🕊️5🕊️

329 29 3
                                    


"ညီမလေးအစ်ကိုလွဲပေးလိုက်တဲ့ပိုက်ဆံရောက်လား"

"ရောက်တယ်ကိုကို ဒါနဲ့ကိုကိုမေမေ့ကိုလွဲပေးနေတာဘာလို့မသိစေချင်ရတာလဲ"

"ပြောလိုက်ရင် မေမေကလက်ခံမယ်လို့ညီမလေးထင်နေလား"

ကိုယ့်ထက်၅နှစ်ငယ်တဲ့ညီမလေးကသူ့ကိုနားလည်ပေးခဲ့ပေမဲ့မေမေကတော့ သူ့ကိုနားမလည်ပေးခဲ့သလိုသားအဖြစ်ကနေပါ စွန့်လွှတ်လိုက်တာကြောင့် သူမေမေကိုတစ်လတစ်ခါပိုက်ဆံလွဲပေးနေခဲ့တာ၄နှစ်တောင်ကျော်ခဲ့ပြီ မေမေကတော့ သူလွဲတယ်ဆိုတာမသိပေ။ ညီမလေးကမေမေနဲ့အတူသူ့မိသားစုလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနေပေမဲ့ သူကတော့ အိမ်ကိုတစ်ခါတောင်ပြန်ခွင့်မရှိတော့ပေ။

မောင့်ကိုကျွန်တော်ကရွေးချယ်ခဲ့တဲ့အထိ မောင့်နဲ့ပက်သက်ရင်မျက်စိကန်းနေတဲ့လူလိုပင် အိမ်ရဲ့သားအကြီးဖြစ်ပြီး အဖေမရှိတော့တဲ့နောက်ပိုင်း ကျွန်တော့်က်ိုအားကိုးနေတဲ့အမေနဲ့ညီမလေးကိုပစ်ထားခဲ့တဲ့အထိ သူမောင့်ကိုစွဲလမ်းခဲ့သည်။

"မေမေ့ကိုစောင့်ရှောက်နော်ညီမလေး ကိုရီးအစ်ကိုကောင်းမပီသခဲ့လို့တောင်းပန်ပါတယ်"

"ပြောပြန်ပြီဒီစကား ညီမလေးရဲ့ကိုကိုကလေ ကမ္ဘာပေါ်မှာအကောင်းဆုံးအစ်ကိုပါနော် ညီမလေးအတွက်ဘယ်လောက်အနစ်နာခံပေးလဲဆိုတာညီမလေးအသိဆုံးမို့ နောက်အဲ့လိုမပြောပါနဲ့"

"အွန်းပါ မပြောတော့ဖူးနော်"

သူ့ထက်အများကြီးရင့်ကျက်ပြီးအရွယ်ရောက်လာတဲ့သူ့ညီမလေးကိုသူအရမ်းဂုဏ်ယူမိတယ်။

ဖုန်းချသွားသည်နှင့် သူငိုချင်လာသည် ညီမလေးနဲ့မေမေ့ကိုသူသိပ်လွမ်းသည် သူကသားအကြီးမပီသခဲ့သလိုအစ်ကိုကောင်းလည်းမပီသခဲ့တာကြောင့်ပင်။မေ့မေ့ရင်ခွင်ကနေ ဇုန်ကန်ခဲ့တဲ့သူ့ကို မေမေသိပ်မုန်းနေမာဖြစ်သလို စိတ်ကောနာနေမလား။

"အစ်ကို အိမ်နဲ့ဖုန်းပြောနေတာလား"

မောင်ကသူ့အကြောင်းသိသူပီပီအနားရောက်လာပြီးမေးလိုက်တာဖြစ်လေ၏။

"အွန်း"

"အစ်ကိုငိုနေတာလား တောင်းပန်ပါတယ်"

Lovey-Dovey(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ