🕊️2🕊️

441 34 0
                                    


သိနေရက်နဲ့ကြားလိုက်ရတာက နည်းနည်းတော့အောင့်တက်တက်ဖြစ်သားလို့Baekhyunတွေးလိုက်မိသည်။

သူ့ကိုတည့်တည့်ကြည့်ပြီးဆိုလာတဲ့Chanyeolဟာ သိပ်ကိုလေးနက်နေ၏ သူ့စကားအပြောအဆိုတို့သည် အလိမ်ညာမဟုတ်ကြောင်းသူတပ်အပ်ပြောနိုင်သည်။

"အစ်ကိုတို့တစ်နှစ်အချိန်ယူကြရအောင် အဲ့တစ်နှစ်အတွင်းမှာ အစ်ကိုတို့စိတ်ထဲအချစ်မရှိတော့တာသေချာရင်ကွာရှင်းကြတာပေါ့"

"မောင်လည်းအဲ့လိုပဲတွေးထာတာ "

မောင်ဟာ ပြုံးနေခဲ့တယ် ဒီဆက်ဆံရေးကို ပြောင်းလဲချင်ခဲ့တဲ့လူကမောင်များဦးစွာဖြစ်နေမလားလို့ သူနာကျင်စွာတွေးလိုက်မိသည်။

"ကောင်းပြီ မောင်အလုပ်သွားတော့လေဒါဆို"

မောင် မနက်စာကိုစားပြီးအလုပ်သွားတဲ့အထိ သူဒီစားပွဲကနေမထနိုင်သေး သူတွေဝေနေမိတုန်း မောင်ကသူ့ကိုဘယ်ကတည်းက မချစ်တော့တာလဲဆိုတာကိုသူအကြိမ်ရေများစွာတွေးနေမိသည်။

ခံစားချက်ကိုရှေ့တန်းမတင်တတ်တဲ့Baekhyunဟာ အရာအားလုံးကိုကြိတ်ပြီးခံစားတတ်၏။

သူမှတ်မိနေတယ် မောင်နဲ့သူချစ်သူတွေစဖြစ်ကြတုန်းက ရင်ခုန်စရာအဖြစ်အပျက်လေးတွေကို

"မောင်ဒီတက္ကသိုလ်၀င်းကိုဘယ်နှစ်ပတ်ပတ်နေမာလဲ"

"အစ်ကို မောင့်ကိုမဖက်ခင်အထိပေါ့ အခုထိ မဖက်နိုင်သေးဖူးလား"

ဆိုင်ကယ်ရဲ့အနောက်မှာ မောင့်ခါးကိုမကိုင်ရဲသေးတာကြောင့်သူမောင့်လွယ်ထားတဲ့အိတ်ရဲ့ကြိုးလေးကိုပဲကျစ်ကျစ်ဆုပ်ကိုင်ထားခဲ့တာကိုမောင်ကသဘောမကျဖူးနဲ့တူပါတယ်..

မောင်ကသူ့ကိုပထမဆုံးရယ်တတ်အောင်သင်ပေးတဲ့လူဖြစ်ပြီးချစ်တတ်လာအောင်ပါသင်ပေးခဲ့လူလည်းဖြစ်ပါတယ် သူ့ဘ၀ရဲ့အချစ်ဦးလည်းဖြစ်ခဲ့ပါသေးတယ်။

အတိတ်ရဲ့အပိုင်းအစပျောက်သွားသည်အထိ သူထိုင်နေတဲ့နေရာကနေအခုထိ တုပ်တုပ်မလှုပ်သေးဘဲ ခေါင်းကိုကြမ်းပြင်မှာအောက်စိုက်ထားတုန်းပဲ ။

လက်တစ်ဖက်ချင်းစီတိုင်းကိုဘောင်းဘီရဲ့ဘယ်ဘက်နဲ့ညာဘက်ပေါ်မှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း သူငိုနေမိတယ်။ သူအခုမောင့်ကြောင့်နဲ့ငိုနေတယ်တဲ့လား သူမှာမောင်နဲ့ပက်သက်ပြီးမျက်ရည်တွေကျန်သေးတာသိရတာတော့ သူငိုနေရာကနေ ရယ်မိတယ်။

Lovey-Dovey(Completed)Donde viven las historias. Descúbrelo ahora