုံပေါ်ပြန်ထိုင်စေသည်။လုပ်ပေးတော့လည်းလုပ်ပေးတဲ့အတိုင်းမလုှပ်မရပ်ထိုင်နေသေးတုန်းပဲ။
"ကဲအခုထမင်းစားလိုက်တော့နော်ကိုကို မင်းအတွက်မောင်သေချာမှာထားတာ" ဟုပြောပြီးဟင်းတွေခပ်ထည့်ပေးပြန်တော့လည်းမစားဘဲငုတ်တုတ်သာထိုင်နေလေသည်။လူကတစ်ဖြည်းဖြည်းဒေါသကထွက်လာတာနဲ့ စားပွဲကို့လက်ဖြင့်တစ်ချက်ရိုက်လိုက်တော့ခန္ဓာကိုယ်လေးကတုန်တက်သွားလေသည်။သူလည်းစိတ်မရှည်တော့တာနဲ့ " တောက် ဘာလဲ မင်းကမောင်ခွံ့ကျွေးမှစားမှာလား မောင်မင်းကိုတစ်ပတ်တောင်လိုက်လျောပေးထားပြီးသားနော် အခုလိုပုံစံဆက်လုပ်နေရင်ခုချက်ချင်း မင်းအိမ်ကိုကွာရှင်းစာချုပ်ပို့ခိုင်းပြီး မင်းကိုအိမ်ခေါ်သွားလိုက်တော့မယ်"အဲ့ကြတော့မှာအတုန်တုန်အရီရီဖြင့် ဇွန်းနဲ့ခရင်းကိုထကိုင်လာသည်။
"မဟုတ်......မဟုတ်ပါဘူး စား.......စားပါ့မယ်"
"စားတော့ ကိုကို့ကားကိုမောင်းအတွင်းရေးမှူးကိုပို့ခိုင်းထားလိုက်ပြီ ထမင်းစားပြီးရင်မောင်မင်းကိုအိမ်ထိပြန်လိုက်ပို့ပေးမယ်" လို့ပြောတော့မျက်လုံးအပြူးသားဖြင့်ကြည့်လာသည်။ "မောင့်ကိုမကြည့်နဲ့ မင်းကိုဘာမှလုပ်မှာမဟုတ်ဘူး အိမ်ပြန်ပို့ပြီးလို့် မောင်ပြန်တာနဲ့မင်းကိုတစ်ပတ်လုံးလာနှောက်ယှက်မှာမဟုတ်လို့ မင်းစိတ်ချလက်ချနေလို့ရတယ် " အဲ့လိုပြောလိုက်တော့မှထမင်းကိုပြန်ငုတ်စားလေသည်။
Time skip
"ကဲထမောင်တို့ပြန်ကြမယ် "ဟုလက်ကိုအသာလှမ်းဆွဲလိုက်တော့ အတုန်တုန်အရီရီဖြင့် မရဲတရဲဖြင့်သူ့ကိုစကားပြောလာသည်။ "ဟို............ဟိုလေ..... ငါဘာ့သာပဲ taxi စီးပြီးပြန်လိုက်လို့ရပါတယ် မင်းအလုပ်ရှုပ်နေပါမယ့် ကိုယ့်ဘာသာပြန်လို့အဆင်ပြေပါတယ်"ဆိုပြီး ထမင်းစားတဲ့တချိန်လုံးဘာအသံမှမထွက်တဲ့သူကခုတော့အသံထွက်လာပြီ။ပြောလာတဲ့စကားကလည်း ဘုဂလန့်စကား။ပြောပြီး ကျနော့်မျက်နှာကိုမျှော်လင့်တကြီးမော့ကြည့်လာသည့်ကိုကိုဟာ အသဲယားစရာကောင်းလှလေသည်။ သူဘာမှမပြောခင်မော့ကြည့်နေတဲ့ကိုကုိ့ကိုခပ်စူးစူးတစ်ချက်ကြည့်ပြီး "ဘာမှထပ်မပြောနဲ့ လိုက်ပို့မယ်လို့ပြောပြီးပြီး ထပ်ပြောရင် မောင် မင်းကိုဘာမှမလုပ်ပါဘူးလို့ပေးလိုက်တဲ့ကတိကိုမောင်အခုပဲဖျက်လိုက်တော့မယ်"ဟုခြိမ်းခြောက်လောက်တော့ မျှော်လင့်တကြားကြည့်နေတဲ့မျက်လုံးကနေ ကြောက်သြားတဲ့မျက်လုံးကိုပြောင်းသွားပြီး ခေါင်းကိုရမ်းခါပြီး "အဲ့လိုတော့မလုပ်..... မလုပ်ပါနဲ့ မင်းလိုက်ပို့မယ်ဆိုလည်းသဘောပါ လိုက်ပို့ပါ " လို့ပြောလာတဲ့ကိုကိုကချစ်ဖို့အလြန်ကိုကောင်းပါသည်။တုန်ချင်နေတဲ့လက်လေးကိုအသာဆွဲယူလိုက်တော့ မျက်လုံးအပြူးသားဖြင့်မော့ကြည့်သည်။မော့ကြည့်လာတဲ့ကိုကို့ကို 'ဘာလဲ'ဆိုတဲ့ပုံစံနဲ့မျက်ခုံးပင့်ကြည့်လိုက်တော့ မျက်လွှာပြန်ချသွားသည်။ ကိုကို့ရဲ့အမူအရာတွေကသူ့ကိုရင်ခုန်စေပါသည်။ရုန်းချင်နေတဲ့ကိုကို့လက်လေးကိုဆွဲကာ ဆိုင်ထဲမှထွက်လာခဲ့လိုက်သည်။ ဆိုင်၀န်ထမ်းတွေကြည့််နေလို့ထင်ပါရဲ့ ကိုကိုကသူ့လက်ကိုရုန်းလာသည်။သူလည်းမသိချင်ယောင်ဆောင်ကာ လက်ကိုအတင်းဆုပ်ကိုင်ကာ ခပ်တည်တည်ပဲထွက်လာလိုက်သည်။ကားပေါ်ရောက်တော့ ခါးပတ်ပတ်ပေးကာ သူ့နေတဲ့အိမ်ယာထဲသာလိုက်ပို့လိုက်သည်။ အိမ်ယာအောက်ရောက်တာနဲ့ ခါးပတ်အတင်းဖြုတ်ပြီး ကားတစ်ခါးဖွင့်တော့မှကြောင်ဆိုးလေးအားသူမဖွင့်ခင်တံခါးကိုလော့ချလိုက်တော့ သူ့ကိုပြန်ကြည့်လာသည်။
"မောင်ဘာမှမလုပ်ပါဘူးဗျာ ကိုကို့ကိုပေးဆင်းမှာပါ မောင်ဒီတစ်ပတ်တွင်းမင်းကိုလာကြည့်မှာမဟုတ်ဘူး။အဲ့လိုပြောတာကိုအခွင့်ကောင်းယူပြီးထွက်ပြေးဖို့မစဥ်းစားနဲ့နော်ကိုကို။မောင့်ဆီမှာပြန်မိသွားရင် ကိုကို့ဘ၀ကိုကိုတွေးထားလိုက်တော့ သွားတော့ မောင်မင်းကိုမြင်ရင်စိတ်မထိန်းနိုင်တော့ဘူး" ဆိုပြီး ကားတံခါးပြန်ဖွင့်ပေးလိုက်တော့ တံခါးကိုတန်းဖွင့်ပြီးဆင်းပြေးတော့သည်။သူ့ကိုကိုဟာတကယ့်ကိုအကြည်ဓာတ်လေးဖြစ်ပြီး သူ့ကိုကိုဋ္ရဲ့အမူအရာတွေဟာ သူ့ကိုဆွဲဆောင်နေသလိုဖြစ်နေလေသည်။ သူလည်းကိုကို၀င်သွားတာကိုကြည့်ပြီး မြင်ကွင်းကပျောက်သွားတော့မှ သူလည်းကားလေးမောင်းပြီးပြန်ထွက်လာခဲ့တော့သည်။ပါးစပ်ကနေလဲတိုးတိုးလေး "မောင်တို့တစ်ပတ်ကြာရင်ပြန်တွေ့ကြမယ်နော်ကိုကို"ဟုရေရွတ်ခဲ့မိသေးသည်။
(A/N part- 7 မှာဇာတ်လမ်းလေးနည်းနည်းပြင်ထားတာမို့လို်ပြန်သွားဖတ်ပေးကြပါအုံးနော် အဲ့လိုပြင်လိုက်မှအဆုံးထိသွားလို့ရမဲ့အကြောင်းဖြစ်နေလို့ပါ ကျေးဇူးတင်ပါတယ်ရှင့်)
![](https://img.wattpad.com/cover/335358880-288-k225825.jpg)
YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...