Episode - 11

3.8K 124 15
                                    

UNICODE

ဒီနေ့တော့ ဘက်ကီရဲ့ စာမေးပွဲပြီးတဲ့နေ့ပင်။

စိတ်တွေလည်း လန်းဆန်းလို့နေလျက်
တက္ကသိုလ်ဝန်းရဲ့ အပြင်ဘက်မှာ
ပြိုင်ကားလေးနဲ့ အသင့်စောင့်နေတဲ့ သူ့ရဲ့ ဖရင်းက
လက်ကလေးဆန့်လို့ ဆီးကြိုနေသည်။

ဘက်ကီ့အတွက်
စစ်မှန်တဲ့ အားအင်လေးတစ်ခုရယ်ပါ။

လက်ဆန့်ကာ ကြိုနေသည့် ဖရင်းကို
အပြေးကလေး ပွေ့ဖက်လိုက်မိ၏။

"ဒီနေ့ရော ဖြေနိုင်ခဲ့ရဲ့လား အချစ်"

"ဖြေနိုင်ပါတယ်ရှင့်"

"ချစ်လိုက်တာ ကျွန်တော့်အချစ်လေးကို"

"တူတူပဲ အများကြီးချစ်တယ်"

"အိုး နားဝင်ကိုချိုနေရောပဲ ဟီးဟီး"

"အပိုတွေ"

ဘက်ကီက ပြုံးပြုံးကလေးနှင့်
မျက်စောင်းထိုးသည့်အခါ ဖရင်းကလည်း
အနမ်းအလစ်သုတ်သည်။

အနမ်း ခရေစီ လို့
ပြောလျှင်လည်း ပိုကာရှိအုံးမည်။
သူ့ကိုဆို အမြဲအသားယူနေသောပါပဲ။

"ဒီနေ့ ပေးထားတဲ့ကတိအတိုင်း
လျှောက်လည်ရမှာနော် အချစ်"

"ဟုတ်ပါပြီ လည်ပါ့မယ်"

သူ့အလိုကို လိုက်လျှင်ဖြင့်
ဖရင်း၏မျက်နှာကလေးမှာ ပြုံးလို့ဖြီးလို့။

သည်လို ချွဲနွဲ့တတ်မှုမျိုးတွေစီမှာပဲ
ဘက်ကီ ကျရှုံးသွားရတယ် ဆိုပါတော့လေ။

ကားပေါ်ကို ဝင်ထိုင်ပြီးသည့်နောက်တွင်
သူ့ရဲ့လက်ကို ဖရင်းရဲ့ လက်ရှည်သွယ်သွယ်တွေဖြင့်
အုပ်မိုးလို့ ဆုပ်ကိုင်လိုက်လျက်။

"ပြီးရင်လည်း ဗီလာကိုပဲ သွားမှာနော် အချစ်"

"မောင့်သဘော"

ဘက်ကီ့ရဲ့ *မောင်* ဆိုသည့် အခေါ်အဝေါ်ကြောင့်
ဖရင်း၏ရင်ထဲ လိပ်ပြာကလေးတွ ပျံဝဲသွားသကဲ့သို့။

ကုလားဘုရားလှည့်နေသလို
မြင်းဒုန်းဆိုင်းစီးနေသလို
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်သလို
ဝုန်းဒိုင်းဆန်သည့် ရင်ခုန်သံတွေတိုးဝင်လာလျက်။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now