🕊️16🕊️

293 24 2
                                    


သူမရောက်တာကြာတဲ့အစ်ကိုအိမ်လေးကသူ့အတွက်စိတ်လှုပ်ရှားမှုများစွာနဲ့ ကြိုဆိုနေလေ၏။

သူကားပေါ်ကနေဆင်းလိုက်ပြီး သူ့အ၀တ်အစားတွေကိုသေချာသပ်သပ်ရပ်ရပ်ဖြစ်အောင်သူလုပ်လိုက်သည် ပြီးနောက် မဖြီးတာကြာသည့်သူ့ဆံပင်ကို ဂျယ်နဲ့ဖိလိမ်းလိုက်လေသည် ရှည်နေတဲ့သူ့မှုတ်ဆိတ်တွေကိုသူရိပ်ဖို့သတိမရခဲ့တာကြောင့် သူဒီတိုင်းသာထားလိုက်ရလေသည်။

စိတ်လှုပ်ရှားမှုများစွာနဲ့သူအိမ်တံခါးကိုခေါက်လိုက်တော့ လာဖွင့်တဲ့သူကကလေးလေးတစ်ယောက်ဖြစ်နေသည်။

"ဦးလေးကဘယ်သူလဲ"

"ဦးက ကလေးရဲ့ဖွားဖွားနဲ့တွေ့ချင်လို့ပါ"

"ဟုတ်ကဲ့ ၀င်ပါဗျ"

ဒီကလေးလေးက အစ်ကို့ညီမလေးရဲ့သားလေးပဲဖြစ်ရမည် ဘယ်လောက်တောင်လိမ်မာယဥ်ကျေးလိုက်သလဲ။

"အန်တီ"

အရှေ့ခန်းမှာ တီဗီကြည့်ရင်း ချည်ထိုးနေတဲ့အစ်ကိုရဲ့အမေဟာ ပြုံးနေရာကနေတည်သွားခဲ့သည်။

"ဘာကိစ္စလဲ"

"ကျွန်တော် အစ်ကို့ကိုတွေ့ချင်လို့ပါ"

သူတစ်ထစ်ချယုံကြည်ထားတာက အစ်ကိုဒီမှာရှိနေလိမ့်မယ်လို့လေ ဒါမဲ့ ဒီအိမ်ထဲမှာ အန်တီနဲ့ သူ့မြေးလေးနှစ်ယောက်ကလွဲသူ ဘယ်သူကိုမှမတွေ့ချေ သူစကားမှားသွားပြီဆိုတာသိလိုက်ပေမဲ့ နောက်ကျသွားခဲ့လေပြီ။

"ဘာ!! ဘယ်ကအစ်ကိုလဲ ဒီအိမ်မှာဘယ်သူမှမရှိဖူး"

"အန်တီ စိတ်အေးအေးထားပါ .......ဒါဆိုBaekhyun Hyungကဒီမှာမရှိဖူးပေါ့"

"ဘာလဲမဟုတ်မှလွဲ  Baekhyunကမင်းနဲ့အတူရှိမနေတော့ဖူးပေါ့ ဟက် နောက်ဆုံးတော့လည်း မင်းတို့နှစ်ယောက်ကြာကြာမပေါင်းကြရပါလား ​ငါ့သားအဖြစ်ကနေစွန့်လွှတ်ပြီး မင်းနောက်လိုက်သွားတဲ့အဲ့အကောင်က ဒီအိမ်ကိုပြန်လာရဲမယ်လို့မင်းဘာလို့ထင်နေရတာလဲ ထွက်သွား အခုချက်ချင်း ငါ့ခြံထဲကနေ!!!

အစ်ကိုမေမေသည် ဒီလောက်နှစ်တွေကြာနေတာတောင် အစ်ကိုနဲ့သူ့အပေါ်ကိုဒေါသတွေရှိနေတုန်းပါပဲလား။ အစ်ကိုသာသိရင် စိတ်မကောင်းနေမှာအမှန်ပင်။

Lovey-Dovey(Completed)Donde viven las historias. Descúbrelo ahora