Episode - 7

3.6K 149 6
                                    

UNICODE

ဖရင်း မအိပ်နိုင် မစားနိုင်ဖြစ်နေသည်။
ဖုန်းဆက်တာလည်း မကိုင်၊
မနေ့ကလည်း လျစ်လျူရှုသွားသော
ဘက်ကီ့ကြောင့် အခုထိနေရထိုင်ရခက်၏။

"မမလေး"

"ဘာကိစ္စလဲ အိမ်တော်ထိန်း"

"ဆရာမလေးက စာဆက်မသင်တော့ဘူးတဲ့"

"ဘာ!"

"ဟုတ်တယ်..သူကိုယ်တိုင် ဖုန်းဆက်ပြောတာပါ"

"ကျစ်! မကကွာ စိတ်ကောက်တာနဲ့
လုပ်ချင်ရာတွေ လုပ်တော့တာပဲ တကယ့်အဆိုးလေး"

ထူးထူးဆန်းဆန်း စကားတွေပြောနေတဲ့
ဖရင်းကို အိမ်တော်ထိန်းမီက တအံ့တဩကြည့်နေ၏။

"ဒီကိစ္စကို ဒယ်ဒီတို့ကို လုံးဝပြန်မပြောနဲ့အုံး
ကျွန်တော်တို့ချင်း အထင်လွဲထားကြတဲ့ ကိစ္စလေးတွေမို့
ကျွန်တော်သူ့ကို ရအောင်ပြန်ခေါ်မှာ"

"အော်..အေး အေးပါကွယ်..."

"အခုတော့ သွားချော့လိုက်အုံးမယ်"

ပြောကာဖြင့် ကားသော့ဆွဲ၍
အမြန် မောင်းထွက်သွားလေတော့သည်။

ဖရင်း ဘက်ကီ့အိမ်ရှေ့ကားထိုးလိုက်ပြီး
လူဆင်းဆင်းချင်း အိမ်ထဲကထွက်လာသည့်
ဘက်ကီ့ကို တန်းတိုးလေ၏။

ဘက်ကီကတော့ လွယ်အိတ်ကလေးနှင့်
တက္ကသိုလ်ဝတ်စုံဝတ်ထားသည်ကြောင့် ဒီနေ့
သူ့ကျောင်းတက်ရက်မှန်း သိလိုက်ရသည်။

"မ"

သူ့ကိုမြင်သော်လည်း မမြင်ချင်ယောင်ဆောင်ပြီး
သူခေါ်တာကိုလည်း မကြားချင်ယောင်ဆောင်သည်။

ခြံတံခါးကို အသာအယာသော့ခတ်နေသည့် မက
သူ့ကိုစိတ်ဆိုးနေမှန်း သိတာကြောင့် ဖရင်းအနေနှင့်
ဆွဲလားရမ်းလားတွေ မလုပ်ရဲ။

"မ လို့..."

သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ
ထွက်သွားတဲ့ မနောက် သူထပ်ကြပ်မကွာလိုက်ရ၏။

"မ မနေ့ကကိစ္စ ကျွန်တော် တောင်းပန်ပါတယ်"

"..."

"စာတော့ ပြန်လာသင်ပါနော်"

"..."

"နောက်မလုပ်တော့ပါဘူး နော်..."

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now