UNICODE
ခွဲစိတ်ခန်းရှေ့
နေရာမရဖြစ်ကာ စိတ်ပူနေသည့်
ဖရင်းအဖွဲ့ထဲက မိန်းကလေးတွေနှင့်အတူ
အငိုမတိတ်ဘဲ ဆက်ကာဆက်ကာငိုကြွေးနေသည့်
ဘက်ကီတို့ ရှိကြ၏။ထိုင်လိုက် ထလိုက်လုပ်နေသည့်လူနှင့်
အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေသည့်လူနှင့်
ငြိမ်ငြိမ်လေးထိုင်ကာ သက်ပြင်းတစ်ချချ
လုပ်နေသည့်လူနှင့် ထိုင်ကိုမထိုင်သည့်လူနှင့်
အကုန်လုံး သွေးဆူနေကြ စိတ်ပူနေကြလေသည်။ဆေးရုံကလည်း ဒီညကျမှ
တော်တော်လေး လူရှုပ်သည်။ဆရာဝန်တွေလည်း ပြေးလွှားလို့
လူနာတွေထဲ သွေးထွက်သံယိုဖြစ်ရပ်တွေ
တော်တော်များတဲ့ ဆိုးရွားတဲ့ညပါပဲ။"မမ အရမ်းစိတ်မပူပါနဲ့နော်
ဖရင်းက သန်မာပါတယ် အဆင်ပြေသွားမှာပါ..""ဟုတ်ပါတယ် မမရယ်
မမ အခုလိုဖြစ်နေတာ သိသွားရင်
ဖရင်းလည်း စိတ်ကောင်းမှာ မဟုတ်ဘူး""ဖရင်း အဆင်ပြေသွားမှာပါ
ညီမတို့တွေ အတူတူဆုတောင်းပေးကြမယ်လေ""ဒီလိုနဲ့ သတိလစ်သွားပါ့မယ်
ခနစိတ်လျှော့ပြီး နားလိုက်ပါနော် မမ"ဖရင်းအဖွဲ့ထဲက မိန်းကလေးတွေအကုန်လုံး
စုပြုံလျက် ဘက်ကီ့ကို နှစ်သိမ့်ပေးကြလေ၏။ဒါပေမဲ့လည်း
မရှူနိုင် မကယ်နိုင်လောက်အောင်
ငိုနေတဲ့ ဘက်ကီ့ကိုချော့ရတာ သူတို့အတွက်လည်း
အရမ်းတော့ မလွယ်ကူလှ။သူတို့လည်း ဖရင်းကို
အရမ်း စိတ်ပူမိတာပါပဲလေ။ဒါပေမဲ့ သူငယ်ချင်းနဲ့ ချစ်သူဆိုတာက
ကွာတယ်မှန်း သူတို့နားလည်ပေးနိုင်ပါတယ်။"အမ မသွားခဲ့သင့်ဘူး
အမကြောင့်ဖြစ်ရတာ အမကြောင့်...""မဟုတ်ပါဘူး မမ အဲ့လိုမတွေးပါနဲ့
ဂျိတ်ကိုက အဲ့လိုလူမျိုးပါ အရမ်းဆိုးတယ်""အခု အားလုံးအဆင်ပြေသွားမှာ စိတ်မပူနဲ့တော့နော်
ဂျိတ်ကိုကတော့ ညီမတို့တွေ ပူစရာမလိုတော့ဘူး
bar က မန်နေဂျာ ရဲတိုင်လိုက်လို့
အခု ရဲစခန်းရောက်သွားပြီ"
YOU ARE READING
𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)