Episode - 15

3.3K 129 9
                                    

UNICODE

"ဘာ"

ကျယ်လောင်တဲ့ ဖရင်းရဲ့ မကျေမနပ် ရေရွတ်သံက
ဘက်ကီ့ကို လန့်နိုးသွားစေခဲ့တယ်။

အချိန်ကို အမြန်ကြည့်လိုက်မိတော့
မနက် ၆ နာရီတောင် မထိုးသေးဘူးပဲ။

ဖုန်းပြောရင်း စိတ်တိုနေတဲ့ ဖရင်းမှာ
ဘာပြသနာတွေရှိမှန်း ဘက်ကီမသိသေး။

"ကျစ်"

"မောင် ဘာဖြစ်လို့လဲဟင်
ပြသနာတစ်ခုခု ရှိလို့လား"

"အချစ်နဲ့ ချစ်သူတွေဖြစ်နေကြမှန်း
မိဘတွေသိသွားကြပြီ အခုလည်း
အချစ်နဲ့အတူ စာဆက်မသင်ရတော့ဘူးတဲ့
စောက်ရေးမပါတာကွာ ဘယ်ကနေသိသွားတာလဲ"

ဘက်ကီ ခနတော့ တိတ်ဆိတ်သွားသည်။
ကြိုတင်မှန်းဆထားခဲ့ပြီးသား အရာတွေမလို့
အရမ်းမအံ့ဩပေမဲ့လည်း နည်းနည်းတော့
တုန်လှုပ်မိသွားတာ အမှန်ပါပဲ။

"တို့တွေဆက်ဆံရေးကို သိထားတာ
ဂျိတ်အပြင် ဘယ်သူရှိသေးလို့လဲ မောင်ရယ်"

ဘက်ကီ့ရဲ့အပြောကိုကြားတော့မှ
ဖရင်း အဖြေရှာတွေ့သွားသည့်ပုံစံဖြစ်၏။

"ဟာကွာ ဒီမိန်းမ...."

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်
ဒေါသတွေ တရိပ်ရိပ်ထွက်နေကာ
တောက်တစ်ခေါက်ခေါက်ဖြစ်နေတဲ့ ဖရင်းကို
ဘေးကနေ အသာထိန်းပေးနိုင်တာကလွဲရင်
ဘာမှလုပ်မရအောင် သူကိုယ်တိုင်အတွက်လည်း
ကျပ်တည်းသွားစေခဲ့တဲ့ အခြေအနေတွေပါပဲ။

ဂျိတ်ဟာ တကယ်ကို
အန္တရာယ်များတဲ့ မိန်းမတစ်ယောက် ဖြစ်လာခဲ့တယ်။

ဘယ်လောက်အထိ
နှောင့်ယှက်ဖို့ စဉ်းစားနေသလဲ တွေးမိရင်
ရင်ထဲ မွန်းကျပ်လို့...။

"လုံးဝလုံးဝကို မချစ်နိုင်ပါဘူး
မယူနိုင်ပါဘူးလို့ ထပ်ဖန်တလဲလဲ
ရှင်းရှင်းလင်းလင်းကို ငြင်းခဲ့ရဲ့သားနဲ့
ဘာလို့ အခုလိုတွေဖြစ်လာရတာလဲ
ဘာတွေမှန်းလည်း မသိတော့ဘူးကွာ
အရမ်းစိတ်ညစ်တာပဲ အချစ်ရယ်..."

"စိတ်လျှော့ပါနော်
မိဘတွေဆိုတော့ ရုတ်တရက်
ဒီလိုစီစဉ်တာ အကောင်းဆုံးလို့
သူတို့တွေးမိသွားလို့ နေမှာပါ
စာလိုက်မသင်ရတာက လွဲရင်
မောင့်ကို ဒီမှာ စာသင်ပေးလို့ရတာပဲ
တို့နှစ်ယောက်အတူ ရှိနေတာပဲလေနော်"

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now