မောင့်ကိုစတွေ့တုန်းက မောင်က အထက်တန်းယူနီဖောင်းလေးနှင့်။မောင့်ကိုစာသင်ခွင့်ရခဲ့တဲ့သူက ကံကောင်းဆုံးလို့ပြောလို့ရသည်ပင် မောင့်ရဲ့ဂိုက်အကောင်းစားအားလုံးကိုငြင်းလွှတ်ပြီးသူ့ကိုရွေးခဲ့တာကြောင့်ပင်။
မောင်က လူဆိုးလေးဖြစ်ခဲ့ပေမဲ့ သူရဲ့သွန်သင်ဆုံးမခြင်းအောက်မှာ မောင်ကပြားပြား၀ံ့ခဲ့တာကိုသူသတိရနေတုန်း စာကိုလည်းသေချာစာကြိုးခဲ့ပြီး အဆင့်ကောင်းရင် Baekhyunသူ့ကိုဆုချရသည်။
"ကျွန်တော်ကို အစ်ကိုသင်ပေးမှရမာမဟုတ်ရင် ကျွန်တော် စာလုပ်မှာမဟုတ်ဖူး"တဲ့လေ အဲ့လိုလူဆိုးလေးကိုသူသိပ်ခင်တွယ်ခဲ့တာ သူရဲ့အချိန်ပိုင်းအလုပ်ဖြစ်တဲ့ဂိုက်ပြခြင်းကိုသူအကောင်းဆုံးကြိုးစားခဲ့သည်။
"ကျွန်တော် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်ရင် အစ်ကိုနဲ့တွဲလို့ရမလား"ဆိုတဲ့စကားမှာလည်း သူရေသောက်နေရင်း သီးခဲ့ဖူး၏။
မောင်ကသူ့စကားအတိုင်း အောင်တုန်းက သူအီလည်လည်လုပ်ခဲ့တာကိုလည်းမောင်စိတ်ဆိုးခဲ့ဖူးသည်။
အဖြေပေးတဲ့အနေနဲ့ အရပ်မြင့်တဲ့မောင့်ကိုသူခြေဖျားထောက်ရင်း မောင့်ပါးလေးကိုနမ်းလိုက်တုန်းက မောင်ကအဖြေရပြီဆိုပြီး သူ့အားပွေ့ချီလိုက်တာကိုလည်းသူသတိရ၏။
မောင်ဘွဲ့ယူတုန်းကလည်း သူလက်ဆောင်အနေနဲ့ မောင့်ကိုသူဘ၀ကြီးပေးခဲ့သည်။ မောင်ဟာသူ့အသက်တစ်၀က်လောက်ကိုအပိုင်ရခဲ့တဲ့လူဖြစ်ခဲ့သည်။
"အစ်ကိုမောင့်ကိုလက်ထပ်နိုင်မလား"
၆နှစ်ပြည့်တဲ့နေ့ကလက်ထပ်ခွင့်တောင်းခဲ့တဲ့မောင်က သိပ်Romaticဆန်ခဲ့သလို သိပ်လည်းဖြူစင်ခဲ့သည်။
လက်ထပ်မယ်ဆိုတဲ့သူ့စကားကိုကြားတုန်းက မောင်မျက်ရည်တွေကျခဲ့တာကိုလည်း သူသတိရနေမိ၏။ဒီလိုပါပဲ သူကမောင်နဲ့ပက်သက်ရင်အသေးစိတ်မှတ်မိနေတုန်း။
_____________
င်ိုနေတာလားဆိုတဲ့ သူ့မေးခွန်းကိုမောင်က အရူးလေး ငိုစရာလားတဲ့ မှောင်မဲနေတာကိုမြင်ရလို့လားတဲ့လေ။
YOU ARE READING
Lovey-Dovey(Completed)
Fanfiction"မောင်ရဲ့စိတ်ကိုအစ်ကိုနားမလည်နိုင်တော့ဖူး" (Baekhyun) "မောင်ဖောက်ပြန်နေတယ်လို့ပြောရအောင် အစ်ကိုလည်း ဖောက်ပြန်နေခဲ့တာပဲလေ" (Chanyeol) Zawgyi🇲🇲Unicode🇲🇲 Chanbaek👨❤️👨 အိမ်ထောင်ရေးဇာတ်လမ်းလေးကို စိတ်ကူးယဥ်ရေးထားသော၀တ္ထုတစ်ပုဒ်ဖြစ်သည်❣️