🕊️20🕊️

301 22 0
                                    

မောင်ဟာသူ့လက်ကိုတွဲထားရင်း မောင့်မိဘတွေနောက်ကနေလိုက်ပါသည်။

"ထိုင်ကြ"

"ဒါက ဖေနဲ့မေအတွက် ကျွန်တော်တို့နှစ်ယောက်ရဲ့လက်ဆောင်ပါ"

မောင့်ဖေဖေဟာ မောင့်ကိုလျစ်လျူရှုလိုက်ပေမဲ့မောင့်မေမေကတော့ မောင်ပေးတာအကုန်လုံးကိုကြားကနေ၀င်ယူလိုက်သည်။

"ကျေးဇူးပါပဲ သားတို့"

"Appaသားကိုခွင့်မလွှတ်နိုင်သေးဖူးလား"

"မင်းဆိုရင်ရော တစ်ယောက်တည်းရှိတဲ့သားက ယောကျားချင်းယူသွားတာကို ခွင့်လွှတ်ပေးမာလား"

မောင်မျက်နှာလေးညိုးငယ်သွားတာကိုမြင်ရတဲ့သူ့အတွက် သိပ်ကိုနာကျင်ရပါတယ် မောင်ဟာသူ့ကြောင့်နဲ့ ဒီလိုအပြောခံနေရတာကို...

"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုလက်မခံပေးရင်တောင် မောင့်ကိုတော့သားအဖြစ်ပြန်လက်ခံပေးပါ"

ဒူးထောက်ထိုင်ချလိုက်တဲ့အစ်ကိုကြောင့်သူပြာယာခတ်ရသည် အစ်ကို့ကို ဒူးထောက်ရတဲ့ကိစ္စမျိုးမရှိအောင် သူလုပ်ခဲ့သင့်တာ အခုတော့အစ်ကိုဟာ သူ့ကြောင့်နဲ့....

"အစ်ကိုထပါ အစ်ကို့ကို ကျွန်တော့်ကြောင့်နဲ့ဒူးမထောက်စေချင်ဖူး"

"မင်းတို့တစ်ယောက်ကိုတစ်ယောက်ဒီလောက်ချစ်နေကြတာပဲ ငါတို့ကိုလိုအပ်သေးလို့လား ၄နှစ်တောင်ပျောက်သွားနိုင်ကြသေးတာပဲ တစ်သက်လုံးပျောက်ရောပေါ့"

"အစ်ကို!!တော်ပါတော့ သားကိုကျွန်မဘယ်လောက်လွမ်းနေရလဲ အခုလိုသားက ပြန်လာပေးတာတောင် ရှင်ကဘာလို့ ဒီလောက်ပြောဆိုနေရတာလဲ!!!

"မင်းကြောင့်ဖြစ်တာ!!!မင်းဒီလိုအလိုလိုက်လွန်းလို့ မင်းသားကမင်းခေါင်းပေါ်တက်ပြီး စော်ကားသွားတာ ဒီနယ်မြို့မှာအခုလိုငါတို့အရှက်တကွဲအကျိုးနယ်ဖြစ်နေရတာ"

"Appa တော်ပါတော့ အမေ့ကိုမအော်ပါနဲ့ အားလုံးကသားအပြစ်ပါ Ommaအလိုလိုက်ခဲ့တာနဲ့မဆိုင်ဖူး ဒါသားရဲ့ဖြစ်တည်မှုသက်သက်ပါ Appaက ပတ်၀န်းကျင်ကိုပိုဂရုစိုက်တယ်ဆိုရင် သားဒီအိမ်ကိုထပ်မလာတော့ပါဖူး သားတို့ကိုခွင့်ပြုပါအုံး"

Lovey-Dovey(Completed)Where stories live. Discover now