Unicode part-(8)

22 0 0
                                    

အရှေ့ကလူသားကသူထင်ထားတာထက်ပိုငယ်နေတဲ့ပုံစံကြောင်သူ့မှာအံ့ဩတကြီးဖြစ်သွားရလေသည်။လုပ်ငန်းကြီးတစ်ခုရဲ့ceo က လူငယ်တစ်ယောက်လို့သာထင်ခဲ့ပေမယ့် သူထက်ငယ်မယ့်လို့တော့ဘယ်တုန်းကမှမတွေးမိဖူးခဲ့ပါ။အခုတော့ဒီကောင်လေးရုပ်က လူကြီးဆန်ပေမယ့် ကိုယ့်ထက်ငယ်တာကိုေတာ့ခန့်မှန်းမိပါသည်။သူလည်းအံ့ြသနေတာကိုခဏထားပြီး
ရှေ့ကလူအားကြည့်ကာ "ကျနော့်ကိုချိန်းတာဘာကိစ္စများပြောစရာရှိလို့လဲဗျ"လို့ပြောတော့တစ်ဖက်ကလူက
"ကျနော်တို့အရင်မိတ်ဆက်ကြရင်မကောင်းဘူးလား နာမည်မသိတဲ့လူတစ်ယောက်နဲ့ခင်ဗျားစကားပြောမလိုလား"ဟုဆိုလာတော့ ရှေ့ကလူကိုသူကြည့်မရတော့ပေ။ချိန်းတာသူလေ။ကျနော့်ကသူ့ကိုမသိပေမယ့်သူကတော့ကျနော့်ကိုသိလို့ချိန်းတာလေအဲ့တာကို လာအရစ်ရှည်နေတဲ့လူကြောင့်နည်းနည်းတော့ဒေါသထွက်မိသား။အဲ့တာနဲ့ကျနော်လည်း
"ဒီမှာ ကျနော်က ခင်ဗျားလို ကုမ္ပဏီတစ်ခုလုံးဦးစီးနေ့တဲ့သူမဟုတ်ဘူးဗျ ကျနော့်မှာလည်းကျနော့်လုပ်ရမဲ့တာ၀န်တွေအများကြီးရှိသေးတယ် ခင်ဗျားအားယားနေတာဆိုရင်တော့ ကျနော့်ကိုပြန်ခွင့်ပြုပါ ကျနော်နေ့လည်စာစားချိန်ကိုတမင်သက်သက်လာတွေ့ပေးတာပဲတော်ကာကြနေပြီ အလုပ်ကိစ္စပြောဖို့မဟုတ်ဘူးဆိုခွင့်ပြုပါအုံး" ဟုပြောကာ ကျနော်စားပွဲပေါ်တင်ထားတဲ့ကျနော်ရဲ့ဖုန်းနဲ့ကားသော့ကိုဆွဲကထရပ်လိုက်လေတော့သည်။ထွက်မည်အလုပ်အရှေ့ကလူကလက်ကိုလာဆွဲလေသည်။
"ဟေ့ ခင်ဗျားကစိတ်မရှည်လိုက်တာဗျာ ကျနော်ဘယ်သူမှန်းတောင်မမှတ်မိဘူးဆိုတော့ရင်ထဲတော့မကောင်းဘူးဗျ"လို့ထိုသူကပြောလာတော့ကျနော်ထပ်ပြီးအံ့ြသရပြန်သည်။ခုမှမြင်ဘူးတဲ့လူတစ်ယောက်ကိုကျနော်ကမှတ်မိရအောင်အရင်တုန်းကသူနဲ့သိကျွမ်းခဲ့ဖူးနေတာလားဆိုတာ ဦးနှောက်ကိုအလုပ်ပေးမိသည်။ဒါပေမယ့်ဘယ်လိုပဲစဥ်းစားပါစေရှေ့ကလူကိုတကယ်သတိမထားမိနိုင်ခဲ့။ကျနော်လည်းသိချင်စိတ်နဲ့ခုံမှာပြန်င်ထိုင်ပြီး ရှေ့ကလူရဲ့မျက်နှာကိုသေချာကြည့်မိတဲ့အခါမြင်ဖူးသလိုတော့ခံစားရသည်။ကျနော်လည်းသိချင်စောနဲ့
"ခင်ဗျားက ဘယ်သူလဲ ကျနော််ကိုသိလို့လား"လို့မေးလိုက်တော့ထိုလူကတစ်ချက်ရီပြီး ဆွဲထားတဲ့လက်ကိုလွှတ်ပြီး ကျနော့်ကိုစိုက်ကြည့်လာလေပြီးစကားစပြောလာလေသည်။ "ခင်ဗျားကကျနော့်ကိုတကယ်မမှတ်မိတာပဲ မြတ်ဘုန်းနောင် 15နှစ်လောက်ကာေ၀းခဲ့တာကို ချက်ချင်းမမှတ်မိတော့အောင် ခင်ဗျားခေါင်းထဲမှာကျနော်ကရှိမနေဘူးပဲ ရင်နာဖို့တော့ကောင်းသား ကျနော်ကသာနေ့တိုင်းလိုလိုခင်ဗျားစိတ်နဲ့နေနေတာခင်ဗျားကတော့ကျနော်မဟုတ်တဲ့သူစိမ်းတွေနဲ့ပျော်ရွှင်နေတာမတရားလိုက်တာ"ဟုပြောပြီး မဲ့ပြုံးတစ်ချက်ပြုံးပြသည်။ ကျနော့်အတွက်တော့ဒီနေ့ကပြဿဒါးပဲ တစ်နေ့လုံးစိတ်ရှုပ်နေရတာပဲ အခုလည်းရှေ့ကကြောင်တောင်တောင်ကောင်က အဓိပ္ပာယ်မရှိတဲ့စကား
တွေထွက်လာပြန်ပြီ။ပထမကတော့တွေ့ဖို့ချိန်းတဲ့အကြောင်းအရင်းကိုအလုပ်ကိစ္စလို့ထင်ပြီး စိတ်ရှုပ်တာတွေကိုတောင်ခဏမေ့ပစ်ပြီးလာတွေ့ခဲ့တာ။ခုတော့မကြည်တဲ့စိတ်ကပိုလို့တောင်ဆိုးနေပြီပဲ။ကျနော်လည်းစိတ်ထပ်အရှုပ်မခံနိုင်တာနဲ့
"ဒီမှာကိုယ်မင်းနဲ့စကားရည်လုဖို့လာတာလဲမဟုတ်ဘူး မင်းကိုအရင်တုန်းကလည်းမသိသလိုတစ်ခါမှလည်းမမြင်ဘူးတာမို့ မင်းဒီလိုအဓိပ္ပာယ်မရှိတာတွေပြောနေမယ်ဆို ငါအခုချက်ချင်းထပြန်မယ်  ငါကမင်းလိိုceo မဟုတ်တဲ့အတွက် အထက်ကပေးထားတဲ့တာ၀န်တွေကုိငါလုပ်ရအုံးမယ်  မင်းရဲ့ရူးကြောင်ကြောင်စကားတွေကိုဆက်ပြီးနားထောင်ဖို့အချိန်မရှိဘူး နောက်ဆိုမင်းရဲ့ချိန်းဆိုမှုထပ်ရှိလာခဲ့ရင် အလုပ်ကိစ္စကလွှဲရင် ဘာကိုမှလက်မလံနိုင်တာမို့ မင်းဘက်ကဆင်ခြင်ပေးစေချင်တယ် ပြီးတော့ငါကအိမ်ထောင်ရှိယောကျာ်းတစ်ယောက်သားသမီးပါရှိတဲ့ ဖခင်တစ်ယောက် အဲ့လိုလူကိုမင်းပြောတဲ့စကားတွေကဘယ်အတိုင်းအတာရောက်နေလည်းသေချာပြန်စဥ်းစား မင်းနဲ့ရန်ဆက်ဖြစ်ဖို့စိတ်ကူးမရှိလို့ ခွင့်ပြုပါအုံး" ဟုပြောကာစိတ်ရှုပ်ဟန်ဖြင့် ဆံပင်ကိုသာတစ်ချက်ဖွကာ ပိုက်ဆံအိတ် ဖုန်းနဲ့ကားသော့ကိုဆွဲကထလာလိုက်တော့သည်။ တံခါးလက်ကိုင်အဖွင့်မှာပဲထိုကောင်လေးပြောလိုက်တဲ့စကားကြောင့်လက်တွေဟာလေထဲမှာရပ်တန့်ကုန်သည်။
"ခင်ဗျားမမှတ်မိပေမယ့်ကျူပ်ကသေချာမှတ်မိနေတယ်လေ ကျုပ်နာမည် မင်းမြတ်မောင်မောင် လွန်ခဲ့တဲ့ 15နှစ်လောက်က  ကြီးလာရင်မင်းကိုယူပါမယ့်လို့ ခင်ဗျားပါးစပ်ကကတိပေးခဲ့တဲ့ မင်းမြတ်မောင်မောင်ဆိုတာကျုပ်ပဲ" သူ့စကားအဆုံးကျနော်ခြေထောက်တွေခွေကျမတတ်ဖြစ်သြားရသည်။သူကလေးဘ၀ထဲက ဒီကလေးရဲ့မျက်လုံးတွေထဲမှာသူ့ကိုအတ္တတွေနဲ့ကြည့်နေတဲ့အကြည့်ကိုသတိထားမိပေးမယ့် တစ်ချိန်ကလူကြီးတွေရဲ့ ကလေးကမသိပဲပြောတာစိတ်ချမ်းသာအောင်ခေါင်းငြိမ့်လိုက်ဆိုတဲ့ စကားကြောင့် အလွယ်ပြောခဲ့တဲ့စကားကိုအခုချိန်ထိမှတ်ထားတဲ့ထိုကောင်လေးကြောင့် သူအတော်လေးကိုတုန်လှုပ်နေရသည်။သူ့မှာအတုန်တုန်အရီရီဖြင့် "မင်း ... မင်းဖြစ်နုိ်င်တာကိုပြော တကယ်လို့မင်းက သူဆိုရင်တောင် ငယ်ငယ်ကလူကြီးတွေရဲ့ စကားတွေကြောင့်ငါဒီတိုင်းပြောခဲ့တဲ့စကားတစ်ခွန်းမို့လို့ မင်းအရူးလိုလုပ်နေတာတွေကိုရပ်တန်းကရပ်လိုက်မြတ်မောင် မင်းကိုအိမ်နီးနားချင်းညီလေးတစ်ယောက်လိုပဲမြင်တယ် ငါ့မှာမယားနဲ့သမီးနဲ့ရှိနေပြီ ငါမင်းနဲ့ထပ်မပတ်သက်ချင်ဘူး"
"ဟက် ခင်ဗျားကရီရတယ်နော် ကျုပ်ဆိုတဲ့ကောင်ကဘယ်သူ့ဆီကမှကတိမတောင်းဘူးသလို ဘယ်သူ့ကိုမှလည်းကတိတွေမပေးဖူးဘူး ကတိဆိုတာတည်နိုင်မှပေးရတယ်ခင်ဗျားရဲ့ ခင်ဗျားပြောခဲ့တဲ့စကားအတွက်ခင်ဗျားသေချာပေါက်တာ၀န်ယူရမှာပေါ့" သူပြောလာတာတွေကိုဒေါသထွက်ပေမဲ့ စိတ်ကိုခဏငြိမ်အောင်ထားလိုက်ပြီးသူ့ဘက်ကိုလှည့်ကာ "ငါမင်းကိုနောက်ဆုံးအနေနဲ့ပြောမယ် မင်းမြတ်မောင်မောင် တစ်ချိန်ကဘာတွေပဲဖြစ်နေခဲ့ပါစေ အခုချိန်မှာငါကအိမ်ထောင်ရှိယောကျာ်းတစ်ဦးလို့ မင်းကိုပြောခဲ့ပြီးပြီ အဲ့တော့ငါ့ကို
လာမနှောက်ယှက်ပါနဲ့ ဒီထပ်ပိုပြီးရှေ့တိုးလာမယ်ဆို မင်းကိုတရားစွဲမိမှာမို့လို့ မင်းအခုကစပြီးနောက်ဆုတ်လိုက်တော့" ဟုပြောကာ တုန်ရီချင်နေတဲ့လက်များဖြင့်တံခါးအားဆွဲဖွင့်ကာ ထွက်မည်အလုပ် ထိုကောင်အနားကိုရောက်လားပြီးထပ်ပြောလိုက်သောစကားကြောင့် ကျနော် လှဲကြသွားလေတော့သည်။သူပြောတဲ့စကားက
"ကိုကို့ကိုပြောပြဖို့ကျန်သေးတာရှိတယ် ကျနော်ကို့ကို့အကြောင်းလိုရမယ်ရစုံစမ်းရင်းနဲ့ ကိုကို့တို့အိမ်ထောင်ရေးအကြောင်းစုံစမ်းခဲ့သေးတယ် တကယ်တော့ကိုကိုက လှည်းကြိုးကိုထမ်းနေတဲ့နွားဖြစ်နေတာပဲ"ပြောလာပြီး ဖိုင်တစ်ခုပစ်ချပြလာသည်။ကျနော်လည်းသူ့ကိုခဏမော့ကြည့်ပြီး ဖိုင်ကိုဖွင့်အကြည့်မိတဲ့အချိန်မှာတော့ ကျနော်ယောကျာ်းတန်မဲ့မျက်ရည်တွေ၀ိုင်းလာခဲ့သည်။ဖိုင်ထဲမှာပါတဲ့စာတွေအရ သမီးလေးကကျနော်သွေးသားအရင်းမဟုတ်မှန်းဒီကောင်သိပြီးသြာပြီဖြစ်သည်။ကျနော်အနှစ်နှစ်အလလဖုံးကွယ်ထားသမျှကိစ္စကိုဒီကောင်ကဖော်ထုတ်လိုက်ပြီပဲ။ကျနော်ဒေါသတကြီးသူ့ကိုမော့ကြည့်ကာ "မင်းဘာလိုချင်တာလဲ သမီးကငါ့သမီးပဲကွ ငါ့သွေးသားမဟုတ်ပေမယ့် ငါ့မိန်းမရဲ့သွေးသားဖြစ်တဲ့ငါ့သမီးပဲ" လို့ရှေ့ကကောင်ကိုအော်ဟစ်ပြောဆိုမိသည်။ထို့သိုပြောသည်ကိုမြတ်မောင်ကတစ်ချက်ရီပြီး ကျနော့်မျက်နှာရှေ့လာထိုင်ချလာပြီး
"ဘာပဲဖြစ်ဖြစ်ပါ ကျုပ်ကုိပေးထားတဲ့ကတိကို ခင်ဗျားဖြတ်လို့မရပါဘူး ဘာပဲဖြစ်ဖြစ်  ကိုကိုကမောင့်အပိုင် ပဲဖြစ်လာမှာပဲလေ"ဟုပြောက ကျနော့်မျက်နှာပေါ်ကမျက်ရည်တွေကို လက်နဲ့သုတ်ပေးလာသည်။ကျနော့်မှာပြောစရာစကားများတောင်မရှိတော့ဘဲ "မင်း ..... "တစ်လုံးထဲသာ ရေရွတ်နိုင်ပြီး ထိုကောင့်လက်တွေကိုပုတ်ချပြီး မော့ကြည့်သည့်အခါ ကျနော့်ကိုငုံ့မိုးပြီး နှုတ်ခမ်းတွန့်တယ်ဆိုရုံမျှပြုံးပြလာသည်။ကျနော်မခံချင်စိတ်ရှိပေမယ့် ကျနော့်မှာပြောစရာစကားမရှိပါ လက်သီးကိုသာတင်းတင်းဆုတ်ထားလိုက်ပြီး ကြမ်းပြင်ပေါ်သာအကြည့်ပို့ထားလိုက်သည်။ထုိအချိန်မြတ်မောင်ထပ်ပြောလိုက်တဲ့စကားကြောင့်ထိန်းထားတဲ့မျက်ရည်တွေဟာကြမ်းပြင်ပေါ်တစ်ပေါက်ချင်းကျသွားလေတော့သည်။ပြောလိုက်တဲ့စကားက "မကြာခင်မှာကိုကိုဆိုတဲ့လူသားက မောင့်အပိုင်ဖြစ်လာတော့မှာမို့ ကိုကို့မှာငြင်းဆန်ခွင့်မရှိဘူးဆိုသော" စကားပင်ဖြစ်သည်။

ကိုကိုကမောင့်အပိုင်Where stories live. Discover now