🕊️17🕊️

290 27 0
                                    

မောင်ဟာသူ့ဆီ​အလောတကြီးပြေးလာတာမျိုးမရှိဘဲ သာမန်လမ်းလျှောက်ပုံလေးနှင့်သာသူ့ဆီလာနေသည်။

မောင်ဟာမျက်ရည်တွေနဲ့ဖြစ်နေသလို သူဟာလည်းမျက်ရည်တွေကျနေမိတော့၏။

သူ့ဆီရောက်သည်နှင့် မောင်ဟာသူ့က်ိုထွေးပွေ့လိုက်ပြီး သူရဲ့ဆံပင်လေးတွေကိုနမ်းရှိုက်ရင်းငိုကြွေးနေလေသည်။

"အစ်ကိုမကောင်းဖူး မောင့်ကိုငိုအောင်လုပ်တယ် အစ်ကိုသိထားရမှာက အစ်ကိုသာမောင့်ဘေးရှိနေရင် အစကနေပြန်စနိုင်တယ် ဘယ်နှစ်ကြိမ်ပဲပြန်စတင်ရစတင်ရ မောင်ကြိုးစားမှာ"

"အွန်းပါ မောင်ကအများကြီးရင့်ကျက်လာပြီပဲ အစ်ကိုသိခဲ့တဲ့ကလေးဆိုးလေးမဟုတ်တော့ဖူးပဲ"

ဖက်ထားရာကနေ သူတို့နှစ်ယောက်ခွာလိုက်ပြီး တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ကာ အကြာကြီးလွမ်းနေခဲ့ရတဲ့အစ်ကို့နှုတ်ခမ်းလေးကို သူနူးနူးညံ့ညံ့လေးနမ်းရှိုက်လိုက်သည်။

ထို့နောက် နှစ်ယောက်လုံးအနမ်းကိုကြာရှည်စွာအလိုက်သိလေးစီးမြောနေရင်း အသက်ရှုကြပ်လာမှခွာလိုက်ကြလေတော့၏။

ဒါဟာမောင်နဲ့သူရဲ့နှစ်တွေကြာမှပထမဆုံးစနမ်းဖြစ်တဲ့အနမ်းလေးမို့ သူသိပ်သဘောကျနေမိသည်။

"မောင် အစ်ကို့ကိုသိပ်ချစ်တယ်နော်...ပြီးတော့မောင့်ကိုထပ်ထားသွားဖို့မစဥ်းစားပါနဲ့"

မောင်ဟာသူ့ကိုချွဲနေတယ်တဲ့လား အရပ်ကြီးမှအားမနာနော်လို့သူ့က်ိုစလိုက်ခြင်းပေမဲ့ မောင်ရဲ့ချွဲပုံလေးကတစ်မျိုးလေးချစ်ဖို့ကောင်းနေတာကြောင့် သူမစဖြစ်တော့ဘဲ မောင့်အမူအရာလေးအောက်မှာသူအရည်ပျော်နေရလေသည်။

"အစ်ကိုလည်းမောင့်ကိုသိပ်ချစ်တယ်...အစ်ကိုလေ မောင့်ကိုသိပ်လွမ်းနေခဲ့တာ"

အစ်ကိုဟာသူစိုက်ထားတဲ့ခြံလေးကိုငေးကြည့်ရင်း သူ့ခံစားချက်လေးကိုဖွင့်ဟနေခဲ့သည်။

"အစ်ကို မောင်နဲ့ပြန်လိုက်ခဲ့မယ်မှတ်လားဟင်"

"အခုတော့မဟုတ်သေးဖူး"

Lovey-Dovey(Completed)Où les histoires vivent. Découvrez maintenant