ဒါလေးကရှောင်းကအသက်ငယ်ပြီးရိပေါ်ကအသက်ကြီးတဲ့ပုံစံလေးသွားမှာပါ
ဒီFic ထဲကမြို့နာမည်တွေနဲ့တခြားသောအကြောင်းအရာများကစိတ်ကူးသက်သက်ဖြစ်ပါတယ် နာမည်တူများရှိသော်နားလည်စေချင်ပါတယ်ရှင့်ကိုယ်ကအခုရက်ပိုင်းအားနေတော့ new ficလေးတွေထပ်ရေးချင်လို့ပါ အားပေးကြပါဦးရှင့် ဒါဆိုဇာတ်လမ်းကိုသွားလိုက်ကြရအောင်
_____________________________________
"ဆရာဝမ် ကျွန်တော်တို့ပြောင်းရမယ့်နေရာကတောနယ်လေးဖြစ်ပြီး မြို့နဲ့လည်းဝေးတယ်တဲ့"
"ဟုတ်တယ် ရှင်းချန် အဲ့နေရာကခေါင်ခိုက်တော့ ကလေးတွေစာသင်ကြားရေးအခက်ခဲရှိတယ်လေ"
"ဟေးနန် နယ်လေးမလား ရှင်း "
"ဟုတ်တယ် လင်း"
"အဲ့ကိုမရောက်ဘူးပေမယ့်နည်းနည်းတော့အဲ့နေရာအကြောင်းကြားဖူးတယ် "
"အဲ့ဘက်က နယ်မြေလေးသာယာသလောက် ခိုးစိုးလုယက်တွေမှောင်ခိုဂိုဏ်းတွေပေါတယ်တဲ့
ကလေးတွေစာသင်တာအခက်ခဲရှိတာလည်းမပြောနဲ့ ချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုပြီးဂုဏ်တွေနဲ့ခွဲခြားထားသေးတာ တို့မြို့ပေါ်ကလူတွေထက်ဆိုးတယ် ဝမ်နဲ့ရှင်းအဲ့ကိုသွားရင်ဂရုစိုက်နော် အဲ့မှာအရမ်းနာမည်ကြီးတဲ့မှောင်ခိုဂိုဏ်းရှိတယ် နာမည်ကဘာလဲမသိဘူး??""ဟုတ်ပါပြီလင်းရယ် နင်ကရောမပါလို့ငါတို့နှစ်ယောက်တည်းကိုသတိပေးနေတာလားပြောပါဦး"
"ဟဲဟဲ ငါပါလို့အဲ့နယ်အကြောင်းစုံစမ်းထားတာပေါ့"
"အားလုံးဘယ်နှစ်ယောက်သွားရမှာလည်း"
"ငါရယ် နင်ရယ် ရှင်းရယ် ဖေးရန်ရယ် ဖန်ရှင်းနဲ့ လီလီရယ် ယုလီ နောက်ဆရာ လော့ချူးမင်ရယ် အားလုံး ၈ယောက် ပြီးတော့ တခြားဆရာငါးယောက်လောက်ပါဦးမယ်ပြောတယ်"
"အင်း "
"ကျောင်းဆင်းချိန်ရောက်နေပြီ ပြန်ရင် ဟော့ပေါ့ဝင်စားရအောင် "
"အေး"
ရိပေါ်တို့ကျောင်းဆရာတွေက နယ်သိပ်မပြောင်းရပေမယ့် အထက်ကိုတောင်းဆိုထားတဲ့ ဟေးနန်ကကျောင်းသားတွေအတွက်ဆရာလိုအပ်တယ်ဆိုလို့ သွားရခြင်း ရိပေါ်ကဘာသာရပ်လေးမျိုးအပြင်အဆိုအကပါအနည်းငယ်ရသူဖြစ်လို့ကျောင်းရဲ့ ထိပ်တန်းဆရာတွေထဲကတစ်ယောက်ပင် ဆရာသက်တမ်းခြောက်နှစ်မှာသူဟာအေးဆေးတည်ငြိမ်ပြီးကျောင်းသားတွေကိုကောင်းကောင်းကာကွယ်နိုင်ပေတယ် အခုတော့အထက်အမိန့်နဲ့ဟေးနန်ဆိုတဲ့နယ်မြေလေးကိုပြောင်းဖို့ဖြစ်တည်လာတယ်မိဘတွေမရှိတော့ကတည်းကသူဟာတစ်ယောက်တည်းရပ်တည်လာတယ် ရှင်းချန်နဲ့ဖန်ရှင်းဆိုတာသူနဲ့ညီအကိုလိုခင်ကြတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပေါ့
YOU ARE READING
ဟေးနန်နယ်မှချစ်ပုံပြင်
Fanficမြို့ကနေတာဝန်နဲ့ရောက်လာတဲ့ ဆရာလေးဝမ်နဲ့လူဆိုးလေးရှောင်းတို့ရဲ့ချစ်ဇာတ်လမ်း