Episode - 16

3.2K 113 15
                                    

UNICODE

ဘက်ကီ မနက်စာပြင်နေရင်းက
ဖုန်းမြည်သံကြောင့် ယူကြည့်လိုက်တော့
မသိတဲ့ နံပါတ်ဖြစ်နေလေ၏။

"ဟင် ဘယ်သူဆက်တာတုန်း"

သူ့တပည့်တွေလား
သူ့တပည့်တွေရဲ့ မိဘတွေလား မသိနိုင်တာကြောင့်
ဇဝေဇဝါနှင့်ပင် ကောက်ကိုင်လိုက်ရသည်။

"ဟယ်လို"

*ဘက်ကီဆိုတဲ့ တစ်ယောက်လား မသိဘူး*

"ဟုတ်ပါတယ်ရှင့်"

*ဂျိတ်ပါ*

ရင်ထဲတွင်ပင် ထိတ်ခနဲဖြစ်သွားရသည်အထိ
မမေးရသေးခင် ဖြေနှင့်သောသူ၏ နာမည်ကြောင့်
ဘက်ကီ အတော်လေး ဗျာများသွားရသည်။

သူ့ရဲ့ပြိုင်ဘက်တစ်ယောက် မဟုတ်လား
အင်အားကြီးပြီး သိပ်လှတဲ့မိန်းမ မဟုတ်လား
သည်မိန်းမရဲ့ ပုံပန်းသွင်ပြင် မပြောနှင့်
နာမည်ကြားရုံနှင့်တင် ချစ်ရတဲ့သူကို
လုယူခံရမှာစိုးတဲ့စိတ်နဲ့ မလုံမခြုံဖြစ်စေပါရဲ့။

"ဘာကိစ္စရှိလို့ပါလဲ"

*တို့နဲ့မင်းကြားမှာ ပြောစရာစကားလေး နည်းနည်းရှိလို့
တို့နဲ့ လာတွေ့ပေးနိုင်မလား*

"စိတ်မရှိပါနဲ့ ကျွန်မ မအားလပ်နေလို့ပါ"

*ဒီလိုဆိုရင်တော့ မင်းအားအောင်
တို့လုပ်ပေးရလိမ့်မယ် ထင်တယ်*

"ရှင် ဘာကိုဆိုလိုချင်တာလဲ"

*မင်း စာသင်နေတဲ့ တပည့်တွေ
စုစုပေါင်း ၂၆ ယောက် ဟုတ်ရဲ့လား*

"ရှင် ကျွန်မတပည့်တွေကို
ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

*တို့ချိန်းတာကို မင်း မလာနိုင်ဘူးဆိုရင်တော့
မင်းတပည့်တွေကို တို့ အာမမခံဘူးနော်"

ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့သည်အထိ
ဘက်ကီ တုန်လှုပ်သွားခဲ့မိသည်။

အခုက သူ့ကိုခြိမ်းခြောက်နေတာ မဟုတ်လား။

မောင်ဟာလည်း ရေချိုးနေသည်မလို့
အခုချိန် သူ့ကြောက်စိတ်တွေကို
မနည်း ထိန်းချုပ်ထားနေရသည်။

ဘာလုပ်တဲ့ မိန်းမမှန်းမသိ
ဘယ်ကမိန်းမမှန်းလည်း မသိသည်ကြောင့်
ဘက်ကီ့အဖို့ ဒုစရိုက်လုပ်တဲ့သူဆို ဆိုးရွားပြီလေ။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now