Episode - 4

3.7K 174 14
                                    

UNICODE

ဖရင်းအတွက် ဒီနေ့က
အိမ်မှာ စာသင်ရမည့်နေ့ ဖြစ်သော်လည်း
အပြင်ကို တစ်ဖဝါးမှ မခွါပဲရှိတာကြောင့်
အိမ်ကလူတွေအကုန် ခေါင်းကြိမ်းနေကြ၏။

ထူးထူးဆန်းဆန်း ဖြစ်ရပ်ကြောင့်
အားလုံး တိုးတိုးတိုးတိုးနှင့် ပြောနေကြသည်။

စာသင်ရမည့် အခန်းထဲ
ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်းက
သူစောင့်နေတာ မိနစ် ၂၀ ကျော်လာပြီ
အခုထိ ရောက်မလာသေးသည့် ကျူတာကြောင့်
စိတ်မရှည် ဖြစ်နေရသည်။

သူ့ဘဝမှာ လူတစ်ယောက်ကို
စောင့်ဆိုင်းတယ်ဆိုတာ ရှိမှမရှိခဲ့တာပဲ
ဒီလို အမူအကျင့်မျိုးနဲ့ အသားကျမနေပါဘူး။

"အိမ်တော်ထိန်းမီ ဒီနေ့ ကျူတာမလာဘူးလား"

ထူးထူးဆန်းဆန်း မေးခွန်းကြောင့်
အိမ်တော်ထိန်း မျက်လုံးပြူးနှင့်ကြည့်မိသွားသည်။

"ဒီနေ့ ဆရာမလေးက ခွင့်ယူထားတယ် မမလေး"

"ဘာရယ် ကျွန်တော်တောင် မသိရပါလား
ဘာကိစ္စတဲ့လဲ အိမ်တော်ထိန်းမီ"

"အပြင်းဖျားလို့တဲ့ မမလေး
နှစ်ရက်တောင် ခွင့်ယူထားတာပါ"

ထိတ်ခနဲဖြစ်သွားသည့် စိုးထိတ်မှုက
အလုံးလိုက် အရင်းလိုက်ကို ဝင်လာပါရော့လား။

ပြေးရလွှားရတယ်ဆိုတာ သူ့အတွက်
ထူးဆန်းတဲ့အရာမဟုတ်တာကြောင့် ဘာရယ်မဟုတ်ပေမဲ့
ကျူတာလေးအတွက်က ပင်ပန်းမှာပဲ မဟုတ်လား။

"ဘာ နှစ်ရက်တောင်လား"

"ဟုတ်ပါတယ် မမလေး"

"သူ့ အလုပ်လျှောက်စာ form ကြည့်လို့ရမလား"

"ရပါတယ် မမလေး ဒီမှာပါ"

အလျင်အမြန် ဆွဲယူလိုက်ပြီးသည့်နောက်
အရင်ဆုံးရှာကြည့်မိတာ နေရပ်လိပ်စာကိုပင်။

သိချင်တာကို သိလိုက်ရသည်နှင့်တစ်ပြိုင်နက်
အခန်းထဲကို အပြေးဝင်၍
ကားသော့ဆွဲကာထွက်လာလိုက်သည်။

"ဘယ်သွားမလို့ပါလဲ မမလေး"

"သူငယ်ချင်းတွေဆီပေါ့ ဘာဖြစ်လို့လဲ"

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now