Episode - 3

3.7K 172 7
                                    

UNICODE

"ဟမ်!!!"

ကျယ်လောင်လှသည့် အသံနှစ်သံဟာ
ကောက်ဖီဆိုင်အတွင်း ပျံ့နှံ့သွားလျက်
လူတွေပင် လှည့်ကြည့်လှည့်ကြည့်ဖြစ်ကုန်၏။

"ဟဲ့ ရှက်စရာကြီး ဘာထဖြစ်တာလဲ"

ဘက်ကီကတော့ ရှက်စိတ်ကြောင့်
မျက်နှာတွေပင် ကွယ်လိုက်မိသည်။

"နင် စာသင်နေတာ တကယ်ကြီး
ဖရင်းစလိုချာ ကိုလား"

"အေး"

"ဟမ်!!!"

"ဟဲ့ တိုးတိုးပြောပါဆို ငါရှက်လာပြီ နင်တို့ကြောင့်"

"ဖရင်းစလိုချာ အဲ့လောက် ဆိုးသွမ်းတဲ့ကလေးကိုလေ"

အံ့ဩတကြီး ပြောနေသည့် ယူကီ့ကြောင့်
နည်းနည်းတော့ စပ်စုချင်မိသွားသည်။

"နေပါအုံး နင်ကဘာတွေသိထားလို့လဲ"

"အမလေး ဘက်ကီရယ် နင်လည်း
တစ်လောကလုံး စလိုချာတို့ မိသားစုကိုသိတယ်
စာသွားသင်နေတဲ့ နင်ပဲ မသိတယ်"

"အင်းလေ အဲ့လောက် နာမည်ကြီးတာကို"

ယူကီနဲ့ နုတ်ရဲ့ အပြောကြောင့်
ဘက်ကီနည်းနည်း ငြိမ်မိသွားသည်။

ဖရင်းကို မနည်းသည်းခံပြီး စာသင်နေတာ
တစ်ပတ်ပင်ရှိပြီဖြစ်သော်လည်း အနီးဆုံးမှာရှိသည့်
လူရဲ့အကြောင်းကို ကောင်းကောင်းမသိသည့်အဖြစ်က
တော်တော့်ဆိုးဆိုးပင်။

"ငါအမြဲအလုပ်နဲ့ စာပဲ တွေးနေမိတာ
social က အကြောင်းကို ဘာမှမကြည့်မိဘူး.."

"အေးပါ အဲ့တာဆိုလည်း
အရမ်းသိနေတဲ့ ငါတို့ကပဲ ပြောပြမယ်..."

"ဖရင်းစလိုချာ ဆိုတာ...."

*** စိတ်ရှုပ်စရာကောင်းအောင် ခယနေတာပဲ ***

*** တောင်းပန်ပါတယ်..ကျောင်းတော့မထုတ်ပါနဲ့နော် ***

*** ကျောင်းမထွက်ချင်ဘူးလား ***

*** ဟုတ်..ဟုတ်ကဲ့ ***

*** လဲသေလိုက် ***

*** ငါ့နယ်ပယ်မှာ ဆရာလာလုပ်လို့ကို ရိုက်တာ ***

အုပ်စုလိုက်ရန်ဖြစ်သည့်အဖွဲ့ထဲ
ဘေ့စ်ဘောတုတ်ပါရင် တုတ်နဲ့ကျွေးပြီး
မပါလာရင် အုတ်ခဲနဲ့ကောက်ရိုက်ပစ်တတ်၏။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now