Episode - 5

3.6K 156 14
                                    

UNICODE

"ဖရင်း"

"ဟင်"

"ဒါလေး ငါနဲ့လှလား"

ဂျိတ်ရဲ့ အပြောကြောင့်
ဖရင်း လှမ်းကြည့်လိုက်မိချိန်
ကမ္ဘာကြီး ခနတာ ရပ်တန့်သွားသလို
သိပ်လှနိုင်လွန်းသည့် ဂျိတ်ရဲ့ အလှတရားက
ဖရင်းရဲ့ အာရုံတွေအားလုံးကို ဖမ်းစားထား၏။

အနက်ရောင် မလုံ့တလုံ ဂါဝန်နှင့်
ရူးလောက်သည့် ကောက်ကြောင်းတို့က
အဲ့သည်လောက် အသက်ငယ်ငယ်
မိန်းကလေး ဖရင်းတောင် မလွှဲနိုင်စရာ။

"အင်း..လှ လှတယ်"

၁၃ နှစ်အရွယ် ဖရင်းက
ဘာရယ်ညာရယ်တွေ သိပ်မသိသေးတဲ့
ဖြူဖြူစင်စင်ကလေးအရွယ်ပဲ ရှိသေးတာပေမဲ့
၁၈ နှစ်အရွယ် ဂျိတ်ကတော့ ပညာစုံလှသည်။

အသက်က ခပ်ငယ်ငယ်ပဲ ရှိသေးတာတောင်
သူ့အရပ်ထက် မဆိုသလောက်ကလေးသာ ပုတဲ့
ဖရင်း၏ အရပ်က ဂျိတ်နှင့်တန်းတူပေါင်းဖို့
ဝင်ဆံ့တဲ့ အနေအထားတစ်ခုပင်။

"မင်း ရှက်နေရင် အရမ်းချစ်ဖို့ကောင်းတာ
သိလား ဖရင်း"

အမြဲတမ်းနီးပါး ဖရင်းနှင့် အတူရှိနေချိန်တိုင်း
တစ်နေ့တစ်မျိုး မရိုးရအောင် ကလေးအရွယ် ဖရင်းကို
ကလူ၏သို့ မြူ၏သို့ ပြုမူလေ၏။

သည်လို ကလေးတစ်ယောက်ကို
ရူးရူးနှမ်းနှမ်း စွဲလမ်းသွားစေခဲ့ပြီးကာမှ
အသိမပေး ဘာမပေးနှင့် နိုင်ငံခြားသို့
ထွက်သွားသည့်အခါ အသည်းကွဲကျန်ခဲ့ရသူက
ဖရင်းတစ်ယောက်ထဲ။

ဒိုင်ယာရီထဲ နေ့စဉ်နေတိုင်း
ချရေးဖြစ်တဲ့ စကားလုံးလှလှတွေတိုင်းမှာ
ဂျိတ်ရဲ့ အကြောင်းတွေ စိုးမိုးထားလျက်။

အမြဲလိုလို ငိုကျွေး ရင်ဖွင့်တတ်တဲ့
၁၃ နှစ်အရွယ် ဖရင်းဟာ မိဘမဟုတ်ပေမဲ့
မိဘလိုရင်းနှီးရသည့် အိမ်တော်ထိန်းမီအား
ဂျိတ်ကို ချစ်မိသွားကြောင်း ပွင့်ပွင့်လင်းလင်း
ပြောပြခဲ့သည်။

ဖရင်း၏ ကွဲကြေနေသည့် နှလုံးသားတစ်စုံမှာ
ကုစားဖို့ရာအတွက် အချိန် နှစ်နှစ်လောက်ယူလိုက်ရ၏။

အရာအားလုံး ကုစားလို့အပြီးမှာ
ဖရင်းဟာ အရမ်းကိုသန်မာတဲ့
မိန်းကလေးတစ်ယောက် အဖြစ်
ပြန်လည်မွေးဖွားလာခဲ့သည်။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now