Episode - 1

6.7K 210 24
                                    


UNICODE

သူငယ်ချင်းတွေရဲ့ ဆွဲခေါ်လာမှုကြောင့်
အပြင်သို့ လိုက်ပါလာရသော်လည်း
တမှိုင်မှိုင် တတွေတွေ ဖြစ်နေသည့်
ဘက်ကီတစ်​ယောက်ကို သူတို့သတိထားမိကြ၏။

"ဘက်ကီ ဘာဖြစ်နေတာလဲဟာ နင်ကလည်း
နည်းနည်း တက်တက်ကြွကြွလေး နေပါဦးလား"

ယူကီ့ရဲ့ အပြောကို
ဘက်ကီ တစ်ချက်မျှစောင်းငှဲ့ကြည့်ရုံလေး တတ်နိုင်သည်။

"အင်းလေ နင့်ကိုကြည့်ရတာ
ငါလည်း စိတ်မချမ်းသာနေဘူး.."

နုတ် ကလည်း ဝင်ပြော၏။

"သန်ဘက်ခါဆို လကုန်တော့မယ်လေ
ကျောင်းစရိတ်ရော အိမ်ငှါးခပါ
ငါ့ကို ထောင်းတော့မှာ...ဟူး"

စိတ်ရှုပ်ဟန်ဖြင့် နှဖူးပေါ်ဝဲလျက်ရှိသော
ဆံစအချို့ကို သပ်တင်လိုက်သည့်အခိုက်
ဘက်ကီ့ကို နုတ် မလွတ်တမ်းငေး၏။

"ဒီကိစ္စကြောင့် နင်ဗျာများနေရတာ
ငါတို့ကို စောစောပြောရောပေါ့ ဘက်ကီရယ်
ငါ့ကို လကုန်ရင် ဖွားဖွားက မုန့်ဖိုးပေးမှာ
အဲ့မုန့်ဖိုးကို ငါနင့်အတွက် ပေးမယ်လေနော်"

ယူကီက ဘက်ကီ့ လက်ကို
အသာကိုင်၍ နှစ်သိမ့်သည်။

"ငါလည်း စုမိထားတာရှိတယ်
နင်လည်း စာသင်ဝိုင်းတစ်ချို့ကနေ
တပည့်တွေဆီက လစာရအုံးမှာဆိုတော့
ငါတို့သုံးယောက်ပေါင်းရင် ဒီလအတွက်
အနည်းအကျဉ်းလောက်တော့ ကာမိမှာပါ"

သူငယ်ချင်းနှစ်ယောက်၏
နှစ်သိမ့်ပေးမှုတွေကြား ဘက်ကီ
ရှိုက်ကြီးတငင် ငိုမိလေသည်။

"တကယ်..တကယ် ကျေးဇူးတင်ပါတယ်ဟာ.."

ကလေးလေးလို ငိုနေသည့်
ဘက်ကီ့ကို နှစ်ယောက်သား ပွေ့ဖက်ရင်း
ချော့နေရလေသည်။

သူတို့ သူငယ်ချင်းလေးက
ငိုတာတောင် သိပ်လှနိုင်လွန်းသည်၊
ရွှန်းရွှန်းစားစား ရှိလှသည့် မျက်ဝန်းတောက်ကလေးနှင့်
ပန်းနုရောင် နှုတ်ခမ်းလှလှလေးရယ်က
တစ်ပါးသူလက်ထဲ ရက်ရက်ရောရော
ပေးကမ်းချင်ရက်စရာ မရှိ။

"ကဲ ကလေးလေးလို မငိုနဲ့တော့
တို့တွေ ရုပ်ရှင်သွားကြည့်ရအောင် လာ"

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now