Episode - 14

3.2K 117 1
                                    

UNICODE

ထုံးစံအတိုင်း ကျောင်းသူမိန်းကလေးတွေ
စုပြုံလာပြီဆိုလျှင် သဝန်တိုတတ်သည့် ဘက်ကီက
သူငယ်ချင်းတွေကိုပင် နှုတ်မဆက်ခဲ့ပဲ
ဖရင်းလက်ကိုဆွဲ၍ ထွက်လာတော့သည်။

ထိုဆိုင်နှင့် အလှမ်းဝေးရာနေရာရောက်မှသာ
ဆွဲထားသည့်လက်ကို လွှတ်လိုက်လျက်
ခါးထောက်ပြီး မျက်စောင်းထိုးလေ၏။

"အဲ့လိုငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေများတဲ့
နေရာမျိုးတွေ မလာပါနဲ့ဆို ဘယ်လိုရောက်လာလဲပြော"

"ဒီဆိုင်က အမြဲသောက်နေကျမလို့ပါ
နောက်ပြီးအချစ်တို့ကို တွေ့တာနဲ့လာခဲ့တာ
ခုနကပြောတဲ့ ဖမ်းဆုပ်ထားနိုင်သလောက်ပဲ
ဆိုတာကို မကျေနပ်သေးဘူး"

ဒီတစ်ခါ မျက်စောင်းပြန်ပစ်သူက ဖရင်းပင်။

"အဲ့တာက ဟို..."

ကျန်တာတွေဆက်မပြောဘဲ
ဘက်ကီ့ရဲ့ ဖြေရှင်းချက်ကိုသာ
စိုက်ကြည့်ရင်း စောင့်နေတဲ့ ဖရင်းကြောင့်
အခုချိန် ပြန်လှည့်ပတ်လို့လည်းမရ။

"မောင့်မိဘတွေက တို့နှစ်ယောက်ကို
သဘောတူမှာ မဟုတ်မှန်း သိလို့ပါ
သူတို့တွေ အမျိုးမျိုး နှောင့်ယှက်ကြမှာပဲ
မောင် ဘယ်လို အံတုနေနိုင်မှာလဲ"

ဘက်ကီ့အပြောကိုကြားတော့
ဖရင်း ချက်ချင်းပဲ ပုခုံးတွေကိုဆုပ်ကိုင်လိုက်သည်။

"အဲ့တာတွေကို မ စိတ်မပူပါနဲ့ကွာ
ပြောထားပြီးသားမဟုတ်လား ဘဝတစ်ခုလုံးမှာ
မ တစ်ယောက်ကိုပဲ လိုအပ်တယ်လို့
သူတို့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ
မရရတဲ့နည်းနဲ့ မကိုပဲ လက်ထပ်ယူမှာ
အံတုမှာ မဟုတ်ဘူး မ ရင်ဆိုင်မှာ
မောင့်နောက် လိုက်ရဲတယ် မဟုတ်လားဟင်.."

ဘက်ကီကတော့ မျက်ရည်တွေကြားက
ခေါင်းတဆတ်ဆတ် ငြိမ့်လျက်။

အငိုသန်လေး သူ့ရဲ့အမျိုးသမီးလေးကို
ဖရင်း ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်တော့သည်။

သည်လိုပဲ
ကွာခြားလွန်းတဲ့ အဆင့်အတန်းတွေကြားမှာ
အချစ်ဆိုတာ ကျပ်တည်းလွန်းပါတယ်။

.
.
.

တိတ်ဆိတ်ငြိမ်သက်စွာနဲ့
ကျပ်တည်းတဲ့အခြေအနေတစ်ခု။

𝙔𝙚𝙨 𝙏𝙚𝙖𝙘𝙝𝙚𝙧! (𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙)Where stories live. Discover now