Unicode part 14

19 2 2
                                    

ထင်သည့်အတိုင်းပါပဲ။ကွန်ဒိုကိုပြန်ရောက်တာနဲ့ မြတ်မောင်ဆိုတဲ့သတ္တ၀ါက အိမ်ရာရှေ့မှာကားရပ်ကာစောင့်နေလေသည်။ကားကိုကားပါကင်မှာရပ်ပြီးတဲ့အခါ သူခေါ်ထားတဲ့ကားမောင်းသမားဟာ ခေါင်းငုံ့အရိုအသေပေးကာ ထွက်သွားလေပြီ။ကျနော်လဲအိပ်ပျော်နေတဲ့သမီးငယ်လေးကိုချီကာ မ နဲ့အတူအထုပ်များကိုတစ်ယောက်တစ်ဖက်ခွဲသယ်လိုက်သည်။ ပြီးတာနဲ့သမီးလေးကိုသူ့အိပ်ခန်းထဲထည့်ကာကျနော်နဲ့ မ နဲ့ဟာအောက်ပြန်ဆင်းရန်ပြင်သည်။ အိမ်ထဲစ၀င်လာထဲက ကျနော်နဲ့ပတ်သတ်တဲ့အသုံးအဆောင်သည်မြူတစ်မှုန်တောင်မရှိတော့ပါ။ဒါလဲဒီကောင်လက်ချက်ပဲဖြစ်မှာပါ။စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချပြီး မ နဲ့သာယှဥ်ပြီးအောက်ကိုဆင်းလာခဲ့သည်။အောက်ရောက်တဲ့အခါကားကိုမှီကာရပ်နေတဲ့ကောင်ဟာ မေးရိုးထင်းထင်းနဲ့လက်ကအကြောစိမ်းများပေါ်အောင် ၀တ်ထားသောလက်ရှည်ကိုတံတောင်ဆစ်ထိခေါက်တင်ထားပုံမှာ မိန်းကလေးတွေအတွက်တော့ကြည့်ကောင်းမဲ့ပုံဆိုပေမယ့်ကျနော့်အမြင်မှာတော့ ဒီကောင်ဟာ အတော်ကျက်သရေတုံးတဲ့ကောင်ပင်။အိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကိုတစ်ဖက်လူရဲ့စိတ်ဆန္ဒမပါဘဲဇနီးသည်ဖြစ်သူ့ရှေ့မှာရအောင်ယူခဲ့တာဟာ အလွန်ကိုအောက်တန်းကျတဲ့လုပ်ရပ်ပင်။ ကျနော်နဲ့မဟာသူရှေ့ရောက်တာနဲ့ပင်ထိုကောင်က "ကိုကို ခရီးမှာပျောရလို့၀ရင်မောင်နဲ့သွားရအောင်နော် မောင်ကအကြာကြီးစောင့်နေရတာဗျ" လို့ပြောတဲ့ကောင်ဟာ တရား၀င်မိန်းမရှေ့မှာနာမ်စားတွေတက်ခေါ်ရဲတဲ့အထိစောက်ရှက်မရှိတဲ့ကျက်သရေတုံးကောင်ပင်။ကျနော်လည်း
"ငါဒီနေ့တစ်ယောက်လောက်တော့ ဒီမှာနေချင်သေးတယ် မနက်ကျမှငါလိုက်ခဲ့လို့မရဘူးလားဟင် သမီးလေးကအိပ်နေတုန်းမို့လို့ပါကွာ"
"မရဘူးကိုကို အဆက်အသွယ်ဖြတ်ဖို့တစ်ပတ်ပေးထားတာပင်လွန်နေပြီ ပြန်ရောက်တာနဲ့ချက်ချင်းတန်းခေါ်လို့ရအောင် ကိုကို့ပစ္စည်းတွေအကုန်မောင်သိမ်းပြီးပြီ စကားမများပဲနဲ့ ကြည်ကြည်သာသာမောင့်နောက်လိုက်ခဲ့တော့" ထိုအချိန်မှာပင် မ က "ဟိုမောင်လေးရယ် ကလေးကအိပ်ပျော်နေသေးတော့လေ သမီးလေးနိုးမှသူ့အဖေကိုခေါ်သွားလို့မရဘူးလားဟင် အမတောင်းပန်ပါတယ် သမီးလေးကသူ့အဖေကိုမတွေ့ရရင်စိတ်မကောင်းဖြစ်နေမှာစိုးလို့ပါကွယ် "
"ဒီမှာ ခင်ဗျားမကလို့ခင်ဗျားသမီးကတွေ့ချင်လို့မတွေ့ရတာကိုစိတ်မကောင်းဖြစ်တယ်ဆိုရင်သေသွားလည်းကျူပ်ကစောက်ဂရုမစိုက်ဘူး ကျုပ်အပိုင်ကို ကျုပ်ယူတာပဲဘာတွေလာပြီးနေ့ရွေ့ညရွေ့လုပ်နေကြတာလဲ ဟာသပဲ" "မင်းစကားပြောတာလွန်နေပြီနော်မြတ်မောင် မင်းကိုငါအချိန်နည်းနည်းလေးပဲပေးခိုင်းတာပါကွာ ငါတောင်းပန်ပါတယ်" "ဟေး      ကိုကိုစကားအရမ်းမများနဲ့ကားပေါ်တက်သွားရအောင် ပင်ပန်းနေတာနားရအောင်လေ" ကျနော်လည်းပြောလို့မရတဲ့အဆုံး မ ဘက်ကိုသာကြည့်ကာ လက်ကလေးကိုဖွဖြဆုပ်ကိုင်ပြီး "ကျနော်စိတ်ချပါရစေနော် မ ထားမသွားချင်ပေမယ့်မဖြစ်နိုင်လို့သာထားခဲ့ရတာပါ မောင် မခွဲချင်တာကို မ သိတယ်မလားဟင် "
"အွန်း မေသိတာပေါ့မောင်ရယ် မောင်သာဟိုရောက်ရင်ကျန်းမာရေးဂရုစိုက်နော် ဖြစ်နိုင်ရင်တောင်မောင့်မျက်နာကိုနောက်တစ်ကြိမ်တွေ့ချင်သေးတယ်မောင်ရယ် " ကျနော်လည်းဘာမှကိုပြန်မပြောနိုင်ပါ။၀မ်းနည်းလွန်းလြန်းခုချက်ချင်းသာသေလိုက်ချင်ပါတယ်။မရဲ့ခန္ဓာကိုယ်ကိုသာ ခပ်ဖွဖွလှမ်းဖက်ကာရင်ခွင်ထဲခဏထည့်ထားလိုက်ပါတယ်။ ဒါကုိဟိုကောင်ကမကိုအတင်းဆွဲထုတ်ကာ ကျနော့်ကိုသူ့ဘက်ဆွဲထားပြီး "drama ရိုက်နေတာတော်ပြီ ခင်ဗျားကို ကျုပ်မခေါ်သြားခင်တွေ့ခွင့်ပေးတာတင်လွန်နေပြီ ခင်ဗျားတို့ချစ်ကြည်နူးတာကိုလာကြည့်နေတာမဟုတ်ဘူး ၀င်တော့ကိုကို  မောင်ဒီထက်ဒေါသထွက်လာရင် ကိုကိုသိပါတယ်" ဟုပြောကာကျနော့်ကို မနဲ့တောင်မျက်လုံးချင်းဆုံခွင့်မပေးတော့ပါပဲ ကားထဲကိုအတင်းထိုးထည့်ကာမောင်းထွက်လာခဲ့သည်။နောက်ပြန်လှည့်ကြည့်မိတဲ့အခါကျနော်ထွက်သွားတာကိုရပ်ကြည့်နေတဲ့ မ ဟာပါးပြင်ပေါ်မှာမျက်ရည်များဖြင့်။အရင်လိုကျနော့်မှာ မျက်ရည်သုတ်ပေးခွင့်မရှိတော့ပါလား မေရယ်။ ကျနော်လည်းမျက်ရည်တွေကျလာရပြန်သည်။ဒါကိုမြင်တဲ့ကောင်က "မငိုနဲ့ကိုကို အချိန်တန်ရင်အားလုံးကမေ့ပျောက်ကုန်ပြီးနေသားတကျဖြစ်သြားအောင်မောင်ကအစွမ်းကုန်ချစ်ပေးပါ့မယ် " သူပြောလာတဲ့စကားတွေကိုကျနော်မကြားဟန်ဆောင်ကာကအပြင်ဘက်ကိုသာကြည့်ကာလိုက်လာတော့သည်။ကြာလာတဲ့အခါကျနော်မျက်လုံးများကိုပိတ်ထားလိုက်တော့သည်။ဒီနှစ်အတွင်းကျနောရလူရောစိတ်ပါအရမ်းပင်ပန်းခဲ့ရပြီလေ။ ကျနော်အရမ်းစိတ်ဓာတ်ကျနေပြီ။ဖြစ်လာသမျှအရာတိုင်းကိုအရှုံးပေးလိုက်ပါပြီ။

ကိုကိုကမောင့်အပိုင်Where stories live. Discover now