Episode - 18 [ Final ]

5.7K 162 19
                                    

UNICODE

ဖရင်းတစ်ယောက်
ဘက်ကီ့ကို စောင့်ရင်းဖြင့်
ဟိုလျှောက် ဒီလျှောက်လုပ်နေတာ
ခြေထောက်တွေပင် အတော်ညောင်းလာချေပြီ။
ဖုန်းတော့ ဆက်ကြည့်မှပါ။

"အချစ်ရေ ပြီးတော့မလား"

*လာမယ် မောင် ၅မိနစ်ပဲနော်*

"ဟုတ်ပြီ အချစ် မြန်မြန်လာနော်"

စာမသင်ပါနဲ့တော့ ပြောလည်းမရသေး
ဒီကလေးတစ်ယောက်ပါပဲ
စာမေးပွဲနီးနေပြီမလို့ ဒီတစ်ပတ်ပဲ သင်ခွင့်ပြုပါဆိုလို့
ဖရင်း လက်မခံချင်ပေမဲ့ လက်ခံထားရသည်။

သူ့အမျိုးသမီးလေးကို
သူမဟုတ်တဲ့ တစ်ခြားသူတစ်ယောက်နဲ့
နှစ်ယောက်ထဲ အတူတူ စာသင်နေကြတယ်ဆိုတာကို
တွေးမိရင် ဖရင်းလို သဝန်တိုတတ်သည့်သူအဖို့
လည်ပင်းအစ်စရာ။

အဲ့ဒီအသံ အဲ့ဒီမျက်နှာလှလှလေးကို
ရက်ရက်ရောရော ဘေးကငေးကြည့်ခွင့်ပြုရတာ
လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်။

စောင့်မျှော်ရင်း သဝန်တိုရခြင်းတွေ ကုန်ဆုံးဖို့
နောက်ဆုံးတော့ အချစ်တစ်ယောက် ထွက်လာပါပြီ။

"အကြာကြီးပဲ အချစ်ရယ်
နောက်တစ်ခါ ယောက်ျားလေးတပည့်တွေကို
စာသင်တယ်ဆိုတာမျိုး မလုပ်ပါနဲ့နော်
မောင်မှ မကြိုက်တာကွာ..."

ချွဲတဲတဲကလေး ပြောလာတဲ့မောင့်ကြောင့်
ဘက်ကီ အသည်းယားစွာဖြင့် ရယ်မိ၏။

"တွေ့လား အချစ်ကလေ
မောင့်ကို သဝန်တိုအောင်လုပ်ပြီး ရယ်နေနိုင်တယ်
အဆိုးလေးနော်"

"အမလေး ချစ်ဖို့ကောင်းလိုက်တာ
မျက်နှာကြီးကို ဆူပုတ်နေရော သဝန်မတိုပါနဲ့
မောင့်ကိုပဲ ချစ်တာ ယုံနော်.."

နှုတ်ခမ်းဆူထားတဲ့ မောင့်ကို
တစ်ချက် လှမ်းနမ်းရင်းချော့လိုက်တော့
ဆူပုတ်နေတဲ့မျက်နှာ ဘယ်နားရောက်သွားမှန်းမသိ
ချက်ချင်းပဲ ပြုံးစိစိဖြစ်သွားလျက်
တဟီးဟီးဖြစ်သွားတော့တဲ့ မောင်ရယ်ပါ။

မောင်က အဲ့သလိုပါဆို
သူစိတ်ဆိုးရင် ကမ္ဘာပဲပြိုတော့မလို ကြာပေမဲ့
မောင်စိတ်ဆိုးရင်ဖြင့် တကယ်ကို ခနတာလေးပဲ။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now