Episode - 10

3.8K 132 1
                                    

UNICODE

မိနစ် ၂၀ လောက်အကြာအထိ
ဖရင်း ခေါ်ဆောင်သည့်နောက်သို့
ဘက်ကီ ငြိမ်ငြိမ်ကလေး လိုက်လာရသည်။

ဘယ်သွားမယ်မှန်းလည်း မပြောသဖြင့်
သူ့အဖြစ်က သိလည်းမသိရ။

စိတ်ထဲရှိလျှင် နိုင်ငံခြားတောင်
နေ့ချင်းပြန် သွားလို့ရသည်အထိ
အာဏာကြီးတဲ့ ဖရင်းကြောင့်
မဟုတ်တရုတ်တွေ လုပ်မှာစိုးနေရသည်။

"ဖရင်း ဘယ်..ဘယ်သွားနေတာလဲဟင်"

အရဲစွန့်ပြီး ထပ်မေးတော့
ဖရင်းက သူ့ကိုလှည့်ကြည့်လေ၏။

ခုနက ဖရင်းရဲ့ပုံစံကို ပြန်မြင်ယောင်ပြီး
ကြောက်သွားရပြန်သဖြင့် အကြည့်လွှဲမိ၏။

"မကို ခိုးပြေးလာတာလေ"

"ဟင်"

တကယ်တော့ စိတ်ဆိုးနေသည်ကို
စိတ်ပြေလက်ပျောက် ဖြစ်သွားစေရန်အတွက်
သူ့ရဲ့ဗီလာကို လာခဲ့ရုံပါ။

ဘက်ကီကြောက်နေသည်က
ချစ်စရာကောင်းလွန်းသဖြင့်
ဖရင်း ထပ်စလိုက်မိသည်။

အခုစလိုက်တဲ့အပေါ် အတည်လန့်သွားပုံပဲ
ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတဲ့
မျက်တောင်စိပ်စိပ်ကလေးတွေက သက်သေ။

"စိတ်လျှော့ပါနော် လွန်..လွန်ကုန်မယ်လေ"

ဖရင်း မျက်နှာကို တစ်ဖက်သို့လှည့်ပြီး
ကြိတ်ရယ်နေမိ၏။

သည်လို မှင်အတိုင်းနဲ့ပဲ
ချော်လဲရောထိုင် ခိုးပြေးလိုက်ရကောင်းသားဆိုသည့်
ခပ်ဆိုးဆိုး အတွေးကလေးကလည်း မင်းမူလို့။

"မလျှော့နိုင်ဘူး မက သိပ်လှနေတော့
ကျွန်တော် စိတ်မချဘူး"

"မဟုတ်..မဟုတ်ဘူးလေ
သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ရအောင်နော်.."

"မ အဲ့လို မလည်ရှုပ်လာလုပ်လို့ မရဘူး
အခု ကျွန်တော်က မကို ခိုးပြေးလာတယ်
မက အခိုးခံရတယ် အဲ့တာပဲ"

"စိတ်ထိန်းပါအုံး ဖရင်းရယ်
တို့..တို့ မင်းကို အဖြေလည်း မပေးရသေးဘူးလေ..."

"မ အဖြေကို မစောင့်နိုင်ဘူးဗျာ
ဒီနေ့ကစပြီး မက ကျွန်တော့်အပိုင်ပဲ"

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now