Special Episode

4.3K 145 7
                                    

UNICODE

ပူနွေးသလို ခံစားချက်ရယ်
တစ်စုံတစ်ခု ခက်ခက်ခဲခဲ ဖြစ်နေသလိုမျိုး
အိပ်နေရင်းက ဘက်ကီ ခံစားနေမိ၏။

အိပ်ချင်မူးတူးနှင့်မို့
ဘာတွေဖြစ်ပျက်နေမှန်းကိုလည်း
ဘက်ကီ ကောင်းကောင်းမသိပေမဲ့
သေချာတာတော့ တဖြည်းဖြည်း နာလာသလိုပဲ။

အတွေးထဲဝင်လာတာနဲ့ တစ်ပြိုင်နက်
မျက်လုံးကို ကမန်းကတန်း ဖွင့်ကြည့်မိတော့
သေချာပေါက် မောင့်ရဲ့ လက်ချက်ပဲ။

"ဟာ့ နာတယ်လို့
မောင် ဘာလုပ်တာလဲကွာ
သူများအိပ်နေတာကို..."

သူပြောနေသည်ကို မောင်က
ပုခုံးတွန့်ပြီး ပြုံးပြလိုက်လျက်။

"အချစ်က duty ရှိတာကို မေ့နေတာမလား
Alarm တွေ ခနခန မြည်နေရဲ့နဲ့ကို
ပိတ်လိုက် အိပ်လိုက် လုပ်နေလို့
မောင်က အချစ်ကို နှိုးတာလေ"

ပိုပိုပြီး ကြမ်းလာတာကြောင့်
ဘက်ကီ အလူးအလဲထတော့
မောင်က သဘောတကျ ရယ်လေ၏။

"နာတယ်လို့ ထပြီ ထပြီနော်.."

"ဒီတစ်ချီပဲ အချစ်"

"မရဘူးလို့ မောင် ဟာ့"

ထိုင်ရက်ဖြစ်နေတဲ့ သူ့ကို
မောင်က ပြန်၍တွန်းလှဲလိုက်ရင်းက
ခပ်ကြမ်းကြမ်းလေး ဆက်၏။

နာကျင်မှုဒဏ်ကြောင့်
မောင့်ပုခုံးပေါ်သို့ အားကိုးတကြီး
လက်တွေနှင့် သိုင်းဖက်လိုက်မိ၏။

"ဒီနေ့ လမ်းအများကြီးလျှောက်ရမှာ
ညင်သာပေးပါ မောင်ရယ်.."

မဖြစ်နိုင်မှန်း သိပေမဲ့လည်း
တတ်နိုင်သလောက်လေးတော့
ညင်သာအောင် တောင်းဆိုနေမိတဲ့
သနားစရာ သူ့အဖြစ်ရယ်။

"ဟုတ်ပါပြီ ခနလေးပဲနော်
မောင့် အချစ်လေးက လိမ္မာတယ်"

ပါးစပ်ကသာ လေပြေလေးနှင့်ပြောနေပေမဲ့
မောင့်လက်တွေကတော့ မောင့် လေသံနှင့်
လားလားမျှ မလျော်ညီစွာ။

အပြောနှင့်အလုပ် မညီတဲ့နေရာမှာ
သည်နေရာတော့ မောင် တကယ်ဆိုး၏။

သည်လိုနှင့်
ညာညာပြီး ကြမ်းတတ်သေးသော မောင့်ကို
မနက်အစောကြီးတစ်ကြိမ် ဘက်ကီ
လိုက်လျောလိုက်ရသည် ဆိုပါတော့။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now