Episode - 8

3.8K 150 6
                                    

UNICODE

ဘက်ကီက စာသွားသင်မည်မလို့
မလိုက်ခဲ့နဲ့ဟု ပြောသော်လည်း မရမကကို
အတင်းလိုက်သော ဖရင်းကို တားမရ။

"စာသင်တာကြာမှာ ဖရင်းရဲ့ ပျင်းနေလိမ့်မှာပေါ့"

"မအတွက်ဆို ဘယ်လောက်ကြာကြာ စောင့်ပေးနိုင်တယ်"

"အရမ်းအကဲပိုတာပဲ"

ဘက်ကီ ခပ်ပြုံးပြုံးနှင့်
ဖရင်း၏ ရင်ဘက်ကို လက်ညှိုးကလေးနဲ့
အသာတွန်း၍ ပြော၏။

ဖရင်းက ပြန်မပြော ခပ်ပြုံးပြုံးပင်။

ဘက်ကီက စားပွဲရှည်၏အလယ်တွင် ဝင်ထိုင်တော့
ကြိုရောက်နှင့်နေသည့် ကျောင်းသား ကျောင်းသူများက
ဘက်ကီ့ကို နှုတ်ဆက်ကြလေ၏။

ဖရင်းကတော့ ဘက်ကီနှင့် မျက်နှာချင်းဆိုင်
ခပ်လှမ်းလှမ်းမှာထိုင်လျက် စောင့်နေ၏။

"တီချယ် ဟိုမမက တီချယ့်ကိုပဲကြည့်နေတယ်နော်"

"အဲ့မမက နာမည်ကြီးမဟုတ်လား
ဘာလို့ တို့တီချယ်ကို အဲ့လိုကြည့်နေလဲမသိဘူးနော်"

"တီချယ့်ကို ကြိုက်နေတာထင်တယ်"

တစ်ယောက်တစ်ပေါက်သော
တပည့်တွေရဲ့အပြောကြောင့်
ဘက်ကီ တကယ်ကို မနေတတ်တော့။

ဘယ်လိုကလေးတွေလဲ မသိ
စာကလွဲရင် အကုန်စိတ်ဝင်စားကြသည်။

"မဟုတ်တာ ကလေးတွေနော်"

"တီချယ်ကလည်း မူမနေပါနဲ့
ဟိုမမက အရမ်းမိမိုက်နေတာကို..."

"ငါတို့တီချယ်က လုံးဝ bottom ထိုင်ရမှာ ဟီးဟီး"

သူ့ကိုမျက်စိရှေ့ထားပြီး
ဖရင်းနှင့် ပေါ်တင်ပေးစားနေရုံသာမက
အောက်ပုဂ္ဂိုလ်ဇာတ်အထိပါ တွေးတောနေကြသည့်
တပည့်တွေကို သူတားလို့လည်း မနိုင်တော့။

ရှက်လွန်းလို့ ဘက်ကီ့မျက်နှာ
ပန်းရောင်သန်းလာတော့သည်။

"စာ..စာလုပ်မယ်"

"စာလုပ်တာ မကောင်းဘူး တီချယ်ရဲ့
တီချယ်ကလည်း ဒီလိုအခြေအနေမျိုးမှာ
စာသင်နေရမှာ မဟုတ်ဘူး"

"အယ်..စာမသင်တော့ ဘာလုပ်ရမှာ"

"တီချယ်နဲ့ ဟိုမမနဲ့ ဟီးဟီး"

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now