Baekhyunရဲ့အဖြေကို Krisကသဘောကျစွာရယ်လိုက်ရင်း Baekhyunရဲ့လက်ပေါ်သူလက်နဲ့အုပ်မိုးလိုက်သည်။
"ချစ်ကြည့်ချင်တယ်ဆိုတာကို ကိုယ်နားမလည်ဖူး ချစ်တာလား မချစ်တာလား"
"အဲ့အဖြေကိုမဖြေခင် ကျွန်တော့်မှာ ပြောစရာရှိတယ် အဲ့ကိတ်စကိုCEOလက်ခံချင်မှလက်ခံလိမ့်မယ်"
"ဘာများလဲ"
"ကျွန်တော့်မှာ လက်ထပ်ထားတဲ့လူရှိတယ်"
CEOကလန့်သွားတယ်ထင်ပါတယ် ကိုင်ထားတဲ့လက်ပေါ်ကနေခွာလိုက်ရင်း အံ့သြနေ၏။
"ဒါမဲ့ ကျွန်တော်တို့နောက်တစ်နှစ်ဆို ကွာရှင်းကြတော့မှာပါ အဲ့ကိတ်စကြောင့်CEOကဖွင့်ပြောတာကိုရုပ်သိမ်းမယ်ဆိုလည်း ရပါတယ်..."
"ဘယ်သူသဘောနဲ့လဲ"
"ဗျာ"
စားပွဲပေါ်တင်ထားတဲ့သူ့လက်လေးကိုCEOကတဖန်ပြန်ဆုပ်ကိုင်ထားသည်။
"ကိုယ်မင်းကိုချစ်ခဲ့တာ ပေါ့ပေါ့ပျက်ပျက်နဲ့မဟုတ်ဖူးလေ လေးနက်လွန်းတယ် ဒီကိတ်စကြောင့်နဲ့ ကိုယ်ကမင်းကိုလက်လွတ်မခံနိုင်ဖူး "
"ကျွန်တော် တစ်ခါတလေ အချစ်သစ်ကိုစရမှာ ကြောက်နေမိတယ်ရေရှည်ရောကျွန်တော်ကိုချစ်နိုင်ကြမလား"
ရှုပ်ထွေးလွန်းနေတဲ့BaekhyunကိုKrisက လက်နှစ်ဖက်နဲ့Baekhyunပါးနှစ်ဖက်လေးပေါ်ကိုညင်သာစွာကိုင်လိုက်ရင်း...
"ဒီမှာကိုယ့်ကိုကြည့် ကိုယ်လို၃၀ကျော်နေတဲ့လူက မင်းကိုရေရှည်မချစ်ဖူးလို့ထင်နေတာလား ကိုယ်က တဘ၀လုံးကိုမင်းတစ်ယောက်တည်းနဲ့လျှောက်လှမ်းချင်တာ"
Krisရဲ့အပြောတွေအောက်မှာBaekhyunမျက်ရည်၀ိုင်းနေမိသည်
CEOကသူ့အပေါ်ကို သိပ်လေးနက်နေတာတွေ့တော့ သူပျော်နေမိတယ် ဒါကြောင့်လည်း သူဒီအချစ်သစ်ကိုစကြည့်ချင်တယ်။
_____________
အိမ်ပြန်ရောက်ရင်မှောင်မဲနေမယ်ထင်ခဲ့တာ မောင်ပြန်ရောက်နေတာကိုသိရတော့ သူစိတ်ထဲနည်းနည်းလေး၀မ်းသာသွားသည် အိမ်မှာလူမရှိနေရင် Baekhyunအထီးကျန်ပြီး၀မ်းနည်းတတ်လို့ပင်။
VOUS LISEZ
Lovey-Dovey(Completed)
Fanfiction"မောင်ရဲ့စိတ်ကိုအစ်ကိုနားမလည်နိုင်တော့ဖူး" (Baekhyun) "မောင်ဖောက်ပြန်နေတယ်လို့ပြောရအောင် အစ်ကိုလည်း ဖောက်ပြန်နေခဲ့တာပဲလေ" (Chanyeol) Zawgyi🇲🇲Unicode🇲🇲 Chanbaek👨❤️👨 အိမ်ထောင်ရေးဇာတ်လမ်းလေးကို စိတ်ကူးယဥ်ရေးထားသော၀တ္ထုတစ်ပုဒ်ဖြစ်သည်❣️