🕊️21🕊️

303 17 0
                                    


"မောင် ဒီမှာနေရတာအဆင်ပြေရဲ့လား"

မောင့်ပေါင်ပေါ်ခေါင်းအုံးရင်း သူမောင့်ကိုမေးနေခြင်းဖြစ်၏။

မောင်ကသူ့ဆံပင်လေးကိုသပ်တင်နေရင်း သူ့မေးခွန်းကို ပြုံးပြုံးလေးပြန်ဖြေသည်။

"မောင့်ဘေးမှာအစ်ကိုရှိနေသရွေ့ ဘယ်နေရာမှာနေရနေရအဆင်ပြေတယ်"

မောင့်အဖြေကိုသူသိပ်သဘောကျတာကြောင့်

"မောင့်ကိုချစ်တယ် အများကြီး"

"အဲ့အများကြီးက ဘယ်လောက်လောက်ရှိလဲ"

သေချာစဥ်းစားနေတဲ့အစ်ကိုက သူ့ထက်ကြီးတယ်ဆိုတာ သူဘယ်လိုများယုံရမလဲ ကလေးလေးတစ်ယောက်လိုနှုတ်ခမ်းလေးအနည်းငယ်ထော်ပြီး သူ့ကိုပြုစားနေတဲ့အစ်ကို့ကို သူငုံ့နမ်းလိုက်မိ၏။

"ဟာ မောင်ကွာ မပြောမဆိုနဲ့"

"ဘာလဲ အစ်ကို့ကမကြိုက်လို့လား"

"မဟုတ်ပါဖူး ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ"

မောင့်ကိုသူသိပ်ချစ်ပါတယ် အတိတ်ကဖြစ်ရပ်ကိုလည်း မောင်ရောသူရော တစ်ယောက်ကိုတစ်ယောက်ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။အတိတ်ကအတိတ်ပဲမို့ မောင်နဲ့သူဟာ အဲ့ကိစ္စကြောင့်နဲ့ထပ်ပြီးစကားများကြတော့မှာမဟုတ်ပေ။

______________

ဒီနယ်ကနေပြန်ဖို့ ၁ပတ်လောက်ပဲလိုပါတော့တယ် မောင့်မိဘတွေအိမ်ကိုသွားလည်လိုက် သူ့မေမေအိမ်သွားလည်လိုက်ကြနဲ့ သူတို့ရဲ့အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားကြပါတော့တယ်။

"မောင် ဘာလိုလိုနဲ့အစ်ကိုတို့ပြန်ရတော့မယ်နော်"

"အစ်ကိုက မပြန်ချင်သေးလို့လားဟင်"

"မဟုတ်ပါဖူး အချိန်တွေကုန်တာမြန်ကြောင်းပြောတာ"

"တကယ်လို့နေချင်သေးရင်လည်း ထပ်နေလို့ရတယ်နော် "

"မောင့်ရဲ့အလုပ်လည်းရှိသေးသလို အစ်ကိုလည်း အလုပ်ပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီ"

"ဟင်!!အလုပ်ပြန်လုပ်ဖို့ဆိုတာ ဟိုလူဆီလား"

"ဟုတယ် အစ်ကို့ကို ပြန်ကမ်းလှမ်းလာလို့ ပြီးတော့ တောင်းပန်တယ်လေ CEOကပြန်လာကြတဲ့အခါမောင့်ကိုရော သူတောင်းပန်ချင်ပါတယ်တဲ့လေ"

Lovey-Dovey(Completed)Where stories live. Discover now