🕊️7🕊️

334 32 2
                                    


မောင်ဟာ သိပ်နားလည်ရခက်သလို သိပ်လည်းတစ်ကိုယ်ကောင်းဆန်တဲ့လူမျိုးတစ်ယောက်...

_____________________
မောင့်ရဲ့တကယ်မချစ်တော့တာလားဆိုတဲ့စကားကိုသူတွေဝေနေခဲ့တာကိုစဥ်းစားကြည့်တော့ သူကိုယ်သူမယုံနိုင်ဖြစ်နေတော့သည်။

မောင်ရဲ့မေးခွန်းကိုသူတန်းဖြေလို့ရပါရက်နဲ့ဘာကြောင့်တွန့်ဆုတ်နေခဲ့တာလဲ။

"Baekhyunဂုဏ်ယူတယ်ကွာ မင်းရဲ့ပွဲဦးထွက်လူလုံးထွက်ပြတော့မယ်ဆို"

Kaiရဲ့စကားကြောင့် သူသတိပြန်၀င်လာပြီး ချက်ချင်းဆိုသလိုသူတုန့်ပြန်လိုက်သည်။

"အေးကွာ ငါသိပ်ပျော်တာပဲ မောင်သာသိရင်..

ရုတ်တရက်သူပြောမဲ့စကားကိုရပ်လိုက်သည်။မောင်ကိုသူတွေးလိုက်မိတာလား
တစ်ခါကမောင်နဲ့သူအိမ်မက်တွေပြောကြတုန်းကမောင်ကသူ့အိမ်မက်ကိုအကောင်ထည်ဖော်နိုင်တဲ့အချိန်ကျ သူကရှေ့ဆုံးကနေ လက်မှတ်ရေးထိုးခိုင်းပြီး Baekhyunကိုချစ်သည်ဟု အများသိအောင်ကြောငြာပစ်မယ်လို့ ပြောတုန်းက သူနဲ့မောင် အကျယ်ကြီးထရယ်ခဲ့ကြတာကိုပင်။

"Baekhyunဘယ်လိုဖြစ်တာလဲ မင်းမောင်ကဘယ်လိုပါလာတာလဲ"

"Sorry ငါအကျင့်ပါနေလို့"

အကျင့်ပါတာထက် သူဟာမောင့်ရဲ့မျက်နှာလေးကိုမြင်ယောင်လာမိတာကြောင့်ပင်အဲ့တုန်းက မောင်ဟာမေးခွန်းနဲ့အတူမောင့်မျက်နှာလေးညိုးနေခဲ့တာကိုသူမြင်ယောင်မဆုံးဖြစ်နေတော့သည်။

KAIနဲ့သူစကားပြတ်သွားတဲ့အခါ ၀န်ထမ်းတစ်ယောက်က CEOခေါ်နေတယ်ပြောလို့ သူCEOရုံးခန်းကိုတံခါးခေါက်လိုက်သည် တစ်ပြိုင်တည်း၀င်ခဲ့လို့ဆိုတာကြောင့် သူ၀င်သွားလိုက်လေသည်။

"HYUNEE မနက်ဖြန်နော် FAMMEETINGက"

"အစက နောက်တစ်ပတ်မှာဆို"

"အချိန်ဇယားကိုရှေ့ရွေ့ပေးလိုက်တာ နောက်တစ်ပတ်လည်းတစ်ခြားနိုင်ငံမှာလည်းရှိတယ်"

သူအံ့သြပြီးရင်အံ့သြနေမိတော့သည် သူပထမဆုံးပွဲဦးထွက်မလုပ်ရသေးတာတောင်သူ့မှာတစ်ခြားနိုင်ငံတောင်သွားရတော့မည်တဲ့လေ။

Lovey-Dovey(Completed)Where stories live. Discover now