Episode - 6

3.8K 147 9
                                    

UNICODE

ဘက်ကီ မရှိသည့်အချိန်တွင်
ဖရင်းဖုန်းသို့ အိမ်တော်ထိန်းမီ ဆီက
message ဝင်လာသည်။

*မမလေး မနေ့ကလည်း
အိမ်ပြန်မလာလို့ အဆင်ပြေပါရဲ့လား*
ဆိုသည့် စာပင်။

*အင်း အဆင်ပြေတယ်
သူငယ်ချင်းအိမ်မှာ အိပ်တာ ကြာအုံးမယ်*

မြန်မြန်ဆန်ဆန်ပင် လိမ်လိုက်ရသည်။
ကျူတာလေး အိမ်မှာ လာအိပ်တယ်လို့
ပြောလို့လည်း မထွက်ပေ။

"ဖရင်း"

"ဗျာ"

"နေ့လည်စာ စားရအောင်လေ တို့ ဗိုက်ဆာပြီ"

"လာပြီ"

ဖရင်းလည်း ခူးခပ်ပေးလိုက်ပြီး
စားပွဲဝိုင်းတွင် အတူတူထိုင်လိုက်သည်။

အမှန်ပင် ဘဝမှာ တစ်ခါမျှမလုပ်ဖူးသည့်
အလုပ်တွေရယ်ပါ။

"ဘက် ရေ"

အပြင်က ယောက်ျားလေးအသံကြောင့်
ဖရင်းက ဘက်ကီ့ကို လှမ်းကြည့်လိုက်၏။

ဘယ်သူလဲ ဘယ်လိုပတ်သတ်လဲ
ဘာလို့ရောက်လာလဲ ဆိုသည့် မေးခွန်းတွေ
ဖရင်းမျက်လုံးထဲ အပြည့်ဖြစ်နေတာကို
ဘက်ကီ အတပ်မြင်ရသည်။

"သူငယ်ချင်းပါ"

မမေးပေမဲ့ ဖြေလိုက်သည့်အခါမှသာ
ဖရင်းက မျက်ခုံးပင့်လျက် အကြည့်လွှဲသည်။

တံခါးဖွင့်ပြီး တန်းဝင်လာတဲ့ နုတ်က
ထမင်းစားခန်းထဲမှာ သူတို့နှစ်ယောက်ကို
တွေ့လိုက်ရသောအခါ အံ့ဩသွားလေ၏။

"ဖရင်း စလိုချာ"

အံ့ဩမှုကြောင့် တိတ်တိတ်လေးပင်
တစ်ကိုယ်တည်း ရေရွတ်မိသွားသည်အထိ
မြင့်မားတဲ့အဆင့်အတန်းနဲ့ ဖရင်းစလိုချာက
ဘက်ရဲ့ အိမ်တွင် ဘာလာလုပ်နေသည်လဲ။

"နုတ် လာထိုင်လေ"

"အော် အင်း"

အပြင်ကနေ စားစရာတွေဝယ်လာသည့် နုတ်က
ဘက်ကီ့ကိုတစ်လှည့် သူ့ကို မကြည်သလိုကြည့်နေသည့်
ဖရင်းကိုတစ်လှည့် အကဲခတ်နေမိသည်။

အရမ်းဆိုးသွမ်းလှချည်ရဲ့ဟု သတင်းတွေထွက်နေသည့်
ဖရင်းစလိုချာက ဘက်ရဲ့အိမ်မှာ ထိုင်နေတာကိုက
သူ့အတွက် စဉ်းစားစရာကြီးဖြစ်နေခြင်း။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now