"မောင် ပြန်လာပြီနော်ကိုကို"ဟုရေရွတ်ကာ ပတ်၀န်းကျင်ကိုတစ်ချက်ေ၀ှ့ကြည့်နေစဥ် သူ့တပည့် NY က
"Bossလာကြိုတဲ့ကားအဆင်သင့်ဖြစ်နေပါပြီသွားတော့မလားဗျ"ဟုပြောလာ၍ ကောင်းကင်ကိုတစ်ချက်မျှမေားကြည့်ပြီး သူတပည့်လမ်းပြရာနောက်လိုက်သွားတော့သည်။ကားပေါ်သို့ရောက်သော် NY က
"Boss ဘယ်ကိုမောင်းရမလဲဗျ Myat group ကိုလား စံအိမ်ကိုပဲသွားရမလားဗျ"
"အခုတော့စံအိမ်ကိုပဲမောင်း စံအိမ်ကိုငါလာမယ်လို့ကြိုပြောထားလား"
"ဟုတ်ကဲ့ကျွန်တော်ကြိုပြီးအကြောင်းကြားထားပါတယ် အိမ်တော်ထိန်းကအကုန်အဆင်သင့်ဖြစ်ပြီလို့ပြောပါတယ်"
"အေးငါအခုလမ်းရောက်နေပြီပြောလိုက် နေ့ဘ
လည်စာကိုပြင်ထားခိုင်းလိုက် ညနေ၃နာရီလောက်ကြရင် ဒီကအတွင်းရေးမှူးနောင်မိုခန့်ကိုဆက်သွယ်ပြီး ရုံးကိုငါလာမယ်ပြောလိုက် မင်းပါပြင်ဆင်ထား မင်းငါနဲ့လိုက်ခဲ့ရမယ်"
"ဟုတ်ကဲ့boss ကျွန်တော်အကုန်လုပ်ထားလိုက်မယ်ဗျ"
"အေး ငါခဏမှေးအုံးမယ်ရောက်ရင်ပြော"ဟုဆိုကာ NY ပြောတာကိုမစောင့်ဘဲမျက်လုံးတွေကိုအနားပေးမိလိုက်သည်။သူအခုတလောအရမ်းပင်ပန်းခဲ့သည်မလား။ကိုကို့စိတ်ကြောင့်ရော သူ့ရဲ့တရားမ၀င်လုပ်ငန်းတွေကြောင့်ရော ညမအိပ်ရတဲ့ရက်တွေများနေပြီလေ။အခုကိုကို့နဲ့မကြာခင်တွေဝရတော့မယ်ဆိုတဲ့စိတ်က ပင်ပန်းထားသမျှအကုန်ပျောက်သွားနိုင်အောင်ကိုစွမ်းသည်ပဲ။"ကိုကို့ကြောင့် မောင်ရူးတော့မယ်ဗျာ ကိုကို့ကမောင့်စိတ်ကိုစိုးမိုးလွန်းတယ် ကိုစိုးမိုးနိုင်ရဲ့"ဟုတိုးတိုးလေးရေရွတ်ကာ သူပြံုးမိလိုက်လေသည်။ကိုကိုကသူ့အကြောင်းတွေးရုံနှင့်သူ့ကိုပြုံးအောင်ဆွဲဆောင်နိုင်လွန်းသည်လေ။မျက်လုံးသာမှိတ်ထားပေမယ့်သူလမ်းပေါ်မှာရွေ့လျားနေတဲ့ကားတွေကိုခံစားမိသည် မကြာခင်အချိန်အတွင်းမှာပဲစံအိမ်ကိုပြန်ရောက်ပြီး အိမ်တော်ထိန်းကြီးကအိမ်ရှေ့တွင်ထွက်စောင့်နေတာကိုတွေ့လိုက်ရသည်။ကြီးမေကဖေဖေ့တို့လက်ထက်ထဲကဒီအိမ်ကအလုပ်မှန်သမျှသူပဲဦးဆောင်ကာလုပ်ပေးရသူဖြစ်သလို သူငယ်ငယ်တုန်းကလည်း သူ့ကိုထိန်းပေးခဲ့သူလည်းဖြစ်သည်။ဖေဖေတို့နဲ့လိုက်သွားထဲက ဒီအိမ်ကြီးကိုကြီးမေကပဲကြည့်ရှုစောင့်ရှောက်ထားသည်လေ။
ကားပေါ်ကဆင်းတော့ကြီးမေက"သားငယ်လေ အဲ boss ပြန်လာပြီလား စံအိမ်ကကြိုဆိုပါတယ်ရှင့်"
"ကြီးမေရာသားကိုအရင်လိုပဲခေါ်ပါဗျ သားကကြီးမေသားပဲကို" ဟုဆိုကာကြီးမေးကိုလှမ်းဖက်လိုက်သည်။မေမေ ဖေဖေနဲ့ကြီးမေကြီးသာရှိတဲ့သူ့ဘ၀မှာ အခုကြီးမေတစ်ယောက်သာသူ့အနားရှိတော့သည်။တစ်လျှောက်လုံးထိန်းလာသမျှမျက်ရည်ဟာကြီးမေကိုတွေ့မှကျလာလေတော့သည်။ကြီးမေကလည်းသူ၀မ်းနည်းမှုကိုသိနေသည့်အလား သူ့အားပွေ့ဖက်ကာ"သားငယ်လေးကကြီးမေသားလေးဟုတ်တာပေါ့ ဆရာနဲ့ဆရာကတော်သားအနားမှာမရှိတော့ပေမယ့် ကြီးမေကသားကိုစောင့်ရှောက်မှာမို့ သားငယ်လေး၀မ်းမနည်းနဲ့တော့နော် လေယာဉ်အကြာကြီးစီးရတာညောင်းနေမှာပေါ့ရေသွားချိုးလေ ကြီးမေသားငယ်စားဖို့ပြင်ထားလိုက်တော့မယ်"ဟုဆိုကာ သူ့အားကလေးတစ်ယောက်လို့ကျောကိုခပ်ဖွဖွပုတ်ပေးလာသည်။သူလည်းလူနှုန်းနေသဖြင့်ကြီးမေကို လွှတ်လိုက်ကာ အပေါ်တက်ရေချိုးလိုက်သည်။ ဒီအိမ်မှာအခုဆို သူရယ် သူတပည့်ကပြားကောင် NY ရယ် ဖေဖေတို့ရှိစဥ်ထဲကအားကိုးခဲ့ရတဲ့အတွင်းရေးမှူးသား နောင်မိုခန့်ရယ်နေရမှာဖြစ်သည်။ဖေဖေက အရင်ထဲကနောင်မိုခန့်တို့သားအဖအားအိမ်တွင်သာထားသည်။ အခုနောင်မို့ခန့်အဖေကလည်းဆုံးပါးသွားတော့ နောင်မိုခန့်သာသူမရှိခင် ကုမ္ပဏီအားဦးစီး၍သူ့ကိုတစ်လတစ်ခါစာရင်းချုပ်အဖြစ်၀င်ငွေထွက်ငွေစာရင်းမှန်သမျှလှမ်းပို့ပြီး သူ့လက်မှတ်ကိုသာစောင့်ယူလေသည်။နောင်မို့ခန့်ဆိုသည်မှာသူနဲ့ရွယ်တူပင်ငယ်ငယ်ထဲကဆော့ဖော်ဆော့ဖက်ဖြစ်တဲ့ကောင်မို့ အဲ့ကောင်ကိုသာစိတ်ချလက်ချလွတ်ထားသည်။ဒီနေ့တော့သူအလုပ်ကိုလိုက်သွားရပြီး နောင်မိုခန့်ဟူသောနွားကောင်အား NY နဲ့အဆင်ပြေအောင်နေခိုင်းရမည်ဖြစ်သည်။အဲ့ကောင်ကလူ့ကျောက်ရုပ်ဖြစ်သည်။သူ့ကိုတောင်သူငယ်ချင်းမို့လိုတစ်ခွန်းနှစ်ခွန်းပြောတာ တစ်ခြားသူစိမ်းဆိုကျောက်ရုပ်အတိုင်းပြောသမျှသာနားထောင်သည်။ဘာစကားမှပြန်မပြောတတ်သည့်အအလိုနေသည့်ကောင်ပင်။ NY ကလည်း အလုပ်ကိုစနစ်တကျလုပ်တတ်ပြီး သူ့နှင့်သူညီကိုသားဖတ်လဲတကင်းစကားပြောပြီး ကျန်တဲ့သူတွေဆိုိအလုပ်သဘောအရသာစကားပြောသည်။စကားပိုမပြောတတ်တဲ့ကောင်ပင်။သိုပေမယ့် NY ကသူ့ထက်တစ်နှစ်ငယ်သည်။အဲ့ကောင်လည်းအသက်သာငယ်တာအလုပ်လုပ်တဲ့နေရာတွင်တိကျပြတ်သားပြီးလက်ရဲဇက်ရဲရှိတဲ့ကောင်မို့ သူ့တို့နှစ်ယောက်အားဘယ်လိုအဆင်ပြေအောင်ညိှယူရမလား မြတ်မောင်တစ်ယောက်ေ၀ခွဲမရ။ရေမိုးချိုးပြီး ကြီးမေပြင်ပေးတဲ့ထမင်းအားစားသောက်ခါ ခဏတစ်ဖြုတ်အနားယူပြီး ကုမ္ပဏီကိုသာသွားတော့သည်။ suit အနက်ကိုသေချာပြင်ဆင်ပြီး သပ်သပ်ရပ်ရပ်၀တ်ကာ နတ်ကတိုင်အား ကိုယ်လုံးပေါ်မှန်ရှေ့၌၀တ်နေစဥ် တစ်ချိန်ချိန်ကျရင် ကိုကိုကသူ့ကိုဒီလိုနတ်ကတိုင်တတ်ပေးမည်ဟုတွေးမိတိုင်း သူ့မျက်နှာတွင်အပြံုးတို့ပေါ်ရပြန်သည်။ကိုကိုကသူ့အကြောင်းတွေးမိရုံဖြင့်သူ့ကိုအမြဲပြုံးအောင်ပြုလုပ်နိုင်သည်။ ထို့နောက်ကားပေါ်သို့တက်ခါ Myat group သို့ချီတက်လာခဲ့သည်။"မောင်နဲ့မကြာခင်တွေ့ကြမယ်နော်ကိုကို"
KAMU SEDANG MEMBACA
ကိုကိုကမောင့်အပိုင်
Nonfiksiဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...