"ဒီနေ့တော့ကျုပ်နဲ့ခဗျားအတွေ့ပဲ မြတ်ဘုန်းနောင်"
ဟုကိုကိုမျက်နှာကိုစိုက်ကြည့်ကာပြောပြီး လက်ကိုအကြမ်းပတမ်းစွဲကာဧည့်ခန်းထဲသို့ရောက်အောင်ဆွဲခေါ်လာခဲ့သည်။ဧည့်ခန်းထဲရောက်တာနဲ့ ကိုကို့ရဲ့ခန္ဓာကိုယ်ကိုဆိုဖာပေါ်တွန်းချပြီး "ပြောခင်ဗျားဘာဖြစ်ချင်နေတာလဲ အဲ့လောက်တောင်၀မ်းနည်းပတ်လက်ဖြစ်နေတာလဲ ခင်ဗျားအဲ့လိုမဖြစ်တော့အောင် သားမိနှစ်ယောက်လုံးကိုသွားသတ်လိုက်ရမလား ဟမ်"လို့ပြောတော့ ကြောက်လန့်တကြားမော့ကြည့်လာသည်။ကြည့်လ်သောမျက်လုံးတွေထဲမှာ ကြောက်ရွဲ့မှုစိုးရိမ်ပူပန်မှုတွေကိုလည်းတွေ့မြင်နေရသည်။သူလည်းအကြည့်မလွှဲပဲစိုက်သာကြည့်နေလိုက်သည်။ဒီလူကချော့ပြောလို့ဘယ်တော့မှရမည်မဟုတ်မှန်းမြတ်မောင်ကောင်းကောင်းနားလည်သွားပြီးမို့သူ့ကိုအနားခေါ်ထားဖို့ဆိုရင် ခြောက်လန့်မှုတွေကိုသာပေးထားရမည်။ချော့လို့မရတဲ့သူကိုခြောက်ပြီးအနားခေါ်ထားမည်ပင်။ "ဘယ်လိုလဲ အဲ့လိုလုပ်လိုက်ရမလား "လို့မေးတော့တုန်တုန်ယင်ယင်ဖြင့် "ငါမင်းကိုပိုမုန်းမိမှာနော် မြတ်မောင် " လို့ဆိုလာသည်။ သူ့ကိုပြန်ခြိမ်းခြောက်တဲ့စကားကကြောက်စရာကိုအတော်ကောင်းသွားပြီဟုထင်နေပုံပင်။ "ခုတောင်မုန်းနေတာပဲ နောက်ပိုမုန်းလည်းကိစ္စမရှိဘူးလေ ခုပဲ ဖုန်းဆက်လိုက်မယ် " ဟုပြောပြီး ဘောင်းဘီထဲမှဖုန်းကိုထုတ်ကာနံပါတ်တစ်ချို့ကိုဟန်ဆောင်နှိပ်ပြီးသည်နှင့် "အေး ငါမင်းတို့boss .....ကွန်ဒိုမှာနေတဲ့ မြတ်ဘုန်းနောင်ရဲ့သမီးနဲ့မိန်းမကို သွားသတ်လာခဲ့ "ဟုခြောက်ပြောလိုက်တော့ချက်ချင်းကိုထိုင်နေရာကနေသူ့ရှေ့ရပ်နေသော မြတ်မောင်အနားကိုဒူးထောက်ချလာသည်။ပြီးတော့ဒူးကိုကိုင်ကာ မျက်လုံးများကလည်းအသနားခံသောအကြည့်ဖြင့်မြတ်မောင်ကိုမော့ကြည့်နေပြီး "အဲ့လို အဲ့လိုတော့မလုပ်ပါနဲ့ကွာ ငါတောင်းပန်ပါတယ် မင်း မင်းစကားကိုငါနားထောင်မှာမို့ သမီးလေးနဲ့ မ ကိုတော့ဘာမှမလုပ်ပါနဲ့ကွာ တောင်းပန်ပါတယ် " လို့ပြောကာ ခေါင်းကိုပြန်ငုံ့သွားလေသည်။ သူလည်းလိုချင်တာရပြီမို့ဖုန်းကိုဘောင်းဘီထဲပြန်ထိုးထည့်ကာ ကိုကို့ရှေ့တွင်ထိုင်ချလိုက်ပြီး "အဲ့လိုမှပေါ့ကိုကိုရာ နောက်ဆို ကျနော့်စကားကိုကလန်ကဆန်မလုပ်ပါနဲ့ ခုပဲကြည့်လေ ကိုကိုအကြောတင်းပြလို့ ကိုကိုမျက်ရည်ကျရပြီမလား နောက်ဆိုမောင့်စကားကိုနားထောင်ပြီး မောင့်ရဲ့အရိပ်အောက်မှာပဲနေ ကိုကိုလက်ညိုးညွှန်ရာရေဖြစ်စေရမယ် "ဟုပြောကာ ခေါင်းလေးကိုဖွဖွလေးပွတ်ပေးလိုက်သည်။ပြီးမှငုံ့ထားသောခေါင်းကိုဆွဲမော့ကာ ပါးပြင်ပေါ်တွင်တင်ကျန်နေသောမျက်ရည်များကိုသုတ်ပေးပြီး
"ကိုကိုသာလိမ်မာရင်မောင်ကခုလိုလူကြမ်းကြီးလုပ်စရာမလိုတော့ဘူးလေ အဲ့တာကြောင့်မောင့်ရင်ခွင်ထဲမှာပဲလိမ်လိမ်မာမာနေပေးနော် ဟုတ်ပြီလား တိတ်တော့မငိုရတော့ဘူး " ဟုပြောပြီး မျက်ရည်တွေကိုပြောင်သွားအောင်သုတ်ပေးပြီးတာနဲ့ ကိုကို့ကိုလည်းကြမ်းပြင်ပေါ်မှဆွဲထူလိုက်ကာ "ထမောင်နဲ့ထမင်းသွားစားကြမယ် အိမ်ရောက်ထဲကကိုကိုဘာမှမစားရသေးဘူးလေ"ဟုပြောကာလက်ကိုဆွဲပြီး မီးဖိုခန်းဘက်သွားရန်ပြင်လေတော့ လက်ကိုပြန်ဆွဲထားကာ တောင်းဆိုသောမျက်လုံးများဖြင့် "ငါမင်းစကားကိုနားထောင်ပြီး မင်းအနားမှာနေပါ့မယ် ဒါမဲ့........ ဒါပေမယ့်လေ တစ်လတစ်ခါလောက်ဖြစ်ဖြစ်သမီးလေးနဲ့ တွေ့ခွင့်ပေးပါလားဟင် ငါမင်းကိုတောင်းဆိုတာပါ "ဟုသနားစရာမျက်လုံးကလေးဖြင့်ပြောလာသည်။"တွေ့စေချင်မှတော့ကိုကိုရာ သူတို့နဲ့အတူနေခဲ့တုန်းကအင်္ကျီတွေဘာလို့မီးရွို့ဖြစ်မှာလဲ အမှတ်တရတောင်မကျန်စေချင်လို့မီးရှို့တာပါဆို သွားတွေ့ဖိုဆိုတာကကြတော့မဖြစ်နိုင်မှန်းသိတယ်မလား လာထမင်းသွားစားမယ် " ဟုပြောကာထမင်းစားခန်းထဲထိခေါ်လာတော့သည်။ထမင်းစားခန်းထဲရောက်တော့ ခုံတစ်ခုပေါ်တွင်ကိုကို့ကို၀င်ထိုင်စေပြီး သူလည်းကိုကို့ဘေးကပ်ရပ်ကခုံမှာ၀င်ထိုင်လိုက်သည်။ထမင်းစားဖို့အဆင်သင့်ပြင်ထားတာဆိုတော့ထိုင်ခုံတွင်၀င်ထိုင်ပြီးတာနဲ့ ကိုကို့ပန်းကန်ထဲကိုဟင်းတွေအရင်ထည့်ပေးကာသူလည်းဟင်းတစ်ချို့ကိုယူပြီးစားလိုက်သည်။သူထမင်းစားနေတာတောင်ကိုကိုကထမင်းပန်းကန်ကိုသာကြည့်နေပြီး ဟိုမွှေဒီမွှေလုပ်နေတာကြောင့် "ကိုကိုဘာဖြစ်ပြန်တာလဲ ထမင်းစားလေဘာလိုမလိုအပ်ပဲလျှောက်မွှေနေတာလဲ"လို့လေသံမာမာပြောလိုက်တော့ ပြာပြာသလဲနဲ့ "မဟုတ်ပါဘူး အဲ့လိုမဟုတ်ဘူး ငါကို့ပေးမတွေ့ရင်တောင် ဖုန်းလေးတော့ဆက်ခွင့်ပေးပါလို့တောင်းဆိုချင်လို့ပါကွာ" "ကိုကိုမဖြစ်နိုင်တာတွေကိုဆက်ပြောနေအုံးမယ်ဆိုရင်မောင်ထမင်းစားခန်းထဲကအခုပဲထထွက်သွားလိုက်မယ် ဒါပေမယ့်တစ်ခုတော့ရှိတယ်နော် မောင်ထမင်းစားခန်းအပြင်ရောက်ပြီဆိုတာနဲ့ ကိုကို့အတွက်ဆိုးကျိုးတွေကြီးပဲရလာမယ်ဆိုတာတော့မောင်အာမခံတယ် ဆက်ပြောချင်သေးလား ထမင်းပဲအေးဆေးစားကြမလား" "ထမင်းပဲစားပါမယ် အဲ့လိုတော့မလုပ်ပါနဲ့ကွာ "ဟုပြောကာအတုန်တုန်အရီရီဖြင့်ထမင်းစစားတော့လေသည်။ဒါတောင်ပထမတစ်ရက်ပဲရှိသေးသည်။နောက်ရက်တွေကိုကို့အားဘယ်လိုဆက်ထိန်းချုပ်ရမလဲဆိုတာ စဥ်းစားရတာကရင်မောစရာပင်။ ဘယ်လောက်ပဲရင်မောရပါစေ ကိုကို့ကိုတော့အနားကနေဘယ်တော့မှထွက်သွားခွင့်မပြုပါ ကိုကိုထွက်သြားချင်ရင်သူသေမှပဲရမည်ဖြစ်သည်။မြတ်မောင်လည်းသူခြောက်လိုက်လို့ ကြောက်လန့်ကာထမင်းစားနေရှာတဲ့ကိုကို့ကိုတစ်ချက်ကြည့်ကာသက်ပြင်းတစ်ချက်ချပြီးထမင်းသာဆက်စားနေလိုက်တော့သည်။

YOU ARE READING
ကိုကိုကမောင့်အပိုင်
Non-Fictionဒါကတော့ ထက်ရဲ့တတိယ ficလေးပါရှင့် ဒုတိယ fic ကလည်း up နေတုန်းမို့ပါနော် ဒီတစ်ခါတော့ကိုကိုနဲ့မောင်နဲ့အကြောင်းပေါ့ရှင့် ထက်စိတ်ကူးလေးပေါ်လာလို့လာရေးတာပါ ထက်ရေးတာ အခြားသူတွေနဲ့တူတယ်ဆိုရင်တော့လာပြောလို့ရပါတယ် ချက်ချင်းပြောင်းပေးပါ့မယ့်ရှင့် တစ်ခုတော့တောင်...