"ဆရာ အခုထိBaekhyunဘယ်မှာရှိလဲဆိုတာ ကျွန်တော်တို့မရှာနိုင်သေးပါဖူး"စိတ်ပျက်လက်ပြတ်နဲ့Krisတစ်ယောက် ထိုင်နေရာကနေထလိုက်သည်။
"မတွေ့မချင်း မင်းတို့ငါ့ခြံထဲ၀င်မလာကြနဲ့!!!!"
၃လလုံးနီးပါးသူ့လူတွေနဲ့Baekhyunရှိမဲ့နေရာမှန်သမျှကိုစုံစမ်းပြီးလိုက်ရှာခဲ့ပေမဲ့အခုထိသူရှာလို့မတွေ့သေး သူဘာလို့သူ့ကိုမချစ်ပါဖူးဆိုတဲ့လူကိုရှာနေမိလဲသူစဥ်းစားလို့မရပေ။
ဒါမဲ့သူBaekhyunကိုအရင်လိုသူ့မျက်စိရှေ့နားမှာပဲရှိနေစေချင်တယ် သူBaekhyunရဲ့လှုပ်ရှားပုံအစအဆုံးက်ိုသူထိုင်ကြည့်ခဲ့ရတာကိုသူဘယ်လောက်တောင်သဘောကျခဲ့ရလဲ အခုတော့ သူလွမ်းနေမိတော့သည်။
သူသာခြိမ်းခြောက်လိုက်ရင် သူ့ဆီBaekhyunက လာခဲ့မယ်လို့တစ်ထစ်ချ သူယုံကြည်ထားခဲ့တာ အခုတော့ သူဟာဗီလိန်သာသာသာဖြစ်သွားခဲ့ရတယ်မဟုတ်လား။
___________________
"Chanyeol!!!
Kai အိမ်ပြန်လမ်းမှာ Chanyeolကိုအမှတ်မထင်တွေ့လိုက်တာကြောင့် လှမ်းခေါ်လိုက်ခြင်းပင်။
"Kai hyung ပါလား မတွေ့တာကြာပြီနော်"
"မင်းအဆင်ပြေရဲ့လား"
မှုတ်ဆိတ်မွေးတွေရှည်နေပြီးဆံပင်ဆုတ်ထောင်းနဲ့Chanyeolကိုသူကမှတ်မိနေပေမဲ့တစ်ခြားလူသာဆို သူဟာChanyeolလို့ဘယ်သူကမှသိနိုင်မည်မဟုတ်ပေ။
"ဒီလိုပါပဲ "
၀ဲတက်လာတဲ့မျက်ရည်စတွေကိုKAI HYUNGမမြင်အောင် သူပုတ်ခက်ပုတ်ခက်လုပ်လိုက်သည်။အဆင်ပြေရဲ့လားမေးခွန်းကသူ့ကိုဘယ်လောက်တောင်ပြိုလှဲစေလဲဆိုတာသူသာအသိဆုံးပါ သူ့နေရာမှာမိန်းကလေးတစ်ယောက်သာဆိုရင် ငိုပြီးနေနှင့်နေမယ်ဆိုတာအထင်သား။
"ငါတို့ကော်ဖီသောက်ကြမလား အေးဆေးစကားပြောရအောင်လေ"
"ဟုတ်"
ကော်ဖီဆိုင်ရောက်ကတည်းက Chanyeolကတိတ်နေတာကြောင့် သူကပဲစတင်မေးခွန်းထုတ်လိုက်မိသည်။
"Baekhyunကိုဘာလို့လိုက်မရှာခဲ့တာလဲ"
kai hyungပြောမှပဲ သူဘာလို့အစ်ကို့ကိုရှာဖို့ဆုံးမဖြတ်မိခဲ့တာလဲ သူတစ်ယောက်တည်းသာပြိုလှဲနေခဲ့မိတာ။
VOUS LISEZ
Lovey-Dovey(Completed)
Fanfiction"မောင်ရဲ့စိတ်ကိုအစ်ကိုနားမလည်နိုင်တော့ဖူး" (Baekhyun) "မောင်ဖောက်ပြန်နေတယ်လို့ပြောရအောင် အစ်ကိုလည်း ဖောက်ပြန်နေခဲ့တာပဲလေ" (Chanyeol) Zawgyi🇲🇲Unicode🇲🇲 Chanbaek👨❤️👨 အိမ်ထောင်ရေးဇာတ်လမ်းလေးကို စိတ်ကူးယဥ်ရေးထားသော၀တ္ထုတစ်ပုဒ်ဖြစ်သည်❣️