🕊️10🕊️

345 31 1
                                    

မောင့်ရဲ့စကားတွေသူအလိုက်သင့်လေးစီးမြောနေရင်း အရင်ကအကြောင်းအရာတွေကိုပြန်မြင်ယောင်လာသည်နှင့်။

"မဖြစ်နိုင်တာ မောင့်ကောင်မလေးကကော"

သူ့အဖြေကိုကြားသည်နှင့် လက်တစ်ဖက်ကိုဆွဲယူခြင်းခံလိုက်ရသည်။

"အွန်းဂျယ်နဲ့ကပြီးခဲ့ပါပြီ မောင်တကယ်ချစ်တာဘယ်သူဆိုတာသေချာသိပြီမို့... မောင့်အတွက် အစ်ကိုပဲလိုတာပါ"

"ဟင့်အင်းမောင် မောင်ရဲ့အချစ်တွေကိုအစ်ကိုမယုံဖူး အစ်ကိုတို့တွေ တစ်ယောက်ပေါ်တစ်ယောက်အေးစက်စွာဆက်ဆံခဲ့ကြတာဘယ်နှစ်နှစ်ရှိပြီလဲ အဲ့တာနဲ့နေသားကျနေချိန်မှာ မောင်ကရုတ်တရက်ကြီး ချစ်တယ်တဲ့လား"

"မောင်ကိုမယုံရင် မောင်သက်သေပြပါမယ် မောင့်ကိုအခွင့်အရေးပေးမယ်မလား"

လက်ရှိအခြေအနေအရဆို သူ့မှာCEOရှိနေတယ်မဟုတ်လား CEOကသူ့အပေါ်ဘယ်လောက်တောင်ကောင်းလဲဆိုတာသူသိဆုံး အဲ့လိုလူတစ်ယောက်ကိုသူဘယ်အင်အားနဲ့ ငြင်းဖို့အားရှိမလဲ။

"ပြန်လာမှအစ်ကိုတို့ဆက်ဆွေးနွေးကြတာပေါ့"

အထုပ်ပိုးတွေဆက်ပြင်နေတဲ့အစ်ကို့က အခုသူ့ခံစားချင်တွေကိုပျက်ရယ်ပြုလိုက်တာလား သူဒီလောက်အတည်ပြောနေတာကိုလေ။

"အစ်ကိုတကယ်ပဲသွားဖို့ဆုံးဖြတ်ထားတာလား"

"မောင် ဒါငါ့အလုပ်လေ ဒါငါ့အိမ်မက် မောင်စကားကြောင့်နဲ့တော့ ငါအပျက်မခံနိုင်ဖူး"

"ဟုတ်ပါပြီ မောင်အစ်ကို့ကို စောင့်နေပါမယ်"

အခုမောင်ကသူ့စကားကိုပြန်ချေပမယ်ထင်နေတာလေ သူ့ကိုအလျှော့ပေးလိုက်တယ်ဆိုတာ သူမယုံနိုင်သေး။ သူ့ထက်၈နှစ်ငယ်တဲ့မောင်ကသူ့အပေါ်ဘယ်လောက်တောင်ဂျစ်ခဲ့လဲ တစ်ခုခုဆို သူကအကြီးမို့အလျှော့ပေးခဲ့ရတာများခဲ့သည်။

"အွန်း "

"မောင့်ကို အခွင့်အရေးပေးဖို့လည်း မောင်မျှော်လင့်နေပါမယ် မောင်အစ်ကို့ကို အများကြီးချစ်တယ်နော်"

သူ့မျက်လုံးကိုစိုက်ကြည့်ပြီးသေချာလေးနက်စွာပြောနေတဲ့မောင့်စကားအဆုံးမှာသူ့ရင်ခုန်သံလေးကပ်ပါသွားခဲ့သည်။

Lovey-Dovey(Completed)Where stories live. Discover now