မြတ်မောင်ပြောလာတဲ့စကားကြောင့်သူ့မှာဘာမှလုပ်လို့မရတော့ဘဲ၀မ်းနည်းစိတ်သာကြီးစိုးနေလေသည်။သမီးလေးရဲ့ကိစ္စကိုသူဖုံးကွယ်ထားတာမှာအတော်ပင်ကြာနေပြီ။ဒီကောင်နဲ့တွေ့မှအချိန်ခဏလေးအတွင်းမှာ ဘူးပေါ်သလိုပေါ်သွားလေပြီ။ မ သိရင်ဘယ်လောက်တောင်စိတ်ဆင်းရဲနေလိုက်မလဲ။ကျနော်ချစ်ရတဲ့ မ ကိုတော့စိတ်မဆင်းရဲစေချင်မှာ။အရာအားလုံးသိတာတောင် ကျနော် မ ကိုမျက်နှာတစ်ချက်မပြတ်ပဲယူခဲ့တာအခုဆိုအိမ်ထောင်သက်တမ်း၄နှစ်လောက်ရှိခဲ့ပြီလေ။ရှေ့ကလူကို သမီးလေးကျနော့်သွေးသားပါလို့ဗြောင်ငြင်းချင်ပေမယ့် မြတ်မောင်ပစ်ချထားတဲ့ဖိုင်ထဲက သူဟာသမီးလေးနဲ့သွေးသားပတ်သတ်မှုမရှိဘူးဆိုတဲ့စာရွက်စာတမ်းတွေကသူ့ကိုလှောင်နေသယောင်။ဘာမှမလုပ်နိုင်အောင်ကိုစိတ်ဓာတ်တွေကျနေလေသည်။မျက်ရည်ကျနေရုံကလွဲပြီးသူဘာမှပြန်မပြောနိုင်ခဲ့။ ခုချိန်မှာရှေ့ကလူကိုတောင်းပန်ပြီးချော့ပြောရမဲ့အနေအထားပင်။ ဒီကိစ္စကိုသူနဲ့ မ နဲ့ကသိပြီးသားဆိုပေမယ့်သမီးလေးကတော့မသိသေးပါ။သမီးလေးကခုဆိုသိတတ်တဲ့အရွယ်ကိုရောက်နေပြီ။ကျနော်သာသူ့အဖေအရင်းမဟုတ်မှန်းသိသွားခဲ့ရင်အများကြီးစိတ်ထိခိုက်သြားမှာ။အသက်ငယ်ငယ်လေးပဲရှိေသးတဲ့သမီးလေးကိုတစ်သက်လုံးစိတ်ဒဏ်ရာတွေနဲ့မကြီးပြင်းစေချင်ပါ။အဲ့တာကြောင်မြတ်မောင်ကိုသူတောင်းပန်ရမည်။ဒူးထောက်ပြီးတောင်းပန်သင့်ရင်လည်းတောင်းပန်ရမည်။ဟုတ်တယ် သူမှားမှားမှန်မှန်သမီးလေးအတွက် မြတ်မောင်ကိုအသနားခံရမည်။သူကြမ်းပြင်ပေါ်ပို့ထားတဲ့အကြည့်တွေကို မြတ်မောင်စီပို့ပြီး "မင်း မင်းဘာလိုချင်တာလဲငါ့ကိုပြောပါကွာ ငါအကုန်လုပ်ပေးပါ့မယ် ဒီကိစ္စကိုတော့ ငါ့မိန်းမနဲ့ငါ့သမီးလေးဆီမရောက်ပါစေနဲ့ကွာ ငါအနူးအညွှတ်တောင်းပန်ပါတယ်"ဟု ရေှ့ကလူအားအသနားခံမိသည်။သူမှာတောင်းပန်ရုံကလွှဲပြီးဘာမှမလုပ်နိုင်ပါ။ ထိုသို့ပြောတော့ မြတ်မောင်ကရီပြီးကျနော့ကိုကြည့်လာသည်။ "ခင်ဗျားကတော်တော်ရီရတာပါ သွေးသားရင်းမဟုတ်တဲ့ကလေးကိုသမီးတော်ထားတယ်ယူခါနီးမှဖောက်ပြန်ထားတဲ့မိန်းမကိုလဲ မျက်စိစုံမှိတ်ပြီးယူထားတယ် ပြီးတော့အိမ်ထောင်ဦးစီးဆိုတဲ့ဂုဏ်ပုဒ်နဲ့နွားလိုအလုပ်လုပ်ပြီး လိုလေစိတ်မရှိအောင်ထားပေးတယ် ခင်ဗျားကိုမှနွားလို့မသတ်မှတ်ရင်ဘယ်သူ့ကိုသတ်မှတ်ရမလဲဟမ် ခင်ဗျားပြောကြည့်လေ"
"ဒါကငါ့ကိုယ်ရေးကိုယ်တာကိစ္စပါ အားလုံးရဲ့အမြင်မှာငါက ဇနီးရောသမီးပါရှိတဲ့ယောကျာ်းတစ်ယောက်ပါ ငါမင်းကိုပေးခဲ့တဲ့ကတိအကြောင်းလဲပြောပြီးပြီပဲ မင်းကကလေးဆိုပြီးလူကြီးတွေကခေါင်းငြိမ့်ခိုင်းလို့ငြိမ့်ခဲ့ရရုံပဲလို့ ငါ့ကိုလွှတ်ထားပေးလို့မရဘူးလားကွာ အနူးအညွှတ်တောင်းပန်ပါတယ် ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးလေးကိုထောက်တဲ့အနေနဲ့ငါ့ကိုလွှတ်ပေးပါ"ဟုကျနော်ထိုင်မကန်တော့ရုံတမယ်တောင်းပန်နေလဲမြတ်မောင် မျက်ထောင်နီနဲ့ကျနော့်ကိုကြည့်လာကာ
"ခင်ဗျားစောက်ပါးစပ်ကိုပိတ်ထားလိုက် မြတ်ဘုန်းနောင် ခင်ဗျားကိုကျနော်အပြတ်ပြောပြီးသား ကျနော်မြန်မာပြည်ပြန်လာတာခင်ဗျားကိုပြန်လာခေါ်ရုံပဲ ခင်ဗျားပေးခဲ့တဲ့ကတိကိုခင်ဗျားတည်ကိုတည်ရမယ်"ဟုပြောလာတော့ ကျနော့်မှာအတုန်တုန်အရီရီနဲ့ရှေ့မှာရပ်နေတဲ့မြတ်မောင်လက်အားဆွဲယူပြီး
"အဲ့လိုမလုပ်ပါနဲ့ကွာ ငါအနူးအညွှတ်တောင်းပန်နေတာပါ ငါ့ဇနီးနဲ့သမီးလေးကိုငါပစ်ပယာမထားနိုင်လို့်ပါကွာ မင်းဒူးထောက်မှကျေနပ်မယ်ဆိုလည်း ငါဒီလိုဒူးထောက်ပြီးတောင်းပန်ပါ့မယ်ကွာ"ဟုပြောပြီးကျနော်လည်းသူ့ရှေ့မှုဒူးထောက်ချပေးလိုက်သည်။လုပ်ငန်းတစ်ခုမှာ လက်အောက်ငယ်သားတွေကိုညွှန်ကြားပေးနေရတဲ့သူက မည်သူတစ်ဦးတစ်ယောက်ကိုမှ ဒူးမထောက်ပေးဘူးပါ။သူ့နဲ့ကျမှကျနော်ဒူးထောက်ပေးခဲ့ရ
သည်။ဒါကလည်းကျနော့်ချစ်ရတဲ့လူသားနှစ်ယောက်အတွက်ပဲမို့ကျနော်အရမ်းကြီးစိတ်မထိခိုက်မိပါ။အဲ့လိုဒူးထောက်ပေးတော့ မြတ်မောင်ကကျနော်လှမ်းကိုင်ထားတဲ့လက်ကိုဖြုတ်ချကာ "ခင်ဗျားလက်တွေကိုဖယ်လိုက် ကျနော်ကပြောပြီးသားစကားကိုပြန်ပြင်မဲ့ကောင်မဟုတ်ဘူးကိုကို ခင်ဗျားကို မောင် အချိန်တစ်ပတ်ပေးမယ့် ခင်ဗျားရဲ့အသိုင်းအ၀ိုင်းတစ်ခုလုံးနဲ့အဆက်သြယ်ဖြတ်ဖို့တစ်ပတ်ဆိုတဲ့အချိန်ကလုံလောက်ပါတယ် ဒါခင်ဗျားကို မောင့်ဘက်ကလိုက်လျောပေးနိုင်တာဒါအကုန်ပဲ"လို့သူ့ဘက်ကပြောလာတဲ့အခါကျနော့်မှာမျက်ရည်ဆက်ကျနေရုံကလွဲပြီးဘာမှဆက်မပြောနိုင်တော့ပေ။ကျနော့်ဘ၀တစ်ခုလုံးရေစုံမျောပြီလေ။ကျနော်ချစ်တဲ့မိဘနှစ်ပါးကိုဆုံးရှုံးထားတာသိပ်မကြာသေးတဲ့အပြင် အခု မ နဲ့သမီးလေးကိုပါ ကျနော်ထားခဲ့ရတော့မယ်။ ကျနော့်မျက်နှာကိုအမြဲအကဲခတ်ပြီးနေတတ်တဲ့ မ နဲ့အရမ်းသိတတ်လွန်းတဲ့သမီးလေးကိုကျနော်ထားခဲ့ပြီးဘယ်လိုလုပ်ထွက်သွားရက်ပါ့မလဲ။ကျနော်မတ်တပ်ရပ်ဖို့အားတောင်မရှိတော့ပါ။ကျနော်စိတ်တစ်ခုလုံးဟိုအောက်ဆုံးကိုထိုးကျလို့နေခဲ့ပြီ။ကျနော့်ရဲ့ရှိုက်သံကလွှဲပြီး အခန်းထဲမှာအပ်ကြသံတောင်မကြားရတော့ပါ။ကျနော့်ကိုကျောပေးထားတဲ့မြတ်မောင်ကကျနော့်ဘက်ကိုလှည့်လာပြီးကျနော့်ရှေ့ထိုင်ချလာကာကျနော့်မျက်နှာပေါ်ကမျက်ရည်တွေကိုသုတ်ပေးနေသည်။ပထမတစ်ခါလိုကျနော်မရုန်းမိတော့ပါ။ရုန်းဖို့အားအင်မရှိတော့တာဆိုပိုမှန်လိမ့်မည်။သူကကျနော့်ကိုမေးစေ့မှမော့ကာ သူနဲ့မျက်လုံးချင်းဆုံစေပြီး
"မငိုပါနဲ့ကိုကို မောင်က ကိုကို့ကိုပျော်အောင်ထားမှာပါ မောင့်နဲ့အနေကြာသွားရင် ကိုကို့အသိုင်းအ၀ိုင်းကိုမေ့သြားအောင်အထိ မောင်ကကိုကို့ကိုစိတ်ချမ်းသာအောင်ထားပေးပါ့မယ် ကို်ကို့မျက်ရည်တွေကြည့်ရတာမောင်ရင်နာလွန်းလို့ပါ မငိုပါနဲ့တော့နော်" ဟုပြောပြီးကျနေစဲမျက်ရည်တွေကိုဆွဲသုတ်ပေးနေသည်။သူမို့လို့ပြောရက်တယ် အရာအားလုံးသိတာတောင်နားလည်ပေးပြီး အရမ်းချစ်လို့ယူထားတဲ့မိန်းမက သူ့ဆီလိုက်သွားရုံနဲ့ကျနော့်ကမေ့နိုင်သွားလိ်မ့်မယ်လို့သူထင်နေတာ။တစ်ကိုယ်ကောင်းဆန်လွန်းတယ်မြတ်မောင်။မင်းအရမ်းအတ္တကြီးတယ်။ဘာမဟုတ်တဲ့စကားလေးတစ်ခွန်းကြောင့်ကျနော့်ဘ၀ကိုပျက်စီးသွားအောင်ထိသူစွမ်းဆောင်သွားခဲ့တယ်။ဒါပေမယ့်ကျနော်အပြင်မှာတော့ထုတ်ပြီးမပြောဖြစ်ပါ။သူ့ကိုကျနော်ပြောခဲ့ရင်လည်းသူ့ဆီက "ကိုကို့ကိုချစ်လို်ပါဆိုတဲ့" အကြောင်းပြချက်ပဲပေးအုံးမှာကျနော်သေချာပေါက်သိနေလေသည်။ကျနော့်ကိုမျက်နှာသာမပေးနဲ့လောကကြီးကိုနားကျည်းချက်တွေလွှဲချရင်းနဲ့ သူမျက်စီကျလောက်တဲ်ပုံစံရှိတဲ့ကျနော့်ကိုကျနော်သာအပြစ်တင်လိုက်တော့သည်။
![](https://img.wattpad.com/cover/335358880-288-k225825.jpg)
ВЫ ЧИТАЕТЕ
ကိုကိုကမောင့်အပိုင်
Документальная прозаဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...