UNICODE
Yes Teacher!
အိပ်ယာထဲ လူးလိမ့်နေရင်းက
ဘက်ကီ တော်တော်နဲ့အိပ်မပျော်။မနက်က ကိစ္စကို ပြန်တွေးကြည့်မိရင်း
ကြက်သီးထသလို ရင်တလှပ်လှပ် ရှိလှသည်။နေပါဦး လူတစ်ယောက်က
အဲ့သလောက် မျက်လုံးတွေ လှစရာလိုလို့လား။ထူးဆန်းလာသည့် ခံစားချက်ကြောင့်
ခေါင်းကိုခါရမ်းလိုက်ရင်း အတွေးတွေကိုဝဲပစ်လိုက်သည်။သူငယ်ချင်းနှစ်ယောက်ရဲ့ အကူအညီကြောင့်
အတော်လေး ဝန်ပေါ့သွားတာ မှန်ပေမဲ့လည်း
သူပိုက်ဆံရှာဖို့ လိုအပ်နေပြီ။စာသင်ဝိုင်း တစ်ဝိုင်းလောက်နှင့်တော့
ကျောင်းစရိတ် နေစရိတ် စားစရိတ်က မငြိမ်းနိုင်။အတွေးပေါင်းစုံ ဂရက်ရိုက်လာပြီးသည့်နောက်
သူကျွမ်းကျင်သည့် ကျူတာအလုပ်လျှောက်ဖို့
ပန်းရောင်အလှဆင်ထားသည့် Laptop လေး
ကောက်ဖွင့်လိုက်တော့သည်။အချိန်ပိုင်းတွေ လိုက်လံဝင်ကြည့်သော်လည်း
များသောအားဖြင့် အရောင်းဝန်ထမ်းအလုပ်ခေါ်စာတွေချည်း။ဆက်၍ ဆက်၍ ရှာဖွေပြီးသည့်နောက်
သူခုံမင်သည့် ကျူတာအလုပ်ခေါ်စာ တွေ့လိုက်ရ၏။အတော်ကလေး ပျော်မြူးသွားမှုနှင့်အတူ
ဖတ်ကြည့်လိုက်မိသည့်အခါ ထူးဆန်းလွန်းသည့်
စျေးနှုန်းက တန်းဟပ်လောက်စရာ ငါးစာအလား။အထက်တန်း နောက်ဆုံးနှစ်
ဘာသာစုံ တစ်လ သိန်း ၂၀...!!!"ငါ အမြင်မှားတာတော့ မဟုတ်လောက်ပါဘူး.."
ဘယ်လိုတောင် ရက်ရက်ရောရော
ပေးကမ်းပစ်လိုက်တဲ့ စျေးလဲ။ပျော်ရွှင်မြူးထူးလွန်းစွာဖြင့်
အလုပ်လျှောက်စာအတွက် လျင်မြန်စွာ
form ဖြည့်လိုက်သည်။ငါးမိနစ်ခန့် ကြာပြီးနောက် ပြန်စာကျလာသည်။
မနက်ဖြန် လူတွေ့စစ်ဆေးရန် အိမ်ကိုလာခဲ့ပါတဲ့...။"အားးးးး"
ကုတင်ပေါ် လူးလိမ့်ခုန်ပေါက်နေသည့်
ဘက်ကီတစ်ယောက် ဘယ်လိုဆိုးသွမ်းလွန်းလှသည့်
ကျောင်းသူကို စာသင်ရမယ်မှန်း မသိခဲ့ရိုးအမှန်ပင်။
YOU ARE READING
𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)