🕊️18🕊️

290 19 0
                                    


ဖုန်းထဲကမက်ဆေ့ကိုကြည့်လ်ိုက်ရင်း Baekhyun မျက်ရည်၀ဲမိသည် မေမေဟာ သူ့ဆီလာနေပြီ သူ့ကိုညီမလေးရှေ့မှာ သားလို့ပြန်ခေါ်ခဲ့တယ်တဲ့လား သားဆိုတဲ့ခေါ်သံလေးကိုသူဒီနှစ်တွေထဲမှာ သိပ်လွမ်းနေခဲ့ရတာ မေမေဟာ သူ့အပေါ် ခွင့်လွှတ်နိုင်သွားပြီလား။

"မောင် ခဏလောက်ရှောင်ပေးပါလား အခန်းထဲ၀င်နေလိုက်နော်"

"ဘာလို့လဲ အစ်ကို "

"မေမေလာနေပြီတဲ့လေ အစ်ကိုမေမေနဲ့အရင်​စကားပြောလိုက်အုံးမယ်"

"တစ်ခုခုဆို မောင်ထွက်လာခဲ့မယ် မောင်ရှိတာမို့ အားမငယ်နဲ့နော်"

"Omm"

မေမေ့အိမ်နဲ့သူ့အိမ်ကမိနစ်၂၀လောက်သာစီးရတာမို့ မေမေတို့ရောက်လာခဲ့ပါပြီ မေမေ့ခြေလှမ်းတွေနဲ့အတူ သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကလည်းကပ်ပါလာနေ၏။

အခုထိမေမေ့မျက်နှာမှာပြုံးယောင်မသမ်းသေး သူ့ကိုအခုထိ စိတ်မပြေနိုင်သေးဖူးထင်ပါတယ်။

"Baekhyun မင်းchanyeolနဲ့ပြတ်သွားပြီလား"

မေမေဟာသူ့ကို Byunမျိုးရိုးနံမည်အစတောင်မခေါ်ခဲ့ပါလားနော် မေမေဟာသူ့ကိုမုန်းနေတုန်း။

"မပြတ်သေးပါဖူးမေမေ"

"ဟက် ငါလာခဲ့တာမှားပြီပဲ ဒါဆိုရင် ပြန်ကြရအောင်သမီး"

"မေမေ အခုထိကိုကို့ကိုခွင့်မလွှတ်သေးဖူးလား နှစ်တွေပဲကြာနေပြီ မေမေရယ် ခွင့်လွှတ်လိုက်ပါတော့"

"ညီမလေးရယ် ထားလိုက်ပါ မေမေကမှ ခွင့်မလွှတ်နိုင်တာ မေမေပြန်ပါ သားကတော့ မေမေ့ရဲ့ခွင့်လွှတ်မှုနဲ့မတန်ဖူးဆိုတာသိပေမဲ့ သားပျော်အောင်နေပါမယ် သားသူ့ကိုရွေးချယ်ခဲ့တာကို နောင်တမရဘဲ သားပျော်အောင်နေပါမယ်"

"အဆုံးထိကို မင်းကသူ့ကိုချစ်ပြနေတော့တာပဲ ကောင်းပြီ ဆက်ချစ်နေကြပါ ငါကစောင့်ကြည့်နေမာမို့ သူနဲ့ပြတ်တဲ့နေ့ကျရင်တော့ ငါမင်းကိုသားအဖြစ်ပြန်သတ်မှတ်ပေးမယ်"

"မေမေ ဒါသက်သက်ကိုကို့ကိုခြိမ်းခြောက်နေတာပဲ"

"ညီမလေး မေမေ့ကိုပြန်မအော်ရဖူးလေ ကိုကိုပဲလူဆိုးလုပ်မယ် ညီမလေးက ကိုကို့လိုမဖြစ်စေနဲ့"

Lovey-Dovey(Completed)Donde viven las historias. Descúbrelo ahora