Episode - 12

3.5K 116 6
                                    

UNICODE

ဆေးရုံက ကုတင်ပေါ်မှာ လှဲလျက်သား ဖရင်းကတော့
ဘက်ကီနဲ့ ဂျိတ်ကို တစ်လှည့်စီကြည့်ရင်း ငြိမ်နေလေရဲ့။

"အဆင်ပြေရဲ့လားဟင် နာနေသေးလား.."

ဘက်ကီ့အမေးကို ဖရင်းကပြုံးပြလျက်
ခေါင်းကလေးကို အသာပွတ်သပ်လိုက်သည်။

"အဆင်ပြေပါတယ်
ဒါတွေက ဖြစ်နေကျမလို့ ဆေးလိမ်းရင်ရပါပြီဆို
ဘာလို့ ဆေးရုံထိခေါ်လာရသလဲ အချစ်ရယ်"

"ဒီတစ်ယောက်လေးပဲ ရှိတာ
စိတ်ပူရတယ်လေ ချစ်တာကိုး လူဆိုးလေးရဲ့"

"မောင်ကမှ စိတ်ပူရမှာပါ
လည်ပင်းပြပါအုံး ဓားရာထိသွားသေးလားဟင်"

"မထိပါဘူး ရပါတယ် စိတ်မပူနဲ့နော်.."

"အဟမ်း"

ချောင်းဟန့်သံကြားမှသာ အသိဝင်လာကြလျက်
နှစ်ယောက်သား ပလူးနေကြသည်မှာ
ဂျိတ်ရှိသည်ကိုပင် မေ့လျော့သွားမိသည်အထိ။

ထိုအခါမှသာ ဘက်ကီက
အခြေအနေကို ဝင်ထိန်းလိုက်သည်။

"အာ...အားနာလိုက်တာ
ထပ်ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်နော်.."

"မဟုတ်တာ ကိစ္စမရှိပါဘူး ရပါတယ်"

ဂျိတ်ဘက်က ဖရင်းကို လှမ်းကြည့်နေသော်လည်း
ယခုထက်ထိ ကျေးဇူးတင်စကားလည်းမဆို
သေချာလည်း မကြည့်သည့် ဖရင်းကြောင့်
ဘက်ကီကြားထဲက အားနာလာမိလေသည်။

"မောင်..ကိုယ့်ကိုကယ်ထားတဲ့သူကို
ကျေးဇူးတင်စကားလေးတော့ ပြောလိုက်အုံးလေ.."

ဘက်ကီ ခပ်တိုးတိုးပြောနေတယ်ဆိုပေမဲ့
ဂျိတ်အနေနဲ့ အတိုင်းသားကြားရပါတယ်။

"ရပါတယ် သူက အဲ့သလိုပဲ
စိတ်ကခပ်ဆတ်ဆတ်ရယ်ပါ
ဟုတ်ရဲ့လား ဖရင်း"

ဖရင်းကို ဦးတည်လျက် ဂျိတ်ကမေးတော့
ဖရင်းက တစ်ချက်လှမ်းကြည့်သည်။

အခြေအနေ အကြောင်းကြောင်းကို
ဂျိတ် သိနှင့်ထားပြီးသားပါ။

ဒါပေမဲ့လည်း ဖရင်း သူ့အပေါ်
သည်လောက်အထိ ခံစားချက်မဲ့ အေးစက်သွားမယ်လို့
ထင်မထားခဲ့မိဘူး။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now