🕊️9🕊️

324 33 3
                                    

အိမ်ပြန်လမ်းဟာသူ့အတွက်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတာကြောင့်ခြေလှမ်းတွေကနှေးကွေးနေလေတော့သည်။

မနေ့ကကိတ်စကြောင့်သူဒေါသထွက်နေပေမဲ့ သူအေးဆေးပြောမည်စိတ်ဆုံးဖြတ်ထားသည်။

အိမ်ရောက်တော့ အိတ်ဆောင်အိတ်ထဲ အ၀တ်တွေထည့်နေတဲ့အစ်ကို့ကိုသူမြင်လိုက်ရတာကြောင့် ချက်ချင်းအစ်ကို့နားသူပြေးသွားမိသည်။

"မဟုတ်မှလွဲ အစ်ကိုအိမ်ပေါ်ကနေဆင်းမလို့လား"

အစ်ကိုကပြုံးလိုက်တာကိုသူမြင်ဖြစ်အောင်မြင်လိုက်သေးသည်။

"နှစ်ရက်လောက်ပျောက်သွားတဲ့လူက တွေ့တွေ့ချင်းပြောတဲ့စကားကဒီစကားတဲ့လား"

"မောင် အလုပ်ရှုပ်နေခဲ့လို့ပါ ဒါနဲ့အစ်ကိုကဘယ်သွားမလို့လဲ"

"မနက်ဖြန်အလုပ်အတွက် ဘန်ကောက်သွားရမှာ"

အဲ့လူနဲ့ဆိုတာသူတပ်အပ်သိလိုက်ရတာကြောင့်သူအစ်ကိုလက်ကိုလှမ်းဆွဲလိုက်မိ၏။အစ်ကိုက သူ့ကိုကြောင်​အမ်းအမ်းလေးကြည့်နေတော့သည်။

"အဲ့လူနဲ့လား "

"အွန်း ရုံးက၀န်ထမ်းတစ်ချို့လည်းပါတယ် ပြီးတော့ဘာတွေပြာယာခတ်နေတာလဲ"

"အဲ့လူနဲ့တွဲနေတာကို ရပ်လို့မရဖူးလား"

ပြေလျော့သွားတဲ့မောင့်လက်ကလေး ပြီးနောက်မောင်ကခေါင်းကိုအောက်စိုက်ထားတာကြောင့်မောင့်မျက်နှာကိုသူအကဲခတ်၍မရပေ။

"ဘာလို့လဲ"

တွေဝေနေတဲ့မောင်ကတစ်ခုခုကိုစဥ်းစားနေတယ်နဲ့တူပါတယ်။

တွေ့လို့ရမလားဆိုတဲ့စကားကြောင့်သူအဲ့လူနဲ့မနေ့ကသွားတွေ့ဖြစ်တာကိုတွေးမိတော့သည်။

ချိန်းဆိုထားတဲ့နေရာကို ကြိုရောက်နှင့်နေတဲ့အဲ့လူကိုသူကြည့်မရပေ သူနဲ့မျက်နှာချင်းဆိုင်ခုံမှာ၀င်ထိုင်လိုက်ပြီးသူ့အားမျက်နှာတည်စွာစိုက်ကြည့်နေလိုက်၏။

"ကဲကိုယ်တို့ဆွေးနွေးကြမလား"

"ဘာကိုလဲ"

"ဘယ်တော့ကွာရှင်းပေးမယ်ဆိုတာကိုလေ"

အဲ့စကားကြောင့်လူကထောင်းခနဲဖြစ်သွားပေမဲ့သူစိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားလိုက်ပြီးလက်ကိုတော့ခပ်တင်းတင်းဆုပ်ထားမိသည်။

Lovey-Dovey(Completed)Where stories live. Discover now